ကိုဗစ် ဥပဒေစည်းမျဉ်းများနဲ့ လူမှုဘဝအခက်အခဲ (စနေည ဆွေးနွေးဝိုင်း)
ကိုဗစ်ကပ်ရောဂါ အကန့်အသတ်အခြေအနေတွေကြောင့် ဗွီအိုအေ အစီအစဉ်ကို ပြောင်းလဲတင်ဆက်နေရာမှာ အပတ်စဉ်တင်ဆက်နေကြ တိုက်ရိုက်လေလှိုင်းအစီအစဉ်နေရာမှာ စနေည ဆွေးနွေးခန်းနဲ့ အစားထိုးတင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံမှာ တကျော့ပြန်လာတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ကပ်ဘေးစည်းမျဉ်းစည်းကမ်းတွေ တိုးမြင့်ကန့်သတ်လာရာမှာ၊ ဘေးထွက်ဆိုးကျိုးတွေ ဘာရှိနိုင်သလဲဆိုတာ ဆင်ခြင်စရာအဖြစ် ဆွေးနွေးတင်ဆက်ထားပါတယ်။ အများပြည်သူရဲ့ နိစ္စဓူ၀ ကိစ္စနဲ့ တဦးချင်းအခွင့်အရေး စားဝတ်နေရေးဘဝတွေကို ဘယ်လို ရိုက်ခတ်မှုရှိသလဲဆိုတာတွေကို ဆွေးနွေးထားတာပါ။ Equality Myanmar ညီမျှခြင်းတန်းတူ အဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်းနဲ့၊ သတင်းစာဆရာ ဦးသီဟသွေးတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။
+ + + + + + + + + + +