သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 တားဆီးရေး ကန့်သတ်ချက်တွေ မေလ ၁၅ ရက်ထိ သက်တမ်းတိုး


ရန်ကုန်မြို့တွင်း လမ်းတခုတွင် COVID-19 ကာကွယ်ဆေးဖြန်းနေသည့် ဝန်ထမ်းတချို့။ (ဧပြီ ၂၁၊ ၂၀၂၀)
ရန်ကုန်မြို့တွင်း လမ်းတခုတွင် COVID-19 ကာကွယ်ဆေးဖြန်းနေသည့် ဝန်ထမ်းတချို့။ (ဧပြီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟို ကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ ညွှန်ကြားချက်တွေကို မေလ ၁၅ ရက်နေ့ အထိ တိုးမြှင့် သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ Fcebook စာမျက်နှာမှာ ဒီကနေ့ ဖော်ပြပါတယ်။

ပထမ ဧပြီ ၃၀ ရက်နေ့ထိ စောင့်ဖို့ ပန်ကြားထားလို့ နယ်စပ်မှာ ပြန်လာဖို့ စောင့်နေကြတဲ့ အလုပ်သမား အများအပြားရှိနေတယ်ဆိုတာကိုလည်း အသိအမှတ်ပြုပြောထားပါတယ်။ သူတို့ ကိုယ့်ရပ်၊ ကိုယ့်ရွာကို အေးဆေး လုံခြုံစွာပြန်နိုင်ဖို့ ကျန်းမာရေးအစီအစဉ်တွေ၊ quarantine အစီအစဉ်တွေ၊ ပို့ဆောင်ရေး အစီအစဉ်တွေလည်း ချမှတ်နေပါပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဘယ်နိုင်ငံမှာမှ ဒီနေ့အထိ COVID-19 ရောဂါ ပြဿနာကို အောင်နိုင်ပြီလို့ မပြောနိုင်သေးသလို တချို့နိုင်ငံတွေမှာဆို ဒုတိယလှိုင်းတောင် ထလာနေပြီလို့ ဆိုနေကြတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ COVID ပထမလှိုင်းကြီး မပြီးပြတ်သေးဘူး။ လှိုင်းထိပ်က ဘယ်လောက်ထိ မြင့်နိုင်မယ်ဆိုတာ မသိနိုင်သေးသလို၊ ဘယ်တော့ ပြန်ကျမယ်ဆိုတာလည်း မသိနိုင်သေးတဲ့အတွက် အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ထားရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG