သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုကို ထောက်ခံသူတို့ရဲ့ တန်ပြန်ဆန္ဒပြပွဲ


မှတ်တမ်းဓါတ်ပုံ- ၂၀၂၁ ဇန်နဝါရီလ ၃၀ ရက်နေ့က စစ်တပ်ထောက်ခံသူများ ဆန္ဒပြနေစဉ်
မှတ်တမ်းဓါတ်ပုံ- ၂၀၂၁ ဇန်နဝါရီလ ၃၀ ရက်နေ့က စစ်တပ်ထောက်ခံသူများ ဆန္ဒပြနေစဉ်

(Zawgyi/Unicode)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရ ဖွဲ့နိုင်တဲ့ အထိ အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရ အဖွဲ့နဲ့ NLD ပါတီက တာဝန်ရှိသူတွေကို ဖမ်းပြီး အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကို ထောက်ခံသူတွေရဲ့ တန်ပြန် ဆန္ဒပြမှုလည်း အနည်းငယ် ရှိနေပါတယ်။

ဒါပေမယ့် စစ်တပ်ကို ဆန့်ကျင်သူတွေက နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကြောင့် စစ်တပ် ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေက ပေါ်ပေါ်ထင်ထင်တော့ မတွေ့ရပါဘူး။ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့က စပြီး နှိမ်နှင်း ဖြိုခွဲတဲ့ အင်္ဂါနေ့မှာဘဲ ရမည်းသင်း မြို့နယ်က ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ရုံးမှာ စစ်တပ် ထောက်ခံပွဲ ဆန္ဒပြဖို့ စီစဉ်နေတယ်ဆိုတဲ့ ဗွီဒီယို တခုလည်း ပေါက်ကြားထွက်လာခဲ့ပါတယ်။ အဲဒီ ဗွီဒီယိုထဲမှာတော့ ဦးဆောင် ပြောဆိုနေသူက သူ့ကိုယ်သူ ရမည်းသင်းပါလို့ ပြောဆိုပြီး ဆန္ဒပြပွဲ အစီအစဉ်ကို ပြောဆိုနေတာကို တွေ့ရပါတယ်။

“ဟိုဘက်ဟာတွေက ကြည့်လိုက် ကျနော်တို့ အမျိုးဘာသာသာသနာကို ပျက်အောင်လုပ်လိုက်တယ်။ ကျနော်တို့ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတဲ့သူတိုင်းလိုက်ခဲ့ပါ။ ကား ၁ စီးကို ကျနော်တို့ပြောထားတယ် ၂ သောင်းပေးလိုက်ပါမယ်။ ပြည့်အောင်သာ ခေါ်ခဲ့ အယောက် ၂၀ လောက်ပါအောင်ကို ခေါ်ခဲ့။”

ဒါကတော့ လူမှုကွန်ယက် Facebook မှာ ပေါက်ကြားထွက်လာတဲ့ ဗွီဒီယိုထဲမှာတော့ ရမည်းသင်း ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရသလို၊ တပ်မတော်ကို ပံ့ပိုးပေးကြဖို့ စည်းရုံးပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။ သူ့တို့ကို ဗွီဒီယို ရိုက်ကူးထားတယ်ဆိုတာကိုတော့ သိရှိပုံ ရတဲ့ အနေအထား မတွေ့ရပါဘူး။ ဘယ်နေ့ ဘယ်အချိန်က ဘယ်သူ ရိုက်ကူးထားတာလဲ ဆိုတာကတော့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်ပြုချက် မရှိပါဘူး။

တိုက်ရိုက် လင့်ခ်


.............


(Unicode)





XS
SM
MD
LG