{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္အာဏာ႐ွင္စနစ္ ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြကို နည္းမ်ဳိးစံုနဲ႔ ဆက္လုပ္ေနၾကတာမွာ ဒီေန႔ေတာ့ တ႐ုတ္ကုန္ပစၥည္းေတြကို သပိတ္ေမွာက္ၾကေအာင္ စည္း႐ံုးလႈပ္႐ွားၾကပါတယ္။ အာဏာသိမ္းအစိုးရကို အားေပးေနတယ္လို႔ ဆႏၵျပသူေတြကယူဆထားတဲ့ တ႐ုတ္ႏုိင္ငံရဲ႕ ထုတ္ကုန္ေတြကို မသံုးၾကဖုိ႔ ႏိႈးေဆာ္သလို တ႐ုတ္အလံေတြကို မီး႐ႈိ႕ဆႏၵျပၾကတာနဲ႔ ေနာက္ဆံုး အဖမ္းအဆီးအေျခအေန ရန္ကုန္ကလာတဲ့သတင္းကိုမစုျမတ္မြန္က ဆက္ေျပာျပပါမယ္။
စစ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္းကစလို႔ အာဏာသိမ္းအုပ္ခ်ဳပ္မႈကို လက္မခံေၾကာင္းျပတဲ့ ဆႏၵျပပဲြေတြ ပံုစံမ်ဳိးစံုနဲ႔ ျပဳလုပ္ေနၾကပါတယ္။ ဒီကေန႔ ဧၿပီလ ၉ ရက္ေန႔မွာ ဧပရယ္ ၉၊ ပုန္ကန္မိုးဆိုတဲ့ ေျပာက္က်ားသပိတ္ လႈပ္ရွားမႈမွာ ပါဝင္တဲ့လူငယ္ေတြဟာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒစာအုပ္အပါအဝင္၊ စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ တ႐ုတ္သမၼတပုံေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး အာဏာရွင္စနစ္ကို ကန႔္ကြက္ခဲဲ့ၾကပါတယ္။
လုံးဝအုပ္ခ်ဳပ္၍ မရေစရ Red Movement အျပင္၊ လူမဲ့သပိတ္၊ ေရေပၚသပိတ္ေတြနဲ႔အတူ အာဏာရွင္ကို ဆန႔္က်င္ေနၾကသလို၊ လိုရင္ယူ ပိုရင္လႉဆိုတဲ့ ျပည္သူအခ်င္းခ်င္း ျပန္လည္ကူညီတဲ့ လႈပ္ရွားမႈေတြလည္း ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ၾကတာပါ။
တိုင္းရင္းသားစုေပါင္း သပိတ္ကို လူငယ္ေတြက ဦးေဆာင္ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ မနက္ပိုင္းမွာ စတင္ခဲ့တဲ့ ဒီလႈပ္ရွားမႈကို တပ္ဖဲြ႔ဝင္ေတြက ၿဖိဳခြဲဖို႔ေရာက္လာတာေၾကာင့္ လူငယ္ေတြလူစုခြဲၿပီး ထြက္ေျပးခဲ့ရပါတယ္။
တပ္ေတြရဲ႕ အၾကမ္းဖက္ၿဖိဳခြဲမယ့္ရန္ကေန လြတ္ႏိုင္ဖို႔အတြက္ လူမဲ့သပိတ္ပုံစံကိုလည္း တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ဆင္ႏႊဲတာေတြရွိပါတယ္။ ဆႏၵျပသူေတြ ေတာင္းဆိုခ်င္တဲ့ စာသားေတြကို ဆိုင္းပုဒ္ေတြေပၚေရးၿပီး လူမဲ့သပိတ္ေတြ လုပ္ၾကတာပါ။ တ႐ုတ္ႏိုင္ငံအေနနဲ႔ အိမ္နီးခ်င္းေကာင္း ပီသေအာင္က်င့္ႀကံဖုိ႔ ေတာင္းဆိုခ်က္ေတြကိုလည္း ေရးသားေတာင္းဆိုၾကပါတယ္။
အာဏာသိမ္းထားတဲ့ နစက စစ္ေကာင္စီကို ေထာက္ခံ ကာကြယ္ေပးေနတဲ့အတြက္ တ႐ုတ္ႏိုင္ငံကို အဓိကထားၿပီး သပိတ္ေမွာက္လာၾကတဲ့အထဲ တ႐ုတ္ထုတ္ကုန္ေတြကို လုံးဝမသုံးၾကဖို႔ လူမႈကြန္ယက္ေတြကေနတဆင့္လည္း ေဆာ္ၾသ လႈပ္႐ွားေနၾကပါတယ္။ စားေသာက္ကုန္အပါအဝင္၊ အိမ္သုံးပစၥည္းနဲ႔ အဝတ္အထည္ကအစ တ႐ုတ္ထုတ္ကုန္မွန္သမွ် ေရွာင္ၾကဖို႔အတြက္ အြန္လိုင္းကေနတဆင့္ လက္ဆင့္ကမ္းမွ်ေဝေနတဲ့ ရန္ကုန္ၿမိဳ႕ခံ လူငယ္တဦးကလည္း သူ႔ရဲ႕လႈပ္ရွားမႈေတြကို VOA ကိုေျပာပါတယ္။
"လူႀကီးေတြကို လူငယ္ေတြနဲ႔အတူတူ တ႐ုတ္ပစၥည္းေတြကို ႏိုင္သေလာက္ သပိတ္ေမွာက္ဖို႔ ဆိုၿပီးေတာ့ ရွင္းျပျဖစ္တယ္ေပါ့ေနာ္။ ဥပမာဆိုရင္ ထမင္းေပါင္းအိုးေတြဆိုရင္ မလႊင့္ပစ္ႏိုင္ေသးရင္ေတာင္မွ ဒီေတာ္လွန္ေရးကာလကေန စၿပီးေတာ့ ေနာက္ထပ္ တ႐ုတ္နဲ႔ပတ္သက္တဲ့ တ႐ုတ္ကေနတင္သြင္းတဲ့ ပစၥည္းေတြကို လုံးဝသပိတ္ေမွာက္ၿပီး ေရွာင္ၾကဥ္တာမ်ိဳး...။ မိန္းကေလးေတြဆိုရင္ အဝတ္အစားေတြ၊ ဖိနပ္ေတြ၊ လူသုံးကုန္ပစၥည္းေတြက ဥေရာပဘက္က တင္သြင္းတာတို႔၊ ကိုရီးယားဘက္က လာတဲ့ဟာေတြထက္ တ႐ုတ္ကလာတဲ့ဟာေတြက ပိုၿပီးေတာ့ ေစ်းကသက္သာေတာ့ အေျခခံေရာ၊ အလယ္အလတ္တန္းက လူေတြကေရာ ပိုၿပီးေတာ့ ဝယ္သုံးၾကတယ္ေပါ့ေနာ္။ အဲလိုမ်ိဳး ဝယ္မသုံးၾကဖို႔ ကိုယ့္အခ်င္းခ်င္းၾကားထဲမွာေရာ၊ လူႀကီးေတြပါသိေအာင္ ေျပာေပးတာမ်ိဳး ရွိတယ္။
"ဒါကေတာ့ လက္ရွိသြားေနတဲ့ သပိတ္လႈပ္ရွားမႈေတြလိုမ်ိဳး ဒီေန႔က ဘာလႈပ္ရွားမႈ၊ ညာလႈပ္ရွားမႈ... အဲလိုမ်ိဳး မဟုတ္ဘဲနဲ႔ ဒါကေတာ့ ေတာက္ေလွ်ာက္ေပါ့ေနာ္။ ေတာ္လွန္ေရးၿပီးသြားရင္ေတာင္မွ ဒီတ႐ုတ္ပစၥည္းေတြ လုံးဝကင္းစင္သြားတဲ့အထိကို လုပ္ႏိုင္ေအာင္လို႔ ညီမတို႔ ႀကိဳးစားေနပါတယ္ရွင္။"
တာေမြၿမိဳ႕နယ္၊ ေက်ာက္ေျမာင္းရပ္ကြက္ထဲမွာ လွည့္လည္ေနတဲ့ တာေမြသပိတ္စစ္ေၾကာင္းက ဆႏၵျပလူငယ္ေတြကိုလည္း ဒီကေန႔မနက္ပိုင္းမွာ စစ္ေကာင္စီလက္ေအာက္ခံ လက္နက္ကိုင္ေတြဘက္က အင္အားသုံးအၾကမ္းဖက္တာေတြရွိခဲ့ၿပီး ဆႏၵျပလူငယ္ ၃ ဦးကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ အဲဒီအနီးဝန္းက်င္မွာ ေနထိုင္သူတဦးက VOA ကိုေျပာပါတယ္။
"က်ေနာ္တို႔ ဒီ တာေမြ၊ ေက်ာက္ေျမာင္းကို ပိုဖိလာတယ္ေပါ့ေနာ္။ ဒီေန႔ဆိုရင္ အင္အားေတြမ်ားတယ္။ အခုေျပာရင္းဆိုရင္းပဲ မီးသတ္ကားအသံၾကားတယ္၊ ဘယ္မွာေလာင္ေနလဲေတာ့ မသိဘူး။ အရင္ဆိုရင္ တာေမြ၊ ေက်ာက္ေျမာင္းမွာ ပတ္ေနတဲ့ကားက ၁၀ စီးဝန္းက်င္၊ ၁၀ စီးေအာက္မွာပဲ ရွိတယ္။ အခုဆိုရင္ ကားကပတ္ေနတာ အစီး ၂၀ နီးပါးေလာက္ ရွိတယ္ေပါ့ေနာ္။ ၿပီးေတာ့ မျမင္ဘူးတဲ့ စစ္ကား Double cap ေတြေပါ့ေနာ္... အဲဒါေတြ ဝင္လာပါတယ္ဗ်။ ဒါ ဒီေန႔ ထူးထူးဆန္းဆန္းေတြ႕ရတဲ့ အေနအထားေတြပါဗ်။
"အရင္ဆိုရင္ေတာ့ က်ေနာ္တို႔ သံပံုးတီးခ်ိန္မွာေတာ့ လြတ္လြတ္လပ္လပ္ တီးခဲ့တယ္ေပါ့ေနာ္။ အခုဆိုရင္ သူတို႔က သံပုံးတီးခ်ိန္ေတာင္မွ သိပ္ၿပီးေတာ့ ခြင့္မလႊတ္ခ်င္တဲ့ ပုံစံမ်ိဳး၊ ေပးမတီးခ်င္တဲ့ ပုံစံမ်ိဳးေပါ့။ အဲဒီဝန္းက်င္အခ်ိန္ ၇နာရီခြဲ ၈နာရီ ဝန္းက်င္ဆိုတာနဲ႔ သူတို႔ကားေတြထြက္ၿပီးေတာ့ လမ္းေတြမွာပိတ္ဆို႔တာတို႔၊ အခန႔္မသင့္ရင္ အရမ္းဆူတဲ့ လမ္းေတြဘာေတြဆို သူတို႔ထိပ္မွာ ပိတ္ရပ္ၿပီးေတာ့ ဆဲဆိုတာတို႔၊ ေအာ္ဟစ္ေနတာတို႔ ရွိပါတယ္ဗ်။"
စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပေနသူေတြ အၾကမ္းမဖက္ CDM လႈပ္႐ွားေနသူေတြကို တပ္မေတာ္အၾကည္ညိဳပ်က္ေအာင္ လႈ႔ံေဆာ္၊ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅ (က) နဲ႔ ဖမ္းဆီးဖုိ႔ ဝရမ္းေတြ ထုတ္ထားသလို လိုက္လံဖမ္းဆီးတာေတြလည္း လုပ္ေနပါတယ္။ ၅၀၅ (က) နဲ႔ ဖမ္းဝရမ္းထုတ္ထားသူေတြထဲက ေက်ာ္ၾကားတဲ့ ႐ုပ္႐ွင္သ႐ုပ္ေဆာင္ အိႏၵာေက်ာ္ဇင္နဲ႔ ေျပတီဦးတို႔ ဇနီးေမာင္ႏွံ ဒီေန႔ ေန႔လည္ပိုင္းက အဖမ္းခံရတဲ့အေၾကာင္း မိသားစုဝင္ေတြဆီက သိရပါတယ္။
....................................
{{Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နည်းမျိုးစုံနဲ့ ဆက်လုပ်နေကြတာမှာ ဒီနေ့တော့ တရုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြအောင် စည်းရုံးလှုပ်ရှားကြပါတယ်။ အာဏာသိမ်းအစိုးရကို အားပေးနေတယ်လို့ ဆန္ဒပြသူတွေကယူဆထားတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်တွေကို မသုံးကြဖို့ နှိုးဆော်သလို တရုတ်အလံတွေကို မီးရှို့ဆန္ဒပြကြတာနဲ့ နောက်ဆုံး အဖမ်းအဆီးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ဆက်ပြောပြပါမယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစလို့ အာဏာသိမ်းအုပ်ချုပ်မှုကို လက်မခံကြောင်းပြတဲ့ ဆန္ဒပြပွဲတွေ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။ ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ ဧပရယ် ၉၊ ပုန်ကန်မိုးဆိုတဲ့ ပြောက်ကျားသပိတ် လှုပ်ရှားမှုမှာ ပါဝင်တဲ့လူငယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်အပါအဝင်၊ စစ်ဗိုလ်ချုပ်တွေနဲ့ တရုတ်သမ္မတပုံတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အာဏာရှင်စနစ်ကို ကန့်ကွက်ခဲ့ကြပါတယ်။
လုံးဝအုပ်ချုပ်၍ မရစေရ Red Movement အပြင်၊ လူမဲ့သပိတ်၊ ရေပေါ်သပိတ်တွေနဲ့အတူ အာဏာရှင်ကို ဆန့်ကျင်နေကြသလို၊ လိုရင်ယူ ပိုရင်လှူဆိုတဲ့ ပြည်သူအချင်းချင်း ပြန်လည်ကူညီတဲ့ လှုပ်ရှားမှုတွေလည်း ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြတာပါ။
တိုင်းရင်းသားစုပေါင်း သပိတ်ကို လူငယ်တွေက ဦးဆောင်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မနက်ပိုင်းမှာ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုကို တပ်ဖွဲ့ဝင်တွေက ဖြိုခွဲဖို့ရောက်လာတာကြောင့် လူငယ်တွေလူစုခွဲပြီး ထွက်ပြေးခဲ့ရပါတယ်။
တပ်တွေရဲ့ အကြမ်းဖက်ဖြိုခွဲမယ့်ရန်ကနေ လွတ်နိုင်ဖို့အတွက် လူမဲ့သပိတ်ပုံစံကိုလည်း တချို့မြို့နယ်တွေမှာ ဆင်နွှဲတာတွေရှိပါတယ်။ ဆန္ဒပြသူတွေ တောင်းဆိုချင်တဲ့ စာသားတွေကို ဆိုင်းပုဒ်တွေပေါ်ရေးပြီး လူမဲ့သပိတ်တွေ လုပ်ကြတာပါ။ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်း ပီသအောင်ကျင့်ကြံဖို့ တောင်းဆိုချက်တွေကိုလည်း ရေးသားတောင်းဆိုကြပါတယ်။
အာဏာသိမ်းထားတဲ့ နစက စစ်ကောင်စီကို ထောက်ခံ ကာကွယ်ပေးနေတဲ့အတွက် တရုတ်နိုင်ငံကို အဓိကထားပြီး သပိတ်မှောက်လာကြတဲ့အထဲ တရုတ်ထုတ်ကုန်တွေကို လုံးဝမသုံးကြဖို့ လူမှုကွန်ယက်တွေကနေတဆင့်လည်း ဆော်သြ လှုပ်ရှားနေကြပါတယ်။ စားသောက်ကုန်အပါအဝင်၊ အိမ်သုံးပစ္စည်းနဲ့ အဝတ်အထည်ကအစ တရုတ်ထုတ်ကုန်မှန်သမျှ ရှောင်ကြဖို့အတွက် အွန်လိုင်းကနေတဆင့် လက်ဆင့်ကမ်းမျှဝေနေတဲ့ ရန်ကုန်မြို့ခံ လူငယ်တဦးကလည်း သူ့ရဲ့လှုပ်ရှားမှုတွေကို VOA ကိုပြောပါတယ်။
"လူကြီးတွေကို လူငယ်တွေနဲ့အတူတူ တရုတ်ပစ္စည်းတွေကို နိုင်သလောက် သပိတ်မှောက်ဖို့ ဆိုပြီးတော့ ရှင်းပြဖြစ်တယ်ပေါ့နော်။ ဥပမာဆိုရင် ထမင်းပေါင်းအိုးတွေဆိုရင် မလွှင့်ပစ်နိုင်သေးရင်တောင်မှ ဒီတော်လှန်ရေးကာလကနေ စပြီးတော့ နောက်ထပ် တရုတ်နဲ့ပတ်သက်တဲ့ တရုတ်ကနေတင်သွင်းတဲ့ ပစ္စည်းတွေကို လုံးဝသပိတ်မှောက်ပြီး ရှောင်ကြဉ်တာမျိုး...။ မိန်းကလေးတွေဆိုရင် အဝတ်အစားတွေ၊ ဖိနပ်တွေ၊ လူသုံးကုန်ပစ္စည်းတွေက ဥရောပဘက်က တင်သွင်းတာတို့၊ ကိုရီးယားဘက်က လာတဲ့ဟာတွေထက် တရုတ်ကလာတဲ့ဟာတွေက ပိုပြီးတော့ ဈေးကသက်သာတော့ အခြေခံရော၊ အလယ်အလတ်တန်းက လူတွေကရော ပိုပြီးတော့ ဝယ်သုံးကြတယ်ပေါ့နော်။ အဲလိုမျိုး ဝယ်မသုံးကြဖို့ ကိုယ့်အချင်းချင်းကြားထဲမှာရော၊ လူကြီးတွေပါသိအောင် ပြောပေးတာမျိုး ရှိတယ်။
"ဒါကတော့ လက်ရှိသွားနေတဲ့ သပိတ်လှုပ်ရှားမှုတွေလိုမျိုး ဒီနေ့က ဘာလှုပ်ရှားမှု၊ ညာလှုပ်ရှားမှု... အဲလိုမျိုး မဟုတ်ဘဲနဲ့ ဒါကတော့ တောက်လျှောက်ပေါ့နော်။ တော်လှန်ရေးပြီးသွားရင်တောင်မှ ဒီတရုတ်ပစ္စည်းတွေ လုံးဝကင်းစင်သွားတဲ့အထိကို လုပ်နိုင်အောင်လို့ ညီမတို့ ကြိုးစားနေပါတယ်ရှင်။"
တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ထဲမှာ လှည့်လည်နေတဲ့ တာမွေသပိတ်စစ်ကြောင်းက ဆန္ဒပြလူငယ်တွေကိုလည်း ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေဘက်က အင်အားသုံးအကြမ်းဖက်တာတွေရှိခဲ့ပြီး ဆန္ဒပြလူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင်သူတဦးက VOA ကိုပြောပါတယ်။
"ကျနော်တို့ ဒီ တာမွေ၊ ကျောက်မြောင်းကို ပိုဖိလာတယ်ပေါ့နော်။ ဒီနေ့ဆိုရင် အင်အားတွေများတယ်။ အခုပြောရင်းဆိုရင်းပဲ မီးသတ်ကားအသံကြားတယ်၊ ဘယ်မှာလောင်နေလဲတော့ မသိဘူး။ အရင်ဆိုရင် တာမွေ၊ ကျောက်မြောင်းမှာ ပတ်နေတဲ့ကားက ၁၀ စီးဝန်းကျင်၊ ၁၀ စီးအောက်မှာပဲ ရှိတယ်။ အခုဆိုရင် ကားကပတ်နေတာ အစီး ၂၀ နီးပါးလောက် ရှိတယ်ပေါ့နော်။ ပြီးတော့ မမြင်ဘူးတဲ့ စစ်ကား Double cap တွေပေါ့နော်... အဲဒါတွေ ဝင်လာပါတယ်ဗျ။ ဒါ ဒီနေ့ ထူးထူးဆန်းဆန်းတွေ့ရတဲ့ အနေအထားတွေပါဗျ။
"အရင်ဆိုရင်တော့ ကျနော်တို့ သံပုံးတီးချိန်မှာတော့ လွတ်လွတ်လပ်လပ် တီးခဲ့တယ်ပေါ့နော်။ အခုဆိုရင် သူတို့က သံပုံးတီးချိန်တောင်မှ သိပ်ပြီးတော့ ခွင့်မလွှတ်ချင်တဲ့ ပုံစံမျိုး၊ ပေးမတီးချင်တဲ့ ပုံစံမျိုးပေါ့။ အဲဒီဝန်းကျင်အချိန် ၇နာရီခွဲ ၈နာရီ ဝန်းကျင်ဆိုတာနဲ့ သူတို့ကားတွေထွက်ပြီးတော့ လမ်းတွေမှာပိတ်ဆို့တာတို့၊ အခန့်မသင့်ရင် အရမ်းဆူတဲ့ လမ်းတွေဘာတွေဆို သူတို့ထိပ်မှာ ပိတ်ရပ်ပြီးတော့ ဆဲဆိုတာတို့၊ အော်ဟစ်နေတာတို့ ရှိပါတယ်ဗျ။"
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေ အကြမ်းမဖက် CDM လှုပ်ရှားနေသူတွေကို တပ်မတော်အကြည်ညိုပျက်အောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးဖို့ ဝရမ်းတွေ ထုတ်ထားသလို လိုက်လံဖမ်းဆီးတာတွေလည်း လုပ်နေပါတယ်။ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားသူတွေထဲက ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် အိန္ဒာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ ဒီနေ့ နေ့လည်ပိုင်းက အဖမ်းခံရတဲ့အကြောင်း မိသားစုဝင်တွေဆီက သိရပါတယ်။