သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္ရဲ႕ မူးယစ္ေဆး စစ္ဆင္ေရးနဲ႔ ျပည္သူ႔စစ္အဖြဲ႕ ဖ်က္သိမ္းမွဳ ဘာကို ရည္ရြယ္သလဲ


ရွမ္းျပည္နယ္ ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါး ေက်း႐ြာ ဧရိယာမွာ တပ္မေတာ္က သိမ္းဆည္းရမိတဲ့ က်ပ္ေငြ ၄၈ ဘီလ်ံဖိုးေလာက္ ရွိမယ္လို႔ ခန႔္မွန္းရတဲ့ စိတ္ႂကြေဆးျပား သန္း ၂၀၊ ဘိန္းျဖဴမႈန႔္ေတြ နဲ႔ မူးယစ္ေဆးဝါး ကုန္ၾကမ္းမ်ား ( Picture- CINCDS)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ၿပီးခဲ့တဲ့ ဧျပီ ၁ရက္ေန႔က တပ္မေတာ္ တပ္ဖြဲ႕၀င္ေတြဟာ ရွမ္းျပည္နယ္ ကြတ္ခိုင္ျမိဳ႕နယ္ ေကာင္းခါး ေက်းရြာ ဧရိယာမွာ က်ပ္ေငြ ၄၈ ဘီလ်ံဖိုးေလာက္ ရွိမယ္လို႔ ခန္႔မွန္းရတဲ့ အင္ဖက္တမင္း စိတ္ၾကြေဆးျပား သန္း ၂၀၊ ဘိန္းျဖဴမွဳန္႔ေတြ နဲ႔ မူးယစ္ေဆး၀ါး ကုန္ၾကမ္း အင္ဖက္ဒရင္း အမွဳန္႔ေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ သတင္း ထုတ္ျပန္ပါတယ္။ အရင္က ဖမ္းမိတာေတြနဲ႔ ေပါင္းလိုက္ရင္ က်ပ္ေငြ ဘီလ်ံ ၄၀၀ နီးပါးေလာက္ တန္ဘိုးရွိတဲ့ မူးယစ္ေဆး၀ါးနဲ႔ ကုန္ၾကမ္းေတြ၊ ဆက္စပ္ပစၥည္းေတြ ဖမ္းမိတာ ျဖစ္ျပီး ေဒၚလာနဲ႔ တြက္ရင္ သန္း ၂၈၀ ေက်ာ္ဖိုးေလာက္ရွိတာမို႔ အေတာ့္ကို မ်ားျပားတဲ့ ပမာဏ လို႔ သတ္မွတ္ႏိုင္ပါတယ္။ ဒါဟာ ေျမေပၚက ဧရိယာ တစ္ခုထဲမွာ ဖမ္းမိတာေတြအထဲ ပမာဏ အမ်ားဆံုးလို႔ေတာင္ သတ္မွတ္ႏုိင္ပါတယ္။ အျခားတစ္ဖက္က ၾကည့္လိုက္ရင္လည္း တပ္မေတာ္ရဲ႕ ကြပ္ကဲမွဳေအာက္မွာ ရွိတဲ့ ျပည္သူ႕စစ္ အဖြဲ႕တစ္ခု ထိန္းခ်ဳပ္တဲ့ ဧရိယာမွာ ဒီေလာက္ မ်ားျပားတဲ့ မူးယစ္ေဆး၀ါး၊ ကုန္ၾကမ္းနဲ႔ ဆက္စပ္ ပစၥည္းေတြ ဖမ္းမိတာကို ၾကည့္ရင္ အဲဒီ ဧရိယာဟာ မူးယစ္ေဆး၀ါး ထုတ္လုပ္၊ ျဖန္႔ျဖဴးတာကို တရား၀င္ လုပ္ငန္းသဖြယ္ သေဘာထားျပီး လုပ္ကိုင္ေနၾကတာမ်ားလား လို႔ေတာင္ ေတြးေတာစရာ ျဖစ္ေစပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ခုအခ်ိန္မွာေတာ့ တပ္မေတာ္ဟာ အဲဒီ ေဒသအတြင္း မူးယစ္ေဆး၀ါး ထုတ္လုပ္မွဳေတြကို ေတာနင္းရွာေဖြ သိမ္းဆည္းတာမ်ိဳး လုပ္ေနပါျပီ။ တပ္မေတာ္ဟာ ဘာေၾကာင့္ ခုခ်ိန္က်မွ ျပည္သူ႕စစ္ အဖြဲ႕တစ္ခု နယ္ေျမထဲမွာ မူးယစ္ေဆး၀ါး ႏွိမ္နင္းဖို႔ လုပ္လာရတာလဲ ဆိုတာ စိတ္၀င္စားဖို႔ ေကာင္းတဲ့ ေမးခြန္းတစ္ခု ျဖစ္လာေနပါတယ္။ ခုတစ္ပတ္ အဲဒီ ျပသနာအေၾကာင္း ေလ့လာ ဆန္းစစ္ၾကည့္ၾကရေအာင္ပါ။
လက္ရွိ တပ္မေတာ္က မူးယစ္ေဆး၀ါးေတြ ၀င္ေရာက္ရွာေဖြ သိမ္းဆည္းမွဳ လုပ္ခဲ့တဲ့ နယ္ေျမကို ေဒသခံေတြက ေကာင္းခါး ျပည္သူ႕စစ္ နယ္ေျမ လို႔ သိၾကပါတယ္။ ဒီ ဧရိယာဟာ အရင္က KIA ကခ်င္လက္နက္ကိုင္ တပ္ဖြဲ႕ တပ္မဟာ (၄) နဲ႔ လက္ေအာက္ခံ တပ္ဖြဲ႕ေတြ အေျခခ်ခဲ့ၾကတဲ့ နယ္ေျမ ျဖစ္ပါတယ္။ ၁၉၉၁ခုႏွစ္မွာ ဦးမထုေနာ္ ေခါင္းေဆာင္တဲ့ ေကအုိင္ေအ တပ္မဟာ (၄) ဟာ မူလ ေကအိုင္ေအ အဖြဲ႕ကေန ခြဲထြက္ျပီး စစ္အစိုးရနဲ႔ အပစ္အခတ္ ရပ္စဲ၊ ျငိမ္းခ်မ္းေရး လုပ္ခဲ့ပါတယ္။ စစ္အစိုးရနဲ႔ အပစ္ရပ္ျပီးေနာက္ ဦးမထုေနာ္နဲ႔ သူ႔တပ္ဖြဲ႕ဟာ သူတို႔ လက္နက္ သူတုိ႔ ဆက္ကိုင္ထားျပီး သူတုိ႔နယ္ေျမ သူတုိ႔ ထိန္းခ်ဳပ္ခြင့္ရခဲ့ပါတယ္။ ၂၀၀၈ ေနာက္ပိုင္း အပစ္အခတ္ ရပ္စဲထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕ေတြကို နယ္ျခားေစာင့္တပ္၊ ဒါမွမဟုတ္ ျပည္သူ႔စစ္ အဖြဲ႕ေတြ အျဖစ္ အသြင္ေျပာင္းဖို႔ စစ္အစိုးရဘက္က ဖိအားေပးလာတဲ့ အခါ ခြဲထြက္ ေကအိုင္ေအ တပ္မဟာ(၄) က လက္ခံခဲ့ျပီး ၁၉၉၁ ခုႏွစ္မွာ တပ္မေတာ္ လက္ေအာက္ခံ၊ ေကာင္းခါး ျပည္သူ႔စစ္ (ဌာေန) အျဖစ္ တရား၀င္ ဖြဲ႕စည္း ရပ္တည္ႏိုင္ခဲ့ပါတယ္။ အဲဒီအခ်ိန္ မတုိင္ခင္ကတည္းက ေကာင္းခါး ျပည္သူ႔စစ္ အဖြဲ႕ဟာ မူးယစ္ေဆး၀ါး ထုတ္လုပ္ ျဖန္႔ျဖဴးတယ္ ဆိုျပီး ျပည္တြင္းျပည္ပမွာ ေက်ာ္ၾကားမွဳ ရွိေနေပမယ့္ တပ္မေတာ္ဘက္က တစ္စံုတရာ အေရးယူတာမ်ိဳးေတာ့ မလုပ္ခဲ့ပါဘူး။
အျခားတစ္ဖက္မွာေတာ့ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA ရခိုင္တပ္ဖြဲ႕ တုိက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနပါတယ္။ ထူးျခားတာ တစ္ခုက AA အဖြဲ႕ရဲ႕ လက္နက္ခဲယမ္း ေထာက္ပံ့ေရး လမ္းေၾကာင္းဟာ ရွမ္းျပည္နယ္ကေန မႏၱေလး၊ ရန္ကုန္ကို ျဖတ္ျပီးမွ ရခုိင္ျပည္နယ္ထဲ ပို႔ေပးေနၾကတာမ်ိဳးပါ။
ရခုိင္ျပည္နယ္မွာ တိုက္ပြဲေတြ စကာစက AA အဖြဲ႕ရဲ႕ အင္အားကို တပ္မေတာ္ဘက္က ေလ်ာ့တြက္ခဲ့ပံုရပါတယ္။ AA အဖြဲ႕အေနနဲ႔ လူအရင္းအျမစ္ ရဖို႔နဲ႔ စစ္ေရး ေလ့က်င့္ေပးဖို႔ မခက္ခဲနိုင္ေပမယ့္ တကယ့္တုိက္ခိုက္ေရး တပ္ဖြဲ႕ေတြ ျဖစ္လာဖို႔ ေငြေၾကးနဲ႔ လက္နက္ခဲယမ္း ရဖို႔ခက္ခဲလိမ့္မယ္ လို႔ ထင္ျမင္ခဲ့ၾကပံု ေပၚပါတယ္။ ဒါေပမယ့္ တကယ္ တုိက္ပြဲေတြ တုိက္ၾကတဲ့အခါ တပ္မေတာ္ေခါင္းေဆာင္ေတြ ေမွ်ာ္လင့္ထားသလို မဟုတ္ပဲ AA တပ္ဖြဲ႕ အင္အား မ်ားျပားတာ ေတြ႕ၾကံဳလိုက္ရပါတယ္။
လက္ရွိ ရခုိင္ျပည္နယ္မွာ တပ္မေတာ္က AA ကို ျဖတ္ေလးျဖတ္ စစ္ဆင္ေရးမ်ိဳး လုပ္ကိုင္ေနတာ ေတြ႕ျမင္ရပါတယ္။ စစ္လက္နက္ ပစၥည္း ျဖည့္တင္းရာ လမ္းေၾကာင္းေတြ ရပ္တန္႔သြားေအာင္၊ ရိကၡာ ရေနတဲ့ လမ္းေၾကာင္း ရပ္တန္႔သြားေအာင္၊ ျပည္သူနဲ႔ ထိေတြ႕မွဳ ရပ္ျပီး သတင္း ျပတ္ေတာက္သြားေအာင္ လုပ္တာမ်ိဳးပါ။ ဒါေပမယ့္ အဲဒါလည္း ဒီကေန႔ အခ်ိန္ထိ သိပ္ အလုပ္ျဖစ္ေသးပံု မေပၚပါဘူး။
တပ္မေတာ္ဘက္က ထုတ္ျပန္ခ်က္ေတြကို ၾကည့္လိုက္ရင္ပဲ တပ္ယာဥ္တန္းေတြ တိုက္ခိုက္ခံရတာ၊ စစ္ေလ့က်င့္ေရး ေက်ာင္းလိုမ်ိဳး တုိက္ခိုက္ခံရရံုမက ဗ်ဴဟာကုန္းကို ၀ိုင္း၀န္း ပိတ္ဆို႔ တိုက္ခိုက္တာမ်ိဳးေတာင္ ၾကံဳရတယ္လို႔ ဆုိပါတယ္။ တုိက္ပြဲအတြက္ တပ္မေတာ္ တုိက္ခုိက္ေရး ရဟတ္ယာဥ္ေတြ၊ တုိက္ေလယာဥ္ေတြ၊ စစ္သေဘၤာေတြကို အသံုးျပဳတာမ်ိဳးလည္း ေတြ႕ၾကရပါတယ္။ တစ္ၾကိမ္မွာဆိုရင္ ပိတ္ဆို႔ခံထားရတဲ့ ဗ်ဴဟာကုန္းကို ကယ္တင္ဖို႔ လုပ္တဲ့ စစ္ဆင္ေရးအတြင္း ရဟတ္ယာဥ္နဲ႔ ခ်ေပးလိုက္တဲ့ တပ္ရင္းမွဴးတစ္ေယာက္နဲ႔ အရာရွိ စစ္သည္ေတြ ဖမ္းဆီးခံရတာမ်ိဳးေတာင္ ၾကံဳရပါတယ္။
ဒီအတြက္ တပ္မေတာ္စစ္ေခါင္းေဆာင္ေတြဟာ AA ကို ေခ်မွဳန္းႏိုင္ဖို႔ အတြက္ ရခုိင္ျပည္နယ္ထဲက တုိက္ပြဲ ဧရိယာ ေလာက္တင္မက AA အဖြဲ႕ရဲ႕ ၀င္ေငြ လမ္းေၾကာင္းနဲ႔ လက္နက္ခဲယမ္း ေထာက္ပံ့ရာ လမ္းေၾကာင္းၾကီးေတြကိုပါ ျဖတ္ေတာက္ပစ္ႏိုင္ဖို႔ စဥ္းစားလာပံုရပါတယ္။ ျပီးခဲ့တဲ့ အခ်ိန္ကာလေတြ အတြင္း အာဏာပိုင္ေတြဟာ ရခုိင္ျပည္နယ္ထဲကို လက္နက္ခဲယမ္း တင္ပို႔ဖို႔ ၾကိဳးစားသူေတြ၊ အဲလို တင္ပို႔ေနသူေတြနဲ႔ ဆက္စပ္သူေတြကို ဖမ္းဆီးရမိတာေတြ ရွိခဲ့ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းကို ျဖတ္ျပီး ဘဂၤလားေဒ့ရွ္ နယ္စပ္ဘက္ကေန တဆင့္ ႏုိင္ငံတကာကို သြားေနတဲ့ မူးယစ္ေဆး၀ါး လမ္းေၾကာင္းၾကီးပါ။ ျပီးခဲ့တဲ့ တစ္ႏွစ္အတြင္း ရခုိင္ျပည္နယ္ ေျမာက္ပိုင္းမွာ သန္းနဲ႔ခ်ီရွိတဲ့ အင္ဖက္တမင္း စိတ္ၾကြေဆးေတြ အၾကိမ္ၾကိမ္ ဖမ္းဆီးရမိတာ ရွိခဲ့သလို အဲဒီ မူးယစ္ေဆး၀ါး သယ္ယူမွဳ လမ္းေၾကာင္းမွာ AA အဖြဲ႕ပါ၀င္ပတ္သက္ႏုိင္တယ္၊ အဲဒီကေန ၀င္ေငြေတြ ရေနႏိုင္တယ္လို႔ တပ္မေတာ္ ေခါင္းေဆာင္ေတြကေရာ၊ ႏိုင္ငံေရး အကဲခတ္ တစ္ခ်ိဳ႕ကပါ က်ယ္က်ယ္ျပန္႔ျပန္႔ သံသယ ရွိေနၾကပါတယ္။
အဲလို အေျခအေနမ်ိဳးကေန တပ္မေတာ္ဟာ ရွမ္းျပည္နယ္ ကြတ္ခိုင္ျမိဳ႕နယ္က ေကာင္းခါး ျပည္သူ႕စစ္ နယ္ေျမထဲ ၀င္ေရာက္ျပီး မူးယစ္ေဆးနဲ႔ ဆက္စပ္ပစၥည္း အေျမာက္အမ်ား သိမ္းဆည္းတဲ့ အေျခအေန ျဖစ္ေပၚလာတာပါ။ ဒါတင္မက ေကာင္းခါး ျပည္သူ႔စစ္ အဖြဲ႕ကိုလည္း သူတို႔ပိုင္ လက္နက္ အလက္ ၂၀၀၀ နီးပါး တပ္မေတာ္ဆီ အပ္ႏွံေစလိုက္ပါျပီ။ လက္ရွိ ေကာင္းခါး ျပည္သူ႔စစ္ အဖြဲ႕၀င္ဘယ္ေလာက္ရွိတယ္ မသိႏုိင္ေပမယ့္ အပ္လိုက္တဲ့ လက္နက္ခဲယမ္း အရည္အတြက္ကပဲ တပ္မေတာ္ တပ္ရင္း ၅-၆ ရင္းစာေလာက္ ရွိတာ ေတြ႕ႏုိင္ပါတယ္။ အဓိပၸါယ္ကေတာ့ အဲဒီ ျပည္သူ႔စစ္ အဖြဲ႕ဟာ မူးယစ္ေဆး၀ါး လုပ္ငန္းတင္မက လက္နက္ အေရာင္းအ၀ယ္ပါ လုပ္ေနတယ္လို႔ တြက္ဆႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တပ္မေတာ္ဘက္ကေတာ့ ရခုိင္ျပည္နယ္မွာ AA အဖြဲ႕ကို ေခ်မွဳန္းႏုိင္ဖို႔ “အၾကမ္းဖက္ အုပ္စု” အျဖစ္ သတ္မွတ္ေၾကျငာတာ အျပင္ ေကာင္းခါး ျပည္သူ႔စစ္နယ္ေျမထဲ ၀င္ျပီး မူးယစ္ေဆး၀ါး ထုတ္လုပ္ရာ ရင္းျမစ္ေတြကို ရွင္းလင္းတာ၊ အဖြဲ႕ကို ဖ်က္သိမ္းတာကိုပါ လုပ္ကိုင္ခဲ့ပါတယ္။ တကယ္လက္ေတြ႕ AA အဖြဲ႕ ၀င္ေငြ ထိခိုက္ျပီး ရခုိင္ျပည္နယ္ ေျမာက္ပိုင္းက သူတုိ႔ တပ္ဖြဲ႕၀င္ေတြဆီ ပို႔ေနတဲ့ လက္နက္ခဲယမ္း ေထာက္ပံ့ေရး လမ္းေၾကာင္းေတြ ရပ္ဆုိင္းသြားမလား၊ ျဖတ္ေလးျဖတ္ေၾကာင့္ AA အဖြဲ႕ အင္အားခ်ိနဲ႔ျပီး တပ္မေတာ္က ေခ်မွဳန္းလိုက္ႏုိင္မလား ဆိုတာကေတာ့ ဆက္ျပီး ေစာင့္ၾကည့္ရမယ့္ ကိစၥ ျဖစ္ေၾကာင္းပါ။
==============

တပ်မတော်ရဲ့ မူးယစ်ဆေး စစ်ဆင်ရေးနဲ့ ပြည်သူ့စစ်အဖွဲ့ ဖျက်သိမ်းမှု ဘာကို ရည်ရွယ်သလဲ

ပြီးခဲ့တဲ့ ဧပြီ ၁ရက်နေ့က တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ကောင်းခါး ကျေးရွာ ဧရိယာမှာ ကျပ်ငွေ ၄၈ ဘီလျံဖိုးလောက် ရှိမယ်လို့ ခန့်မှန်းရတဲ့ အင်ဖက်တမင်း စိတ်ကြွဆေးပြား သန်း ၂၀၊ ဘိန်းဖြူမှုန့်တွေ နဲ့ မူးယစ်ဆေးဝါး ကုန်ကြမ်း အင်ဖက်ဒရင်း အမှုန့်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ အရင်က ဖမ်းမိတာတွေနဲ့ ပေါင်းလိုက်ရင် ကျပ်ငွေ ဘီလျံ ၄၀၀ နီးပါးလောက် တန်ဘိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ကုန်ကြမ်းတွေ၊ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတာ ဖြစ်ပြီး ဒေါ်လာနဲ့ တွက်ရင် သန်း ၂၈၀ ကျော်ဖိုးလောက်ရှိတာမို့ အတော့်ကို များပြားတဲ့ ပမာဏ လို့ သတ်မှတ်နိုင်ပါတယ်။ ဒါဟာ မြေပေါ်က ဧရိယာ တစ်ခုထဲမှာ ဖမ်းမိတာတွေအထဲ ပမာဏ အများဆုံးလို့တောင် သတ်မှတ်နိုင်ပါတယ်။ အခြားတစ်ဖက်က ကြည့်လိုက်ရင်လည်း တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ပြည်သူ့စစ် အဖွဲ့တစ်ခု ထိန်းချုပ်တဲ့ ဧရိယာမှာ ဒီလောက် များပြားတဲ့ မူးယစ်ဆေးဝါး၊ ကုန်ကြမ်းနဲ့ ဆက်စပ် ပစ္စည်းတွေ ဖမ်းမိတာကို ကြည့်ရင် အဲဒီ ဧရိယာဟာ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူးတာကို တရားဝင် လုပ်ငန်းသဖွယ် သဘောထားပြီး လုပ်ကိုင်နေကြတာများလား လို့တောင် တွေးတောစရာ ဖြစ်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုအချိန်မှာတော့ တပ်မတော်ဟာ အဲဒီ ဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို တောနင်းရှာဖွေ သိမ်းဆည်းတာမျိုး လုပ်နေပါပြီ။ တပ်မတော်ဟာ ဘာကြောင့် ခုချိန်ကျမှ ပြည်သူ့စစ် အဖွဲ့တစ်ခု နယ်မြေထဲမှာ မူးယစ်ဆေးဝါး နှိမ်နင်းဖို့ လုပ်လာရတာလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်လာနေပါတယ်။ ခုတစ်ပတ် အဲဒီ ပြသနာအကြောင်း လေ့လာ ဆန်းစစ်ကြည့်ကြရအောင်ပါ။
လက်ရှိ တပ်မတော်က မူးယစ်ဆေးဝါးတွေ ဝင်ရောက်ရှာဖွေ သိမ်းဆည်းမှု လုပ်ခဲ့တဲ့ နယ်မြေကို ဒေသခံတွေက ကောင်းခါး ပြည်သူ့စစ် နယ်မြေ လို့ သိကြပါတယ်။ ဒီ ဧရိယာဟာ အရင်က KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့ တပ်မဟာ (၄) နဲ့ လက်အောက်ခံ တပ်ဖွဲ့တွေ အခြေချခဲ့ကြတဲ့ နယ်မြေ ဖြစ်ပါတယ်။ ၁၉၉၁ခုနှစ်မှာ ဦးမထုနော် ခေါင်းဆောင်တဲ့ ကေအိုင်အေ တပ်မဟာ (၄) ဟာ မူလ ကေအိုင်အေ အဖွဲ့ကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲ၊ ငြိမ်းချမ်းရေး လုပ်ခဲ့ပါတယ်။ စစ်အစိုးရနဲ့ အပစ်ရပ်ပြီးနောက် ဦးမထုနော်နဲ့ သူ့တပ်ဖွဲ့ဟာ သူတို့ လက်နက် သူတို့ ဆက်ကိုင်ထားပြီး သူတို့နယ်မြေ သူတို့ ထိန်းချုပ်ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ နောက်ပိုင်း အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်၊ ဒါမှမဟုတ် ပြည်သူ့စစ် အဖွဲ့တွေ အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က ဖိအားပေးလာတဲ့ အခါ ခွဲထွက် ကေအိုင်အေ တပ်မဟာ(၄) က လက်ခံခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ တပ်မတော် လက်အောက်ခံ၊ ကောင်းခါး ပြည်သူ့စစ် (ဌာနေ) အဖြစ် တရားဝင် ဖွဲ့စည်း ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင်ကတည်းက ကောင်းခါး ပြည်သူ့စစ် အဖွဲ့ဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးတယ် ဆိုပြီး ပြည်တွင်းပြည်ပမှာ ကျော်ကြားမှု ရှိနေပေမယ့် တပ်မတော်ဘက်က တစ်စုံတရာ အရေးယူတာမျိုးတော့ မလုပ်ခဲ့ပါဘူး။
အခြားတစ်ဖက်မှာတော့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်တပ်ဖွဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ ထူးခြားတာ တစ်ခုက AA အဖွဲ့ရဲ့ လက်နက်ခဲယမ်း ထောက်ပံ့ရေး လမ်းကြောင်းဟာ ရှမ်းပြည်နယ်ကနေ မန္တလေး၊ ရန်ကုန်ကို ဖြတ်ပြီးမှ ရခိုင်ပြည်နယ်ထဲ ပို့ပေးနေကြတာမျိုးပါ။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စကာစက AA အဖွဲ့ရဲ့ အင်အားကို တပ်မတော်ဘက်က လျော့တွက်ခဲ့ပုံရပါတယ်။ AA အဖွဲ့အနေနဲ့ လူအရင်းအမြစ် ရဖို့နဲ့ စစ်ရေး လေ့ကျင့်ပေးဖို့ မခက်ခဲနိုင်ပေမယ့် တကယ့်တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ဖြစ်လာဖို့ ငွေကြေးနဲ့ လက်နက်ခဲယမ်း ရဖို့ခက်ခဲလိမ့်မယ် လို့ ထင်မြင်ခဲ့ကြပုံ ပေါ်ပါတယ်။ ဒါပေမယ့် တကယ် တိုက်ပွဲတွေ တိုက်ကြတဲ့အခါ တပ်မတော်ခေါင်းဆောင်တွေ မျှော်လင့်ထားသလို မဟုတ်ပဲ AA တပ်ဖွဲ့ အင်အား များပြားတာ တွေ့ကြုံလိုက်ရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ တပ်မတော်က AA ကို ဖြတ်လေးဖြတ် စစ်ဆင်ရေးမျိုး လုပ်ကိုင်နေတာ တွေ့မြင်ရပါတယ်။ စစ်လက်နက် ပစ္စည်း ဖြည့်တင်းရာ လမ်းကြောင်းတွေ ရပ်တန့်သွားအောင်၊ ရိက္ခာ ရနေတဲ့ လမ်းကြောင်း ရပ်တန့်သွားအောင်၊ ပြည်သူနဲ့ ထိတွေ့မှု ရပ်ပြီး သတင်း ပြတ်တောက်သွားအောင် လုပ်တာမျိုးပါ။ ဒါပေမယ့် အဲဒါလည်း ဒီကနေ့ အချိန်ထိ သိပ် အလုပ်ဖြစ်သေးပုံ မပေါ်ပါဘူး။
တပ်မတော်ဘက်က ထုတ်ပြန်ချက်တွေကို ကြည့်လိုက်ရင်ပဲ တပ်ယာဉ်တန်းတွေ တိုက်ခိုက်ခံရတာ၊ စစ်လေ့ကျင့်ရေး ကျောင်းလိုမျိုး တိုက်ခိုက်ခံရရုံမက ဗျူဟာကုန်းကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်တာမျိုးတောင် ကြုံရတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွက် တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို အသုံးပြုတာမျိုးလည်း တွေ့ကြရပါတယ်။ တစ်ကြိမ်မှာဆိုရင် ပိတ်ဆို့ခံထားရတဲ့ ဗျူဟာကုန်းကို ကယ်တင်ဖို့ လုပ်တဲ့ စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နဲ့ ချပေးလိုက်တဲ့ တပ်ရင်းမှူးတစ်ယောက်နဲ့ အရာရှိ စစ်သည်တွေ ဖမ်းဆီးခံရတာမျိုးတောင် ကြုံရပါတယ်။
ဒီအတွက် တပ်မတော်စစ်ခေါင်းဆောင်တွေဟာ AA ကို ချေမှုန်းနိုင်ဖို့ အတွက် ရခိုင်ပြည်နယ်ထဲက တိုက်ပွဲ ဧရိယာ လောက်တင်မက AA အဖွဲ့ရဲ့ ဝင်ငွေ လမ်းကြောင်းနဲ့ လက်နက်ခဲယမ်း ထောက်ပံ့ရာ လမ်းကြောင်းကြီးတွေကိုပါ ဖြတ်တောက်ပစ်နိုင်ဖို့ စဉ်းစားလာပုံရပါတယ်။ ပြီးခဲ့တဲ့ အချိန်ကာလတွေ အတွင်း အာဏာပိုင်တွေဟာ ရခိုင်ပြည်နယ်ထဲကို လက်နက်ခဲယမ်း တင်ပို့ဖို့ ကြိုးစားသူတွေ၊ အဲလို တင်ပို့နေသူတွေနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးရမိတာတွေ ရှိခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကနေ တဆင့် နိုင်ငံတကာကို သွားနေတဲ့ မူးယစ်ဆေးဝါး လမ်းကြောင်းကြီးပါ။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သန်းနဲ့ချီရှိတဲ့ အင်ဖက်တမင်း စိတ်ကြွဆေးတွေ အကြိမ်ကြိမ် ဖမ်းဆီးရမိတာ ရှိခဲ့သလို အဲဒီ မူးယစ်ဆေးဝါး သယ်ယူမှု လမ်းကြောင်းမှာ AA အဖွဲ့ပါဝင်ပတ်သက်နိုင်တယ်၊ အဲဒီကနေ ဝင်ငွေတွေ ရနေနိုင်တယ်လို့ တပ်မတော် ခေါင်းဆောင်တွေကရော၊ နိုင်ငံရေး အကဲခတ် တစ်ချို့ကပါ ကျယ်ကျယ်ပြန့်ပြန့် သံသယ ရှိနေကြပါတယ်။
အဲလို အခြေအနေမျိုးကနေ တပ်မတော်ဟာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်က ကောင်းခါး ပြည်သူ့စစ် နယ်မြေထဲ ဝင်ရောက်ပြီး မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်း အမြောက်အများ သိမ်းဆည်းတဲ့ အခြေအနေ ဖြစ်ပေါ်လာတာပါ။ ဒါတင်မက ကောင်းခါး ပြည်သူ့စစ် အဖွဲ့ကိုလည်း သူတို့ပိုင် လက်နက် အလက် ၂၀၀၀ နီးပါး တပ်မတော်ဆီ အပ်နှံစေလိုက်ပါပြီ။ လက်ရှိ ကောင်းခါး ပြည်သူ့စစ် အဖွဲ့ဝင်ဘယ်လောက်ရှိတယ် မသိနိုင်ပေမယ့် အပ်လိုက်တဲ့ လက်နက်ခဲယမ်း အရည်အတွက်ကပဲ တပ်မတော် တပ်ရင်း ၅-၆ ရင်းစာလောက် ရှိတာ တွေ့နိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ အဲဒီ ပြည်သူ့စစ် အဖွဲ့ဟာ မူးယစ်ဆေးဝါး လုပ်ငန်းတင်မက လက်နက် အရောင်းအဝယ်ပါ လုပ်နေတယ်လို့ တွက်ဆနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ဘက်ကတော့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ကို ချေမှုန်းနိုင်ဖို့ “အကြမ်းဖက် အုပ်စု” အဖြစ် သတ်မှတ်ကြေငြာတာ အပြင် ကောင်းခါး ပြည်သူ့စစ်နယ်မြေထဲ ဝင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ရင်းမြစ်တွေကို ရှင်းလင်းတာ၊ အဖွဲ့ကို ဖျက်သိမ်းတာကိုပါ လုပ်ကိုင်ခဲ့ပါတယ်။ တကယ်လက်တွေ့ AA အဖွဲ့ ဝင်ငွေ ထိခိုက်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက သူတို့ တပ်ဖွဲ့ဝင်တွေဆီ ပို့နေတဲ့ လက်နက်ခဲယမ်း ထောက်ပံ့ရေး လမ်းကြောင်းတွေ ရပ်ဆိုင်းသွားမလား၊ ဖြတ်လေးဖြတ်ကြောင့် AA အဖွဲ့ အင်အားချိနဲ့ပြီး တပ်မတော်က ချေမှုန်းလိုက်နိုင်မလား ဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်ကြောင်းပါ။
စည်သူအောင်မြင့်

XS
SM
MD
LG