သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားဖွံ့ဖြိုးမှုကာကွယ်ဖို့ G-20 ဘဏ္ဍာရေးဝန်ကြီးတွေ ကတိပြု


 G-20 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး
G-20 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး

G-20 ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ (၂၀) က ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဌတွေက ကမ္ဘာ့ စီးပွားရေးဖွံဖြိုးတိုးတက်မူအတွက် အကာအကွယ်ပေးဖို့ မူဝါဒပေါင်းစုံကျင့်သုံးသွားမယ်လို့ ကတိပြုလိုက်ကြပါတယ်။

ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G-20 အစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထုတ်ရာမှာ ခုလိုကတိပြုလိုက်ကြတာဖြစ်ပြီး၊ ကုန်သွယ်ရေးနဲ့ ပထဝီနိုင်ငံရေး တင်းမာမူတွေကြောင့်ဖြစ်လာတဲ့ အန္တရာယ်တွေက ပိုပြင်းထန်ကြီးမားလာနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒီ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတွေက ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲတွေက အားကောင်းပြီး ရေရှည်တည်တံ့ကာ မျှမျှတတနဲ့ အားလုံးအကျိုးခံစားရမယ့် ဖွံဖြိုးတိုးတက်မူကို ဆွတ်ခူးနိုင်ဖို့ မူဝါဒအလုံးစုံကို ကျင့်သုံးသွားမယ်လို့ ထပ်မံကတိပြုလိုက်ကြတာပါ။

ဒီကမ္ဘာ့ ဘဏ္ဍာရေးခေါင်းဆောင်တွေကပဲ ခုလိုအန္တာရာယ်တွေပြင်းထန်လာနေပေမဲ့၊ ကမ္ဘာ့ စီးပွားဖွံ့ဖြိုးတိုးတက်မူက တည်ငြိမ်လာတဲ့သဘောမှာ ရှိလာနေပြီး၊ ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ထဲမှာ တိုးတက်မူပြန်အားကောင်းလာဖို့မျှော်လင့်ထားတယ်လို့ ဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ လမ်းစမတွေ့သေးတဲ့ ခုလိုအချိန်မှာ ဒီ G 20 ဘဏ္ဍာရေး ခေါင်းဆောင်တွေ အခုစနေ၊တနင်္ဂနွေမှာ အခွန်ကိစ္စကနေ အကြွေးပြဿနာနဲ့ ကွန်ပြူတာနည်းပညာကိစ္စရပ်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘာ့ စီးပွားအင်းအားအကြီးဆုံး အမေရိကန်နဲ့ တရုတ်အကြား (၁၁) ကြိမ်မြောက်ဆွေးနွေးပြီး ကတည်းက ဆက်လက်ဆွေးနွေးဖို့ ရပ်တန့်နေပြီး၊ နှစ်နိုင်ငံလုံးက နောက်ထပ်တင်းကြပ်မှာတွေကို အပြန်အလှန်ခြိမ်းခြောက်နေချိန်မှာ တတိယ ကမ္ဘာ့စီးပွားအင်အားအကြီးဆုံး ဂျပန်အနေနဲ့ ဒီ ၁၉၉၉ က ထူထောင်ခဲ့တဲ့ G-20 အဖွဲ့ရဲ့ အစည်းအဝေးကို ပထမဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG