(zawgyi/Unicode)
စ်ခုံရုံးနဲ့ တရားမျှတမှု
(တိုက်ရိုက်လေလှိုင်း)
(zawgyi/Unicode)
၂၀၁၇ ခုနှစ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်း တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ စစ်သည်ကျင့်ဝတ်တွေကိုချိုးဖောက်ပြီး လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေနဲ့ပတ်သက်လို့ စစ်တရားရုံးကနေ လက်ရှိ ဂူးတာပြင်ကိစ္စ စီရင်နေသလို၊ မကြာခင်မှာလည်း နောက်ထပ် စစ်ဆေး စီရင်မှုတွေ ရှိလာနိုင်တယ်လို့ မြန်မာအစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ICJ နိုင်ငံတကာတရားရုံးမှာ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် တပ်မတော်ရဲ့ ဒီ စစ်တရားရုံးတွေနဲ့ပတ်သက်လာရင် တရားမျှတမှုအတွက် ဘယ်လောက်အထိ ယုံကြည်အားကိုး အားထားနိုင်ပါသလဲ။ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းမှာဆွေးနွေးထားပါတယ်။
လူ့အခွင့်အရေးရှေ့နေကြီး ဦးသိန်းသန်းဦးနဲ့ ABSDF ဥက္ကဌဟောင်း မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာနိုင်အောင်တို့ ပင်တိုင်ဆွေးနွေးထားပါတယ်။