သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေမဲပေးခွင့် အမေရိကန်လွှတ်တော်မှာ အတည်ပြုခဲ့တာ နှစ် ၁၀၀ ပြည့်

2017 Women March
2017 Women March

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးခွင့်ကို ကွန်ဂရက်လွှတ်တော်မှာ အတည်ပြုခဲ့တာဟာ ဒီနှစ် ဇွန်လထဲမှာပဲ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ဆယ်စုနှစ်များစွာ ရုန်းကန် လှုပ်ရှားခဲ့ရပြီး ခုလို သမိုင်းဝင် ဒီအခွင့်အရေးတခုကို လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ချိန်မှာ လွှတ်တော်အတွင်း အမျိုးသမီးလွှတ်တော်အမတ်ဦးရေ ဟာလည်း ၁၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်သလို၊ အစိုးရကဏ္ဍ အသီးသီးက ခေါင်းဆောင်မှုကဏ္ဍတွေမှာလည်း အမျိုးသမီးတွေ ပါဝင်နေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေရောက်လာဖို့ အမေရိကန် အမျိုးသမီးတွေ အခွင့်အရေးတွေ အလွယ်တကူ ရခဲ့တာတော့ မဟုတ်ပါဘူး။ ဒီကနေ့အချိန်အထိ တချို့နေရာတွေမှာ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရဖို့၊ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ အမျိုးသမီးတွေ တိုက်ပွဲဝင်နေရဆဲလည်း ဖြစ်ပါတယ်။ အမေရိကန် အမျိုးသမီးတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုအကြောင်း တစေ့တစောင်းကိုတော့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ပေးပါမယ်။

အမေရိကန်အမျိုးသမီးတွေ မဲပေးခွင့် နှစ် ၁၀၀ ပြည့်
please wait

No media source currently available

0:00 0:10:41 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG