သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ကန်ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ဘီလီယံ ၇၅၀


၂၀၂၀ ခုနှစ်၊ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန် အထက်လွှတ်တော်က ၈၆ မဲ ၈ မဲနဲ့ ဒီကနေ့ မဲခွဲ အတည်ပြုခဲ့ပါတယ်။ အမျိုးသား ကာကွယ်ရေး ခွင့်ပြုချက် အက်ဥပဒေ (National Defense Authorization Act) အရ ကာကွယ်ရေး အသုံးစရိတ် ပမာဏ အမေရိကန် ဒေါ်လာ ဘီလီယံ ၇၅၀ ပေးအပ်ထားပါတယ်။ အောက်တိုဘာလမှာ စတင်မယ့် ဒီ အသုံးစရိတ် ပမာဏဟာ ပြီးခဲ့တဲ့ နှစ် က အသုံးစရိတ် ဒေါ်လာ ၇၁၆ သန်းထက် ပိုများခဲ့ပါတယ်။

Republican နဲ့ ဒီမိုကရက် အများစု နှစ်ဘက်စလုံးက သဘောတူညီခဲ့တဲ့ ဒီ ဥပဒေမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ဘဏ်စနစ်ကနေ ပယ်ထုတ်မယ့် အရေးယူ ဆောင်ရွက်ချက် လည်း ပါဝင်ပါတယ်။ ယခင် ၂၀၁၀ ခုနှစ်တုန်းကလည်း အမေရိကန် ကွန်ဂရက်စ်က အီရန်အပေါ် အခုလို ပိတ်ဆို့ အရေးယူ ဆောင်ရွက်မှုမျိုး လုပ်ခဲ့ဖူးပြီး ဒီလို အရေးယူလို့ အီရန်ဟာ စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းကို ရောက်လာတယ်လို့ ယူဆ ထားကြပါတယ်။

ပင်ဆယ်ဗေးနီးယား Republican အထက်လွှတ်တော် အမတ် Pat Toomey က ဆယ်စုနှစ် တော်တော်ကြာကြာ မြောက်ကိုရီးယားနဲ့ လုပ်တဲ့ စေ့စပ်ဆွေးနွေးပွဲတွေဟာ မြောက်ကိုရီးယားတွေရဲ့ ကစားကွက်တွေသာ ဖြစ်နေကြောင်း၊ မြောက်ကိုရီးယားတွေအနေနဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေကို ဖွံ့ဖြိုးတက်အောင်လုပ်ခဲ့ပြီး အမေရိကန်နိုင်ငံနဲ့ မဟာမိတ် နိုင်ငံတွေ အပေါ် ခြိမ်းခြောက်လာနေကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားကို အရေးယူတဲ့ ဒီ ဥပဒေကိုတော့ ၂၀၁၆ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပြီး သိပ်မကြာခင် အမေရိကန်မှာ သေဆုံးသွားခဲ့တဲ့ Otto Warmbier ရဲ့ နာမည် ပေးထားပါတယ်။

အမေရိကန် သမ္မတထရမ့်က ဒီ ရက်ပိုင်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဆီက ပုဂ္ဂိုလ်ရေး စာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ ပြောပေမဲ့ မြောက်ကိုရီးယား သတင်းဌာနကတော့ နျူကလီးယား ဆွေးနွေးပွဲတွေ ရပ်ကောင်း ရပ်သွားနိုင်ကြောင်း ခပ်မာမာ တုံ့ပြန် ခဲ့ပါတယ်။

၂၀၂၀ ကန်ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ဘီလီယံ ၇၅၀
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG