(zawgyi/Unicode)
ပြည်ထောင်စုကြီး နီးပြီလား
တိုက်ရိုက်လေလှိုင်း)
(zawgyi/Unicode)
မြန်မာပြည်မနဲ့ တောင်တန်းဒေသတွေပေါင်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ဖြစ်လာဖို့ ကြိုးပမ်းခဲ့ကြတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တာ ၇၃နှစ်ပြည့်ပါပြီ။ အခု အချိန်မှာတော့ ၂၁ ရာစု ပင်လုံညီလာခံကို ခေါ်ယူပြီး၊ ခေတ်နဲ့လျော်ညီတဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုံးပမ်းနေကြပါတယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စုမျိုးဖြစ်ဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ ကြုံနေရတဲ့ အခက်အခဲ၊ စိန်ခေါ်ချက်တွေကို “ပြည်ထောင်စုကြီး နီးပြီလား” ဆိုတဲ့ခေါင်းစဉ်နဲ့ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာနဲ့ နိုင်ငံရေးဆောင်းပါးရှင် သတင်းစာဆရာ ဦးသီဟသွေးတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။