(Unicode)
မြန်မာလွှတ်တော်တွေ အစိုးရကိုထိန်းကျောင်းနိုင်သလား
(တိုက်ရိုက်လေလှိုင်း)
ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ နိုင်ငံတွေမှာ အစိုးရအုပ်ချုပ်ရေးပိုင်းကို အဓိက ထိန်းကျောင်းပေးရတာ လူထုက တိုက်ရိုက်တင်မြှောက်ရွေးချယ်ခံရတဲ့ လွှတ်တော်ဖြစ်ပါတယ်။ ဒီမိုကရေစီ စံနစ်ကို ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်တွေ ဘယ်လောက် အားကောင်းကြံခိုင်နေပါပြီလဲ၊ အစိုးရအုပ်ချုပ်ရေးပိုင်းကို ထိန်းကျောင်းမောင်းနှင်နိုင်တဲ့ အခြေအနေ ရှိပါသလား။ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ Open Myanmar Initiatives ပွင့်လင်းမြန်မာရှေ့ဆောင်ရဲ့ အမှုဆောင်ညွန်ကြားရေးမှုး ဦးအေးကျော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။