ဇွန် ၁၉၊ ၂၀၁၉။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တတ်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးအရေးယူခံရမှုတွေ တိုးမြင့်လာတာနဲ့အတူပဲ၊ စစ်မက်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း သူပုန်နဲ့ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ ဒေသခံတွေ ဖမ်းဆီးစစ်ဆေးခံနေရတာတွေ ပို တိုးလာနေပါတယ်။
နိုင်ငံရေးနဲ့ ယုံကြည်မှုကြောင့် ဖမ်းဆီးခံရသူတွေအတွက် တရားဥပဒေလမ်းကြောင်းအရ ဖြေရှင်းခွင့်တွေ လုံလုံလောက်လောက်ရှိပါရဲ့လား၊ သံသယနဲ့ဖမ်းဆီးခံရသူတွေရဲ့ နစ်နာမှုတွေအတွက် ဘယ်လိုကုစားပေးနိုင်မလဲ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ရှေ့နေကြီးဦးသိန်းသန်းဦးနဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ တွဲဖက်အတွင်းရေးမှုး ဦးဘိုကြည်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။