သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးကြိုးပမ်းချက် မျှော်လင့်ဖွယ်ရှိမရှိ(တိုက်ရိုက်လေလှိုင်း)


မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်

(Zawgyi/Unicode)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မူကြမ်းတရပ် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားပြီး၊ အခု ရက်ပိုင်းအတွင်း အပြီးသတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။ အာဏာရ NLD ပါတီအနေနဲ့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေးကြိုးပမ်းချက် ဘယ်အထိ ခရီးပေါက်နေပြီလဲ၊ အခု တကြိမ်ပြင်ဆင်ချက်မူကြမ်းကတော့ အများပြည်သူ မျှော်လင့်သလိုအထိ ဖြစ်လာနိုင်ပါ့မလား. အခု အင်္ဂါနေ့ ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ပါဝင်ဆွေးနွေးမေးမြန်းလိုတဲ့ သောတရှင်တွေအနေနဲ့ မိမိတို့ တယ်လီဖုံးနံပတ်တွေ ကြိုတင်ပို့ထားမယ်ဆိုရင် တိုက်ရိုက်လေလှိုင်းအစီအစဉ်ထုတ်လွှင့်ချိန်မှာ ခေါ်ယူမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်အမြင် ကိုယ့်မေးခွန်းတွေကို စာနဲ့ဖြစ်စေ အသံဖိုင်နဲ့ဖြစ်စေ ကြိုတင်ပေးပို့ထားလို့လည်း ရပါတယ်။ VOA မြန်မာပိုင်း ဖုံးနံပတ်က +1 202 382 5554 ဖြစ်ပြီး၊ အီးမေလ်လိပ်စာက burmese@VOANews.com ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမေးမြန်းကြမယ့် သောတရှင်တွေကို ကြိုဆိုပါတယ်။



(Zawgyi/Unicode)



XS
SM
MD
LG