(zawgyi/unicode)
ရွေးကောက်ပွဲနဲ့ လူငယ် (စနေညစကားဝိုင်း)
စနေည တိုက်ရိုက်လေလှိုင်းအစီအစဉ်နေရာမှာ ရွေးကောက်ပွဲအထူးအစီအစဉ်တရပ် အစားထိုး တင်ဆက်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဘယ်လိုအကြောင်းအရာတွေ အဓိက ကျပါမလဲ၊ ပြည်သူတွေအတွက် အရေးကြီးတဲ့ကဏ္ဍတွေ ဘာတွေရှိလဲ၊ ဘယ်လိုရှုမြင်ထားသလဲ၊ နိုင်ငံရေးပါတီတွေမှာ ဘယ်လိုမူဝါဒတွေရှိသလဲ၊ ရွေးကောက်ပွဲနဲ့ဆက်နွယ်ပြီး မဲဆန္ဒရှင်တွေအနေနဲ့ ဘာတွေ သိရှိထားသင်သလဲ.. ဒီအကြောင်းအရောတွေကို ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် voa မြန်မာပိုင်းက ရေဒီယိုရော ရုပ်မြင်သံကြားကပါ အပတ်စဉ် ထုတ်လွှင့်တင်ဆက်နေပါတယ်။ ဒီအစီအစဉ်ကိုတော့ Channel FFE မီဒီယာက အယ်ဒီတာ ကိုမှုးသစ်က စီစဉ်တင်ဆက်ပေးမှာပါ။ ဒီသီတင်းပတ်မှာတော့ ရွေးကောက်ပွဲနဲ့ လူငယ်၊ အထူးသဖြင့် first time voters လို့ ခေါ်တဲ့ ပထမဆုံးမဲပေးကြမယ့် လူငယ်မဲဆန္ဒရှင်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြမှာပါ။ ကချင်ပြည်နယ်ပြည်သူ့ပါတီက မဆိုင်းနုပန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက မအိသဉ္စာမောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုအောင်ခန့်တို့ ဆွေးနွေးထားကြပါတယ်။
+ + + +
ေရြးေကာက္ပဲြနဲ႔ လူငယ္ (စေနညစကားဝိုင္း)
စေနည တိ္ုက္႐ိုက္ေလလိႈင္းအစီအစဥ္ေနရာမွာ ေရြးေကာက္ပဲြအထူးအစီအစဥ္တရပ္ အစားထိုး တင္ဆက္ေပးေနပါတယ္။ ျမန္မာႏိုင္ငံမွာ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာက်င္းပမယ့္ အေထြေထြေရြးေကာက္ပြဲမွာ ဘယ္လိုအေၾကာင္းအရာေတြ အဓိက က်ပါမလဲ၊ ျပည္သူေတြအတြက္ အေရးႀကီးတဲ့က႑ေတြ ဘာေတြရွိလဲ၊ ဘယ္လိုရႈျမင္ထားသလဲ၊ ႏိ္ုင္ငံေရးပါတီေတြမွာ ဘယ္လိုမူဝါဒေတြရွိသလဲ၊ ေရြးေကာက္ပဲြနဲ႔ဆက္ႏြယ္ၿပီး မဲဆႏၵရွင္ေတြအေနနဲ႔ ဘာေတြ သိရွိထားသင္သလဲ.. ဒီအေၾကာင္းအေရာေတြကို ေရြးေကာက္ပဲြအထူးအစီအစဥ္အျဖစ္ voa ျမန္မာပိုင္းက ေရဒီယိုေရာ ႐ုပ္ျမင္သံၾကားကပါ အပတ္စဥ္ ထုတ္လႊင့္တင္ဆက္ေနပါတယ္။ ဒီအစီအစဥ္ကိုေတာ့ Channel FFE မီဒီယာက အယ္ဒီတာ ကိုမႈးသစ္က စီစဥ္တင္ဆက္ေပးမွာပါ။ ဒီိသီတင္းပတ္မွာေတာ့ ေရြးေကာက္ပဲြနဲ႔ လူငယ္၊ အထူးသျဖင့္ first time voters လို႔ ေခၚတဲ့ ပထမဆံုးမဲေပးၾကမယ့္ လူငယ္မဲဆႏၵရွင္ေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြးၾကမွာပါ။ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီက မဆိုင္းႏုပန္ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီက မအိသဥၥာေမာင္နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္က ကိုေအာင္ခန္႔တို႔ ေဆြးေႏြးထားၾကပါတယ္။