သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် ငလျှင်ပြတ်ရွေ့သစ် တခုတွေ့ရှိ

ထိုင်း-မြန်မာနယ်စပ် ငလျှင်ပြတ်ရွေ့သစ် (ဓာတ်ပုံ-Wiki Commons)
ထိုင်း-မြန်မာနယ်စပ် ငလျှင်ပြတ်ရွေ့သစ် (ဓာတ်ပုံ-Wiki Commons)

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Wiang Haeng ဒေသဟာ နောင်လာမယ့် နှစ်(၅၀)အတွင်း ပြင်းအား (၆.၇)ရှိ ငလျှင်တခုလှုပ်ခတ်မယ့် ဗဟိုချက်မ ဖြစ်လာနိုင်တယ်လို့ ထိုင်း-မြန်မာနယ်စပ်နားမှာ ရှင်သန်လှုပ်ရှားနေတဲ့ မြေအောက် ပြတ်ရွေ့ကြောကြီးတခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိ ခဲ့ပြီးနောက် ခုလို ထုတ်ဖေါ်ပြောဆို လိုက်တာဖြစ်ပါတယ်။

Wiang Haeng ဒေသမှာ ပြတ်ရွေ့ကြောသစ်တခု တွေ့ရှိထားကြောင်း ထိုင်းနိုင်ငံ တွင်းထွက်သယံဇာတ တူးဖေါ်ရေးဌာနက ကြေညာခဲ့ ပါတယ်။ ပြတ်ရွေ့ကြောကို Wiang Haeng လို့အမည်ပေးထားပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ ၁၆ ခုမြောက်ရှာတွေ့တဲ့ ပြတ်ရွေ့ကြောလည်း ဖြစ်ပါတယ်။

Wiang Haeng ပြတ်ရွေ့ကြောကြောင့် လွန်ခဲ့တဲ့ နှစ်(၂၀၀၀)ကာလတုန်းက ပြင်းအား(၆.၇)ရှိတဲ့ ငလျှင်ကြီးတခု လှုပ်ခဲ့တယ်ဆိုတာကို တာဝန်ရှိသူတွေ မနှစ်က လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီပြတ်ရွေ့ကြောရဲ့အရှည်ဟာ ကီလိုမီတာ(၁၀၀)ဝန်ကျင်ရှိပြီး ချင်းမိုင်ခရိုင် Samoeng ဒေသကို ဖြတ်သွားကြောင်း တွင်းထွက်သယံဇာတဌာနရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ Suwith Kosuwan ကပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရှင်သန်လှုပ်ရှားနေဆဲ နောက်ထပ် ပြတ်ရွေ့ကြောတွေ ရှိနေသေးတယ်လို့ အဲဒီဌာန တာဝန်ရှိသူတွေက ပြောပြီး၊ ဆက်လက် ရှာဖွေနေဆဲပဲလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အခုလို ပြတ်ရွေ့ကြော တွေ့ထားတာနဲ့ပတ်သက်လို့ မကြာခင်ကာလမှာ ပြင်းအား(၇) လောက်ရှိတဲ့ ငလျှင်ကြီးလှုပ်မှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်ပူပန် နေကြပါတယ်။ ငလျှင်နဲ့ပတ်သက်လို့ နောက်ထပ် စိုးရိမ်မှုနဲ့ စောင့်ကြည့် နေရတာကတော့ Sri Sawat နဲ့ နယ်စပ် ဘုရားသုံးဆူ ပြတ်ရွေ့ကြောတွေပဲ ဖြစ်ပြီး အဲဒီဒေသမှာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရေကာတာရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် ငလျင်ပြတ်ရွေ့သစ် တခုတွေ့ရှိ
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG