သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ဘက္ကသေဘာတူရင္ ႏ်ဴကလီးယားသေဘာတူညီခ်က္ရႏိုင္ (ကန္အရာရွိတဦး)


အီရန္ႏ်ဴကလီးယားစာခ်ဳပ္အေရး ဗီယင္နာမွာေဆြးေႏြးၾကစဥ္ ေမ ၁၊ ၂၀၂၁။

(Zaqgyi)

အီရန္ဘက္ကသာ ႏိုင္ငံေရးဆုံးျဖတ္ခ်က္ ခ်ႏိုင္မယ္ဆုိရင္ ႏ်ဴကလီယာအေရး သေဘာတူခ်က္ရႏိုင္ေျခရွိတယ္လို႔ အေမရိကန္ထိပ္တန္းအရာရွိက ေျပာလိုက္ပါတယ္။ ၂၀၁၅ အီရန္ ႏ်ဴကလီးယားအေရး ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ပါ အခ်က္ေတြကို ျပန္လည္လိုက္နာဖို႔ လမ္းေၾကာင္းကို အေမရိကန္နဲ႔ အီရန္ၾကား လာမယ့္ သီတင္းပတ္ေတြအတြင္းမွာပဲ သေဘာတူညီခ်က္ ရႏိုင္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန အဆင့္ျမင့္အရာရွိတဦးက ေျပာလိုက္တာပါ။

သေဘာထားကြဲလြဲမူေတြ ႏွစ္ဘက္ရွိေနေပမဲ့ အရင္ဘံုသဘာတူခ်က္ျပန္ရေရး၊လက္ေတြ႕ျဖစ္လာဖို႔ကေတာ့ အီရန္ဘက္က စလုပ္ရမွာပါလို႔ အမည္မေဖာ္တဲ့ ဒီ အေမရိကန္အရာရွိက တယ္လီဖုန္းကတဆင့္ သတင္းစာရွင္းလင္းပဲြအတြင္း ၾကာသပေတးေန႔က ေျပာခဲ့ပါတယ္။ အီရန္ႏ်ဴကလီးယားအေရး ႏိုင္ငံတကာ သေဘာတူညီခ်က္ကေန သမၼတေဟာင္း ေဒၚနယ္ထရမ့္ လက္ထက္ ၂၀၁၈ ခုႏွစ္မွာ အေမရိကန္က ႏုတ္ထြက္ခဲ့ၿပီးေနာက္ အီရန္ဘက္ကလည္း တႏွစ္ေလာက္ အၾကာမွာပဲ ဒီစာခ်ဳပ္ပါ အခ်က္ေတြကို ျပန္ခ်ဳိးေဖာက္ခဲ့ပါတယ္။ သေဘာတူညီခ်က္ေတြကို ျပန္လည္လိုက္နာၾကဖို႔ အီရန္ႏိုင္ငံနဲ႔ တဆင့္ခံေဆြးေႏြးမႈေတြ ၄ ႀကိမ္ ေျမာက္အျဖစ္ ဒီတပတ္ထဲမွာပဲ အေမရိကန္ တာ၀န္ရွိသူေတြက ၾသစတီးယားႏိုင္ငံ၊ ဗီယမ္နာၿမိဳ႕မွာ လုပ္ခဲ့ၾကပါတယ္။

ေဆြးေႏြးမႈေတြမွာေတာ့ ႏ်ဴကလီးယားလက္နက္ ထုတ္လုပ္ႏိုင္မဲ့ ယူေရနီယံကို အီရန္အေနနဲ႔ မထုတ္လုပ္ဖို႔နဲ႔၊ အျပန္လွန္အားျဖင့္ အေမရိကန္၊ ဥေရာပသမဂၢ (EU) နဲ႔ ကုလသမဂၢတို႔ဘက္က ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ဖယ္ရွားေပးေရး အဓိက ညႇိႏႈိင္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အီရန်ဘက်ကသာ နိုင်ငံရေးဆုံးဖြတ်ချက် ချနိုင်မယ်ဆိုရင်၊ နျူကလီယာအရေး သဘောတူချက်ရနိုင်ခြေရှိတယ်လို့ အမေရိကန်ထိပ်တန်းအရာရှိက ပြောလိုက်ပါတယ်။ ၂၀၁၅ အီရန် နျူကလီးယားအရေး နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို ပြန်လည်လိုက်နာဖို့ လမ်းကြောင်းကို၊ အမေရိကန်နဲ့ အီရန်ကြား လာမယ့် သီတင်းပတ်တွေအတွင်းမှာပဲ သဘောတူညီချက် ရနိုင်တယ်လို့၊ အမေရိကန် နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတဦးက ပြောလိုက်တာပါ။

သဘောထားကွဲလွဲမူတွေ နှစ်ဘက်ရှိနေပေမဲ့၊ အရင်ဘုံသဘာတူချက်ပြန်ရရေး၊ လက်တွေ့ဖြစ်လာဖို့ကတော့ အီရန်ဘက်က စလုပ်ရမှာပါလို့၊ အမည်မဖော်တဲ့ ဒီ အမေရိကန်အရာရှိက တယ်လီဖုန်းကတဆင့် သတင်းစာရှင်းလင်းပွဲအတွင်း၊ မနေ့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။ အီရန်နျူကလီးယားအရေး နိုင်ငံတကာ သဘောတူညီချက်ကနေ၊ သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက် ၂၀၁၈ ခုနှစ်မှာ၊ အမေရိကန်က နုတ်ထွက်ခဲ့ပြီးနောက်၊ အီရန်ဘက်ကလည်း တနှစ်လောက် အကြာမှာပဲ ဒီစာချုပ်ပါ အချက်တွေကို ပြန်ချိုးဖောက်ခဲ့ပါတယ်။ သဘောတူညီချက်တွေကို ပြန်လည်လိုက်နာကြဖို့၊ အီရန်နိုင်ငံနဲ့ တဆင့်ခံဆွေးနွေးမှုတွေ ၄ ကြိမ် မြောက်အဖြစ် ဒီတပတ်ထဲမှာပဲ အမေရိကန် တာဝန်ရှိသူတွေက၊ သြစတီးယားနိုင်ငံ၊ ဗီယမ်နာမြို့မှာ လုပ်ခဲ့ကြပါတယ်။

ဆွေးနွေးမှုတွေမှာတော့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မဲ့၊ ယူရေနီယံကို အီရန်အနေနဲ့ မထုတ်လုပ်ဖို့နဲ့၊ အပြန်လှန်အားဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ကုလသမဂ္ဂတို့ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေး အဓိက ညှိနှိုင်းနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG