သြဂုတ်လ ၂၀၊ ၂၀၁၉။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးနဲ့အတူ အခုရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်လာတဲ့ စစ်ရေးပဋိပက္ခတွေဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ဖြစ်လာပါပြီ။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းတွေ တုန့်ဆိုင်းနေသလို၊ အနောက်ဖက်မှာလည်း AA ရခိုင်အဖွဲ့နဲ့ တိုက်ပွဲတွေကြောင့်လည်း ဒေသမငြိမ်သက်မှုတွေရှိနေပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်နေချိန်မှာပဲ ခုလို စစ်ရေးပဋိပက္ခတွေ ပိုပြီးတင်းမာလာတာဘာကြောင့်ပါလဲ။ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ရခိုင်အမျိုးသားကောင်စီရဲ့ အထွေထွေအတွင်းရေးမှုး ဦးထွန်းဇော်နဲ့ ရှမ်းပြည်က မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။