သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



(Zawgyi/Unicode)



တိုက်ရိုက် လင့်ခ်


တာဝန်သက်တမ်းကုန်တော့မယ့် Prof. Yanghee Lee
(တိုက်ရိုက်လေလှိုင်း)


(Zawgyi/Unicode)
မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ အထူးကိုယ်စားလှယ်တွေ တောက်လျှောက်ခန့်အပ်လာရာမှာ အခု တာဝန်ကုန်ဆုံးတော့မယ့် တောင်ကိုရီယားနိုင်ငံသူ Prof. Yanghee Lee ဟာ မြန်မာပြည်သူတွေကြားမှာတော့ အတော်လေး အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက် အရင် ကုလလူ့အခွင့်အရေးကိုယ်စားလှယ်တွေနဲ့ပတ်သက်လို့ မြန်မာလူထုရဲ့ထောက်ခံမှုရခဲ့ပေမယ့်၊ Ms.Yanghee Lee လက်ထက်မှာတော့ သူ့ကို ကြိုဆိုထောက်ခံသူရှိသလိုပဲ၊ မနှစ်သက်ပဲ ဝေဖန်ကန့်ကွက်မှုတွေလည်း အတော်လေး ညံခဲ့ပါတယ်။ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ အရပ်သားအစိုးရသစ်အကြား ဆက်ဆံရေးကလည်း အတော်မပြေမပြစ်ရှိခဲ့တာပါ။


တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ လှုပ်ရှားမှု ရပ်တည်မှု .. စတာတွေနဲ့ ပတ်သက်လို့ အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ သုံးသပ်ဆွေးနွေးထားပါတယ်။ Equality Myanmar လူ့အခွင့်အရေးပညာပေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းနဲ့ ၊ နိုင်ငံရေးဆောင်းပါးရှင် သတင်းစာဆရာ ဦးသီဟသွေးတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

XS
SM
MD
LG