မြန်မာပြည်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး သူတို့ရဲ့ တန်ဖိုးထားမှု၊ ယုံကြည်မှု ဓလေ့ထုံးစံစတာတွေကို အပြန်အလှန် အလေးထား အသိအမှတ်ပြုဖို့ဟာ ဘာကြောင့် အရေးကြီးပါလဲ။ အထူးသဖြင့်တော့ စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ပေါ်ပေါက်လာအောင် လက်ရှိအစိုးရအနေနဲ့ ဆောင်ရွက်နေချိန်မှာ နိုင်ငံရေးကိစ္စရပ်တွေမှာသာမဟုတ်ဘဲ လူမှုအသိုင်းဝိုင်းအတွင်းက အခြေခံကျတဲ့ အပြန်အလှန်လေးစားဖို့ ဘာကြောင့် လိုအပ်လည်းဆိုတာကိုSynergyလူမှုသဟဇာတ ဖေါ်ဆောင်ရေးအဖွဲ့ကကိုသက်ဆွေဝင်း၊ မြန်မာယဉ်ကျေးမှု သုတေသနအသင်း ဦးဆောင်ညွှန်ကြားရေးမှူး ကိုရဲဟိန်းအောင်တို့နဲ့ ကိုအောင်အောင်က ဆွေးနွေးတင်ပြထားပါတယ်။