သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ဆင္းရဲႏြမ္းပါးမႈ ႏွစ္ဆတိုးလာႏုိင္ေၾကာင္း UNDP သတိေပး


"ပိုတာလႈ၊ လိုတာယူ"လႈပ္ရွားမႈနဲဲ႔ ရန္ကုန္မွာ ဟင္းသီးဟင္းရြက္လႈဒါန္းမႈ၊ ၆ ဧၿပီ ၂၀၂၁။

ကိုဗစ္ကပ္ေဘးေၾကာင့္ အက်ပ္အတည္းေတြ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခံလိုက္ရတာေၾကာင့္ ႏွစ္ေတြနဲ႔ခ်ီ ႀကိဳးပမ္းလာခဲ့တဲ့ တိုးတက္မႈေတြ ေနာက္ျပန္ဆုတ္သြားတဲ့အျပင္ ဆင္းရဲႏြမ္းပါးမႈ ႏွစ္ဆ တိုးလာႏိုင္တယ္လို႔ ကုလသမဂၢ ဖြံၿဖိဳးေရးအစီအစဥ္ UNDP က ဒီကေန႔ ထပ္မံ သတိေပးလိုက္ပါတယ္။

“လြန္ခဲ့တဲ့ ၁၀ ႏွစ္ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေနတဲ့အခ်ိန္ အခက္အခဲေတြၾကား ႀကိဳးပမ္းခဲ့ရတဲ့ ဖြံ႔ၿဖိဳးမႈေတြအားလံုးဟာ ကိုဗစ္ကပ္ေဘးအျပင္ လက္ရွိ ႏိုင္ငံေရး အက်ပ္အတည္းေတြေၾကာင့္ လ အနည္းငယ္အတြင္းမွာပဲ ျပန္ၿပီး ဆံုး႐ံႈးရမယ့္အေျခအေနကို က်မတို႔ ေတြ႕ေနရပါတယ္။ ၿပီးခဲ့တဲ့ ၂၀၀၅ ခုႏွစ္ေလာက္တုန္းက အေျခအေနလို လူဦးေရ ထက္၀က္ေလာက္ ဆင္းရဲႏြမ္းပါးမႈဒဏ္ ၾကံဳရတဲ့ အေျခအေနမ်ိဳးကို ဦးတည္ေနတာျဖစ္ပါတယ္” လို႔ ကုလသမဂၢ ဖြံ႔ၿဖိဳးေရးေအဂ်င္စီ UNDP ရဲ႕ အာရွ-ပစိဖိတ္ ေဒသဆိုင္ရာ ၫႊန္ၾကားေရးမွဴး Kanni Wignaraja ေျပာပါတယ္။

စစ္တပ္ အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္အုပ္ခ်ဳပ္ေရးကိုဖီဆန္တဲ့ CDM လႈပ္ရွားမႈေတြ၊ ဆႏၵျပပြဲေတြ ရွိေနၿပီး တင္းမာမႈအေျခအေနေတြ ဆက္ရွိေနတာေၾကာင့္ လုပ္ငန္းေတြ ရပ္ဆိုင္းေနၿပီး လူဦးေရ ၁၂ သန္းေလာက္ ဆင္းရဲႏြမ္းပါးမႈ အက်ပ္အတည္း ဆိုးဆိုးရြားရြား ၾကံဳလာရႏိုင္ေခ်ရွိေနတယ္လို႔ UNDP ရဲ႕ အစီရင္ခံစာမွာ သတိေပးထားပါတယ္။

စားနပ္ရိကၡာရွားပါးတာ၊ အေျခခံ၀န္ေဆာင္မႈေတြ မရရွိတာ၊ လူမႈစီးပြား လုံျခံဳမႈမရွိတာေတြ ပိုၿပီး ၾကံဳလာရႏိုင္တာကို ေထာက္ျပထားတာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္ အာဏာသိမ္းခ်ိန္ကစလို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဟာ အင္တာနက္ဆက္သြယ္ေရးကို တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ခဲ့သလို ဆႏၵျပ ျပည္သူေတြကို အင္အားသံုး ပစ္ခတ္တာ၊ ဖမ္းဆီး ႏွိမ္နင္းတာေတြ လုပ္ခဲ့ပါတယ္။

လက္ရွိမွာ စက္ရံုေတြ အမ်ားအျပား ပိတ္ထားရၿပီး ဘဏ္နဲ႔ တျခား၀န္ေဆာင္မႈလုပ္ငန္းေတြ အမ်ားအျပား ရပ္တန္႔ေနတာျဖစ္ပါတယ္။

...

(Unicode)

ကိုဗစ်ကပ်ဘေးကြောင့် အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံလိုက်ရတာကြောင့် နှစ်တွေနဲ့ချီ ကြိုးပမ်းလာခဲ့တဲ့ တိုးတက်မှုတွေ နောက်ပြန်ဆုတ်သွားတဲ့အပြင် ဆင်းရဲနွမ်းပါးမှု နှစ်ဆ တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် UNDP က ဒီကနေ့ ထပ်မံ သတိပေးလိုက်ပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနေတဲ့အချိန် အခက်အခဲတွေကြား ကြိုးပမ်းခဲ့ရတဲ့ ဖွံ့ဖြိုးမှုတွေအားလုံးဟာ ကိုဗစ်ကပ်ဘေးအပြင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် လ အနည်းငယ်အတွင်းမှာပဲ ပြန်ပြီး ဆုံးရှုံးရမယ့်အခြေအနေကို ကျမတို့ တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်လောက်တုန်းက အခြေအနေလို လူဦးရေ ထက်ဝက်လောက် ဆင်းရဲနွမ်းပါးမှုဒဏ် ကြုံရတဲ့ အခြေအနေမျိုးကို ဦးတည်နေတာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကိုဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေ ရှိနေပြီး တင်းမာမှုအခြေအနေတွေ ဆက်ရှိနေတာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး လူဦးရေ ၁၂ သန်းလောက် ဆင်းရဲနွမ်းပါးမှု အကျပ်အတည်း ဆိုးဆိုးရွားရွား ကြုံလာရနိုင်ချေရှိနေတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

စားနပ်ရိက္ခာရှားပါးတာ၊ အခြေခံဝန်ဆောင်မှုတွေ မရရှိတာ၊ လူမှုစီးပွား လုံခြုံမှုမရှိတာတွေ ပိုပြီး ကြုံလာရနိုင်တာကို ထောက်ပြထားတာပါ။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကစလို့ စစ်အုပ်ချုပ်ရေးကောင်စီဟာ အင်တာနက်ဆက်သွယ်ရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့သလို ဆန္ဒပြ ပြည်သူတွေကို အင်အားသုံး ပစ်ခတ်တာ၊ ဖမ်းဆီး နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။

လက်ရှိမှာ စက်ရုံတွေ အများအပြား ပိတ်ထားရပြီး ဘဏ်နဲ့ တခြားဝန်ဆောင်မှုလုပ်ငန်းတွေ အများအပြား ရပ်တန့်နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG