သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အရေး ကန်လွှတ်တော်ဥပဒေကြမ်း တရုတ်အစိုးရမီဒီယာသတိပေး


ဟောင်ကောင်မှာ ဆန္ဒပြနေသူများ
ဟောင်ကောင်မှာ ဆန္ဒပြနေသူများ

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်စေရေး အားပေးပံ့ပိုးမယ့် ပါတီ နှစ်ရပ်စလုံးထောက်ခံတဲ့ ဥပဒေ မူကြမ်းတရပ် အတည်ပြုရေး အမေရိကန်ကွန်ဂရက်က ရှေ့ဆက်လုပ်မယ်ဆိုရင် ဒါဟာ ဟောင်ကောင်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်လိမ့်မယ်လို့ တရုတ်အစိုးရပိုင် သတင်းစာမှာ ဒီကနေ့ ရေးထားပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေဖြစ်နေတာ အဆုံးသတ်သွားတဲ့အထိ စိတ်ရှည်ရှည်နဲ့စောင့်ကြည့်နေတဲ့ မဟာဗျူဟာ ထိထိရောက် ရောက် အလုပ်မဖြစ်ဘူးဆိုတာ သိပြီးတဲ့နောက် ဟောင်ကောင်နိုင်ငံရေး အကျပ်အတည်းအပေါ် ကမ္ဘာရဲ့သဘောထားအမြင် ပြောင်းလဲစေအောင် တရုတ်အစိုးရက အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်လာတာ သုံးလ နီးပါးရှိပြီဖြစ်ပြီး လျော့ပါးပြီးဆုံးသွားမယ်လို့ အရိပ်လက္ခဏာလည်း မတွေ့ရသေးပါဘူး။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ပိုတိုးလာချိန်မှာပဲ တနင်္ဂနွေနေ့က ဟောင်ကောင် Central Metro ရထားဘူတာရုံ ဝင်ပေါက်ကို မီးရှို့ခဲ့ကြပါသေးတယ်။

“ဟောင်ကောင်ရဲ့ မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုအဆင့်ကို သတ်မှတ်ဖို့ ဝါရှင်တန်မှာ အခွင့်မရှိ” လို့ဆိုရမယ့် ခေါင်းစဉ်နဲ့ အယ်ဒီတာ့အာဘော်တပုဒ်ကို Global Times သတင်းစာမှာ ရေးထားတာပါ။

ဥပဒေမူကြမ်းကို အတည်ပြုတာဟာ ဟောင်ကောင် ရေးရာတွေမှာ နက်ရှိုင်းတဲ့ ဝင်ရောက်စွက်ဖက်မှုတခု ဖြစ်လာစေပေမယ့် ဟောင်ကောင်ရေးရာတွေမှာ တရုတ်အစိုးရရဲ့ ဆုံးဖြတ် ချက်အပေါ် လွှမ်းမိုးဖို့ အသာစီးရတဲ့အချက်တခုတော့ ဖြစ်လာမှာမဟုတ်ဘူးလို့ အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG