သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံလ်င္သဘာဝတရားရိပ္သာ သီလရွင္ဆရာေလးေတြရဲ႕ စီမံကြပ္ကဲေရးဒါန


ဆရာေလး အမရာ (ဓါတ္ပံု- Sayarlay Amara's Facebook)

Zawgyi/ Unicode

တိုက္႐ိုက္ လင့္ခ္

အမ်ဳိးသမီးက႑

သံလ်င္သဘာဝတရားရိပ္သာလို႔ ဆိုလိုက္ရင္ တရားဓမၼ အားထုတ္တဲ့ေနရာအျပင္ ခုိကိုးရာမဲ့ေနတဲ့ ဘိုးဘြားေတြ၊ စိတ္ပိုင္းဆိုင္ရာ ခ်ဳိတဲ့ေနသူေတြ၊ မူးယစ္ေဆး၀ါးစဲြေနသူေတြ အျပင္ က်န္းမာေရးေစာင့္ေရွာက္ဖို႔ ေငြေၾကးမတတ္ႏိုင္သူေတြ မွီခိုအားထားေနရတဲ့ ရိပ္သာႀကီးတခု အျဖစ္ အမ်ားက သတ္မွတ္ထားတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ (၁၀)ႏွစ္ေက်ာ္က ဆရာေတာ္ ဥတၱမသာရ စတင္တည္ေထာင္ဖြင့္လွစ္ခဲ့တဲ့ သံလ်င္သဘာ၀တရားရိပ္သာမွာ မွီခိုေနသူေပါင္း အခုဆိုရင္ ရဟန္းရွင္ လူေပါင္း သံုးေထာင္ေက်ာ္ရွိေနပါၿပီ။ သူတို႔ေတြကို ေန႕စဥ္ ကူညီေစာင့္ေရွာက္ႏိုင္ဖို႔ အဓိက စီမံကြပ္ကဲေနသူေတြထဲမွာ မယ္သီလရွင္ ဆရာေလး အမ်ားအျပားလည္းပါ၀င္ၾကပါတယ္။

အဲဒီထဲက ေလယာဥ္မယ္ဘ၀နဲ႔ မိသားစုဘ၀ကို စြန္႔လႊတ္ခဲ့တဲ့ အသက္ (၅၃)ႏွစ္အရြယ္ ၀ါေတာ္ ေျခာက္၀ါ ရွိေနၿပီျဖစ္ၿပီး ႏိုင္ငံတကာမွာလည္း ဗုဒၶသာသနာျပဳေနတဲ့ ဆရာေလး အမရာ ရဲ႕ ပရဟိတ လုပ္ငန္းအေတြ႕အႀကံဳေတြကို ေမးျမန္းၿပီး မအင္ၾကင္းႏိုင္က ဒီသတင္းပတ္ အမ်ဳိးသမီးက႑အတြက္ တင္ဆက္ထားပါတယ္။

အမျိုးသမီးကဏ္ဍ
သံလျင်သဘာဝတရားရိပ်သာလို့ ဆိုလိုက်ရင် တရားဓမ္မ အားထုတ်တဲ့နေရာအပြင် ခိုကိုးရာမဲ့နေတဲ့ ဘိုးဘွားတွေ၊ စိတ်ပိုင်းဆိုင်ရာ ချိုတဲ့နေသူတွေ၊ မူးယစ်ဆေးဝါးစွဲနေသူတွေ အပြင် ကျန်းမာရေးစောင့်ရှောက်ဖို့ ငွေကြေးမတတ်နိုင်သူတွေ မှီခိုအားထားနေရတဲ့ ရိပ်သာကြီးတခု အဖြစ် အများက သတ်မှတ်ထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က ဆရာတော် ဥတ္တမသာရ စတင်တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ သံလျင်သဘာဝတရားရိပ်သာမှာ မှီခိုနေသူပေါင်း အခုဆိုရင် ရဟန်းရှင် လူပေါင်း သုံးထောင်ကျော်ရှိနေပါပြီ။ သူတို့တွေကို နေ့စဉ် ကူညီစောင့်ရှောက်နိုင်ဖို့ အဓိက စီမံကွပ်ကဲနေသူတွေထဲမှာ မယ်သီလရှင် ဆရာလေး အများအပြားလည်းပါဝင်ကြပါတယ်။
အဲဒီထဲက လေယာဉ်မယ်ဘဝနဲ့ မိသားစုဘဝကို စွန့်လွှတ်ခဲ့တဲ့ အသက် (၅၃)နှစ်အရွယ် ဝါတော် ခြောက်ဝါ ရှိနေပြီဖြစ်ပြီး နိုင်ငံတကာမှာလည်း ဗုဒ္ဓသာသနာပြုနေတဲ့ ဆရာလေး အမရာ ရဲ့ ပရဟိတ လုပ်ငန်းအတွေ့အကြုံတွေကို မေးမြန်းပြီး မအင်ကြင်းနိုင်က ဒီသတင်းပတ် အမျိုးသမီးကဏ္ဍအတွက် တင်ဆက်ထားပါတယ်။

XS
SM
MD
LG