သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



Myanmar Ceasefire Agreement

(zawgyi/Unicode)



+ + + + + +

ပြည်ထောင်စုကြီး နီးပြီလား

(တိုက်ရိုက်လေလှိုင်း)

(zawgyi/Unicode)

မြန်မာပြည်မနဲ့ တောင်တန်းဒေသတွေပေါင်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ဖြစ်လာဖို့ ကြိုးပမ်းခဲ့ကြတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တာ ၇၃နှစ်ပြည့်ပါပြီ။ အခု အချိန်မှာတော့ ၂၁ ရာစု ပင်လုံညီလာခံကို ခေါ်ယူပြီး၊ ခေတ်နဲ့လျော်ညီတဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုံးပမ်းနေကြပါတယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စုမျိုးဖြစ်ဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ ကြုံနေရတဲ့ အခက်အခဲ၊ စိန်ခေါ်ချက်တွေကို “ပြည်ထောင်စုကြီး နီးပြီလား” ဆိုတဲ့ခေါင်းစဉ်နဲ့ အခု လာမယ့်အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးဖို့ရှိပါတယ်။

ပါဝင်ဆွေးနွေးမေးမြန်းလိုတဲ့ သောတရှင်တွေအနေနဲ့ ကိုယ့်တယ်လီဖုံးနံပတ်ပေးပို့ထားမယ်ဆိုရင် တိုက်ရိုက်လေလှိုင်းအစီအစဉ်လွှင့်ထုတ်ချိန်မှာ ခေါ်ယူမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်အမြင် ကိုယ့်မေးခွန်းတွေကို စာနဲ့ဖြစ်စေ အသံဖိုင်နဲ့ဖြစ်စေ ကြိုတင်ပေးပို့ထားလို့ရပါတယ်။ ဗွီအိုအေ မြန်မာပိုင်းဖုံးနံပတ်က + 1 202 382 5558 ဖြစ်ပြီး အီးမေလ်လိပ်စာကတော့ burmese@VOANews.com ဖြစ်ပါတယ်။

XS
SM
MD
LG