သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲအတွက် အမျိုးသမီးများဆုရှင်

အပြောင်းအလဲအတွက် အမျိုးသမီးများဆုရှင် အမျိုးသမီးသတင်းထောက် မစိုးစံထိုက် နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး
အပြောင်းအလဲအတွက် အမျိုးသမီးများဆုရှင် အမျိုးသမီးသတင်းထောက် မစိုးစံထိုက် နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး

သတင်းထောက်အလုပ်ဟာ အမျိုးသမီးတွေနဲ့ မသင့်တော်ဘူးဆိုတဲ့ ပတ်ဝန်းကျင်ရဲ့အမြင်တွေ၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ကြောင့် အမျိုးသမီး သတင်းထောက်တွေဟာ အမျိုးသားသတင်းထောက်တွေထက် ပိုပြီး အခက်အခဲတွေ ကြုံရတယ်လို့ ၂၀၁၉ ခုနှစ်အတွက် အမေရိကန်သံရုံးက ပေးအပ်တဲ့ အပြောင်းအလဲအတွက် အမျိုးသမီးများဆုရှင် သတင်းထောက် မစိုးစံထိုက်က ပြောပါတယ်။ မြန်မာ အမျိုးသမီး သတင်းထောက်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်း “အလှလေးသူဇာ” ဆိုတဲ့ နံမည်နဲ့ မှတ်တမ်းရုပ်ရှင်တခု ရိုက်ကူးတင်ပြခဲ့သလို၊ မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ စတင်ထူထောင်ရာမှာလည်း ဦးဆောင်ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း လူနည်းစုတွေ၊ ခွဲခြားဆံဆက်ခံရသူတွေ၊ မသန်စွမ်းသူတွေနဲ့ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကို ရေးသားခဲ့သလို၊ သူ့ရဲ့ ရေးသား တင်ပြမှုတွေကြောင့်ပဲ မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း ခွဲခြားဆက်ဆံခံနေရသူတွေ လူမှုအသိုင်းအဝိုင်းထဲ ပိုမိုဝင်ဆန့်လာစေတဲ့ မူဝါဒအပြောင်းအလဲတချို့ ဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်သူအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ သတင်းထောက်အလုပ်ဟာ လူမှုအကျိုးပြု အလုပ်တခုပါပဲလို့ ဆိုတဲ့ မစိုးစံထိုက်နဲ့ ဆက်သွယ် မေးမြန်းထားတာကိုတော့ ဒီသီတင်းပတ် အမျိုးသမီးအစီအစဉ်မှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

အပြောင်းအလဲအတွက် အမျိုးသမီးများဆုရှင်
please wait

No media source currently available

0:00 0:09:35 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG