သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားလူျဖဴႀကီးစိုးေရး၀ါဒီေတြ စုေ၀းေနတဲ့ ယူကရိန္း 


ယူကရိန္းႏိုင္ငံထဲ လူျဖဴႀကီးစိုးေရး၀ါဒီ အေတာ္မ်ားမ်ားပါ၀င္တဲ့ ႏိုင္ငံျခားသားတိုက္ခိုက္ေရးသမားေတြ စုေ၀း ၀င္ေရာက္ေနတာနဲ႔ပတ္သက္လို႔ အေနာက္ႏို္င္ငံ ေထာက္လွမ္းေရးအဖဲြ႕အစည္းေတြအၾကား သတိထားစရာျဖစ္လာေနပါတယ္။

အခုလို လယ္ယာအစြန္းေရာက္ေတြနဲ႔ လူျဖဴႀကီးစိုးေရး၀ါဒီေတြ ယူကရိန္းကို သြားေနၾကတာဟာ၊ ဆီးရီယားပဋိပကၡအေစာပိုင္းကလာေတြက ႏို္င္ငံျခား တိုက္ခိုက္ေရးသမားေတြ ဆီးရီယားကို အစုလိုက္သြားေနၾကတာေတြ ျပန္အမွတ္ရစရာျဖစ္ေနပါတယ္။

အစြန္းေရာက္မႈေတြကို ေစာင့္ၾကည့္ေနတဲ့ နယူးေယာက္အေျခစိုက္ The Soufan Center က ထုတ္ျပန္တဲ့ သုေတသနအစီရင္ခံစာ တခုအရဆိုရင္ေတာ့၊ အေမရိကန္ျပည္ေထာင္စုအပါအ၀င္ ႏိုင္ငံေပါင္း ၅၀ က လူ တေသာင္းခုႏွစ္ေထာင္ေက်ာ္ဟာ ယူကရိန္းမွာရိွတဲ့ ရုရွားလိုလားတဲ့ ျပည္သူ႕ စစ္တပ္ဖဲြ႔ေတြဆီကိုေရာ၊ ယူကရိန္းဖက္က တပ္ေတြဆီကိုပါ စစ္မႈထမ္းဖို႔ မၾကာခင္ ႏွစ္ပိုင္းေတြအတြင္းက သြားေရာက္ခဲ့ၾကတယ္လို႔ ေဖာ္ျပပါတယ္။

ရုရွားႏို္င္ငံက သြားေရာက္သူ အမ်ားစုျဖစ္ၿပီး၊ လူ တေသာင္း ငါးေထာင္ေလာက္ရိွမယ္ ခန္႔မွန္းပါတယ္။ အမ်ားစုက ဥေရာပ တလႊားက ၀င္ေရာက္တဲ့ လူျဖဴအစြန္းေရာက္ေတြျဖစ္ပါတယ္။

ဘဲလားရုစ္ ဂ်ာမဏီ ေဂ်ာ္ဂ်ီယာ ဆာဗီးယားနဲ႔ အျခားဥေရာပ တိုင္းျပည္ေတြဖက္က ရာဂဏန္းနဲ႔ခ်ီတဲ့ တိုက္ခိုက္ေရးသမားေတြ ယူကရိန္းကို ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ၀င္ေရာက္သြားခဲ့ၾကပါတယ္။ ဒါေၾကာင့္ လူျဖဴႀကီးစိုးေရး ၀ါဒီေတြဟာ ႏိုင္ငံေပါင္းစံုရင္ဆိုင္ရမယ့္ စိန္ေခၚခ်က္တရပ္လို ျဖစ္လာၿပီလို႔ အစီရင္ခံစာက ေရးပါတယ္။

ယူကရိန္းႏိုင္ငံတြင္း ပဋိပကၡမွာ ယူကရိန္းလိုလားတဲ့တပ္ေတြနဲ႔ ရုရွားလိုလားတဲ့ တပ္ေတြဆီကို သြားတဲ့ ႏို္င္ငံျခားတိုက္ခိုက္ေရးသမားေတြထဲ အေမရိကန္ ႏိုင္ငံသား ၃၀ ေက်ာ္လည္း ပါ၀င္တာမို႔၊ အေမရိကန္တာ၀န္ရိွသူေတြအၾကားမွာလည္း ဒီျပႆနာဟာ သတိထားေစာင့္ၾကည့္ စရာျဖစ္ေနပါတယ္။ ၂၀၁၇ ခုႏွစ္ ဗာဂ်ီနီယားျပည္နယ္ Charlotteville ျဖစ္ပြားခဲ့တဲ့ ပဋိပကၡ ေသြးထိုးေပးခဲ့တယ္ဆိုၿပီး ဖမ္းဆီးခံရသူ ဦးေဆာင္ေနတဲ့ ကယ္လီဖိုးနီအေျခစိုက္ the Rise Above Movement လူျဖဴႀကီးစိုးရးအုပ္စုနဲ႔ နာဇီလက္သစ္ Russian Imperial Movement အၾကား ဆက္ႏြယ္မႈရိွတယ္ဆိုတာကို အေမရိကန္တာ၀န္ရိွသူေတြနဲ႔ သုေတသီေတြက ေတြ႔ရိွထားပါတယ္။

အခုလို ႏို္င္ငံျခားသားတိုက္ခိုက္ေရးသမားေတြ စုေ၀း ၀င္ေရာက္တဲ့ျဖစ္စဥ္ေတြကို လန္ဒန္အေျခစိုက္ ႏို္င္ငံတကာ ေလ့လာေရး သုေတသနအဖဲြ႔က ျပဳစုရာမွာေတာ့ ၁၉၈၀ ကာလေတြမွာ အာဖဂနစၥတန္ကို ႏိုင္ငံျခားသားတိုက္ခိုက္ေရးသမား စုစုေပါင္း ႏွစ္ေသာင္းေက်ာ္၀င္ေရာက္ခဲ့ၿပီး၊ အခုေနာက္ဆံုးျဖစ္တဲ့ ဆီးရီယားပဋိပကၡမွာေတာ့ ႏိုင္ငံေပါင္း ၅၀ က ႏိုင္ငံျခားတိုက္ခိုက္ေရးသမား ႏွစ္ေသာင္းတေထာင္ ၀င္ေရာက္ခဲ့တာကို မွတ္တမ္းလုပ္ထားပါတယ္။

..................

{Unicode}

နိုင်ငံခြားလူဖြူကြီးစိုးရေးဝါဒီတွေ စုဝေးနေတဲ့ ယူကရိန်း

ယူကရိန်းနိုင်ငံထဲ လူဖြူကြီးစိုးရေးဝါဒီ အတော်များများပါဝင်တဲ့ နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ စုဝေး ဝင်ရောက်နေတာနဲ့ပတ်သက်လို့ အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့အစည်းတွေအကြား သတိထားစရာဖြစ်လာနေပါတယ်။

အခုလို လယ်ယာအစွန်းရောက်တွေနဲ့ လူဖြူကြီးစိုးရေးဝါဒီတွေ ယူကရိန်းကို သွားနေကြတာဟာ၊ ဆီးရီယားပဋိပက္ခအစောပိုင်းကလာတွေက နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေ ဆီးရီယားကို အစုလိုက်သွားနေကြတာတွေ ပြန်အမှတ်ရစရာဖြစ်နေပါတယ်။

အစွန်းရောက်မှုတွေကို စောင့်ကြည့်နေတဲ့ နယူးယောက်အခြေစိုက် The Soufan Center က ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာ တခုအရဆိုရင်တော့၊ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၅၀ က လူ တသောင်းခုနှစ်ထောင်ကျော်ဟာ ယူကရိန်းမှာရှိတဲ့ ရုရှားလိုလားတဲ့ ပြည်သူ့ စစ်တပ်ဖွဲ့တွေဆီကိုရော၊ ယူကရိန်းဖက်က တပ်တွေဆီကိုပါ စစ်မှုထမ်းဖို့ မကြာခင် နှစ်ပိုင်းတွေအတွင်းက သွားရောက်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ရုရှားနိုင်ငံက သွားရောက်သူ အများစုဖြစ်ပြီး၊ လူ တသောင်း ငါးထောင်လောက်ရှိမယ် ခန့်မှန်းပါတယ်။ အများစုက ဥရောပ တလွှားက ဝင်ရောက်တဲ့ လူဖြူအစွန်းရောက်တွေဖြစ်ပါတယ်။

ဘဲလားရုစ် ဂျာမဏီ ဂျော်ဂျီယာ ဆာဗီးယားနဲ့ အခြားဥရောပ တိုင်းပြည်တွေဖက်က ရာဂဏန်းနဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေ ယူကရိန်းကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ဝင်ရောက်သွားခဲ့ကြပါတယ်။ ဒါကြောင့် လူဖြူကြီးစိုးရေး ဝါဒီတွေဟာ နိုင်ငံပေါင်းစုံရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တရပ်လို ဖြစ်လာပြီလို့ အစီရင်ခံစာက ရေးပါတယ်။

ယူကရိန်းနိုင်ငံတွင်း ပဋိပက္ခမှာ ယူကရိန်းလိုလားတဲ့တပ်တွေနဲ့ ရုရှားလိုလားတဲ့ တပ်တွေဆီကို သွားတဲ့ နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေထဲ အမေရိကန် နိုင်ငံသား ၃၀ ကျော်လည်း ပါဝင်တာမို့၊ အမေရိကန်တာဝန်ရှိသူတွေအကြားမှာလည်း ဒီပြဿနာဟာ သတိထားစောင့်ကြည့် စရာဖြစ်နေပါတယ်။ ၂၀၁၇ ခုနှစ် ဗာဂျီနီယားပြည်နယ် Charlotteville ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ သွေးထိုးပေးခဲ့တယ်ဆိုပြီး ဖမ်းဆီးခံရသူ ဦးဆောင်နေတဲ့ ကယ်လီဖိုးနီအခြေစိုက် the Rise Above Movement လူဖြူကြီးစိုးရးအုပ်စုနဲ့ နာဇီလက်သစ် Russian Imperial Movement အကြား ဆက်နွယ်မှုရှိတယ်ဆိုတာကို အမေရိကန်တာဝန်ရှိသူတွေနဲ့ သုတေသီတွေက တွေ့ရှိထားပါတယ်။

အခုလို နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ စုဝေး ဝင်ရောက်တဲ့ဖြစ်စဉ်တွေကို လန်ဒန်အခြေစိုက် နိုင်ငံတကာ လေ့လာရေး သုတေသနအဖွဲ့က ပြုစုရာမှာတော့ ၁၉၈၀ ကာလတွေမှာ အာဖဂနစ္စတန်ကို နိုင်ငံခြားသားတိုက်ခိုက်ရေးသမား စုစုပေါင်း နှစ်သောင်းကျော်ဝင်ရောက်ခဲ့ပြီး၊ အခုနောက်ဆုံးဖြစ်တဲ့ ဆီးရီယားပဋိပက္ခမှာတော့ နိုင်ငံပေါင်း ၅၀ က နိုင်ငံခြားတိုက်ခိုက်ရေးသမား နှစ်သောင်းတထောင် ဝင်ရောက်ခဲ့တာကို မှတ်တမ်းလုပ်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG