သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ရှေးဟောင်းရုပ်ထု လန်ဒန်မှာ လေလံတင်


လွန်ခဲ့တဲ့ နှစ် ၃၀၀၀ က ရှေးခေတ် အီဂျစ် လူငယ် ဘုရင်Tutankhamun ရဲ့ဦးခေါင်းပုံ သလင်း ကျောက်ဆစ် လက်ရာတစ်ခုကို အီဂျစ် အစိုးရ အပြင်း အထန် ကန့်ကွက်တဲ့ကြားက လန်ဒန်မြို့မှာ ဒေါ်လာ ၆ သန်းနဲ့ လေလံတင် ရောင်းချခဲ့ပါတယ်။

နှစ်အတော်ကြာအတွင်း ပြဿနာ အတက်ဆုံး ဒီ လေလံတင် ရောင်းချပွဲမှာ ၁၁ လက်မ အ ရွယ် အဲဒီ ကျောက်ဆစ်လက်ရာကို ဒေါ်လာ ၆ သန်း ပေးဝယ် ယူ သွားတာ ဘယ်သူ ဆိုတာကိုတော့ ဖော်ပြ မထားပါဘူး။

Pharaoh ဘုရင်လေးရဲ့ တည်ငြိမ် အေးချမ်းတဲ့ မျက်နှာပုံ ပန်းပု လက်ရာဟာ ၂၀၁၆ ခုနှစ် တုန်းက ပုဂ္ဂလိက စုဆောင်းသူတစ်ဦးက ပေါင်စတာလင် ၃ သန်းနဲ့ ရောင်းချခဲ့ဖူးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အီဂျစ် အစိုးရကတော့ လေလံကို ရုပ်သိမ်းပြီး သူတို့နိုင်ငံကို ပြန်ပေးဖို့ တောင်းဆိုနေခဲ့ကြတာပါ။

“ဒါဟာ အိမ်မှာ ထားရတဲ့ ပစ္စည်း မဟုတ်ပါဘူး ပြတိုက်မှာ ထားရမှာ၊ သမိုင်းဖြစ်တယ်။ ကျုပ်တို့နိုင်ငံရဲ့ အထင်ရှားဆုံး ဘုရင်တစ်ပါး ဖြစ်တယ်” လို့ လန်ဒန်မှာ ဆန္ဒပြနေတဲ့ အထဲက အီဂျစ် အမျိုးသားတစ်ဦးက ပြောပါတယ်။

အီဂျစ် ရှေးဟောင်း ပစ္စည်းဝန်ကြီး Zahi Hawass ကတော့ ဒီ ရုပ်တုဟာ ၁၉၇၀ ပြည့်လွန်မှာ Luxor မြို့ မြောက်ဖက် Kainak ဘုရားကျောင်းက ခိုးယူသွားခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောကြောင်း AFP သတင်း တစ်ပုဒ်က ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG