သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရးအျမင္ ေျပာင္းလဲသြားလား(တိုက္႐ိုက္ေလလိႈင္း)


Myanmar Delegation in UNGA 2019

ေအာက္တိုဘာလ ၈ ရက္၊ ၂၀၁၉။ ျမန္မာႏို္င္ငံဟာ စစ္အစိုးရလက္ထက္တေလွ်ာက္လံုးမွာ လူ႔အခြင့္အေရးအေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ ကုလသမဂၢနဲ႕ ႏိုင္ငံတကာမ်က္ႏွာစာေတြမွာ ဆိုးဆို၀ါး၀ါး ေျပာဆိုခံခဲ့ရဖူးပါတယ္။ ေရြးေကာက္ပဲြနဲ႔ တက္လာတဲ့ အခု NLD အရပ္သားအစိုးရလက္ထက္မွာ လူ႔အခြင့္အေရးကိစၥဟာ တေက်ာ့ျပန္ လူေျပာမ်ားစရာျဖစ္လာတာမို႔၊ အခု က်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံ တတိယေကာ္မတီမွာ မၾကာခင္ ေဆြးေႏြးဆံုးျဖတ္ခ်က္ေတြ ခ်စရာ ရိွေနပါတယ္။ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ တခ်ိန္လံုးေျပာဆိုလာခဲ့ၾကသူေတြ အခု အစိုးရအာဏာယူလာခ်ိန္မွာ၊ လူ႔အခြင့္အေရးအေပၚ အျမင္ေျပာင္းသြားလို႔လား၊ ဒါမွမဟုတ္ အရပ္သားအစိုးရရဲ႕ လုပ္ပို္င္ခြင့္ပဲ နည္းေနလို႔လား။ အဂၤါေန႔ည တိုက္႐ိုက္ေလလိႈင္းအစီအစဥ္မွာ ေဆြးေႏြးထားပါတယ္။

Equality Myanmar ညီမွ်ျခင္း-ျမန္မာအဖဲြ႕ရဲ႕ အမႈေဆာင္ၫႊန္ၾကားေရးမႈး ဦးေအာင္မ်ိဳးမင္းနဲ႔၊ Action Committee for Democracy and Development အဖဲြ႕က လူငယ္တတ္ႂကြလႈပ္ရွားသူ မသင္ဇာရႊန္းလဲ့ရည္တို႔ ပင္တိုင္ေဆြးေႏြးထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

မြန်မာနိုင်ငံဟာ စစ်အစိုးရလက်ထက်တလျှောက်လုံးမှာ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ ဆိုးဆိုဝါးဝါး ပြောဆိုခံခဲ့ရဖူးပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အခု NLD အရပ်သားအစိုးရလက်ထက်မှာ လူ့အခွင့်အရေးကိစ္စဟာ တကျော့ပြန် လူပြောများစရာဖြစ်လာတာမို့၊ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ မကြာခင် ဆွေးနွေးဆုံးဖြတ်ချက်တွေ ချစရာ ရှိနေပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တချိန်လုံးပြောဆိုလာခဲ့ကြသူတွေ အခု အစိုးရအာဏာယူလာချိန်မှာ၊ လူ့အခွင့်အရေးအပေါ် အမြင်ပြောင်းသွားလို့လား၊ ဒါမှမဟုတ် အရပ်သားအစိုးရရဲ့ လုပ်ပိုင်ခွင့်ပဲ နည်းနေလို့လား။ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

Equality Myanmar ညီမျှခြင်း-မြန်မာအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းနဲ့၊ Action Committee for Democracy and Development အဖွဲ့က လူငယ်တတ်ကြွလှုပ်ရှားသူ မသင်ဇာရွှန်းလဲ့ရည်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

XS
SM
MD
LG