သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေျခအေန ကုလထုတ္ျပန္ခ်က္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာန ကန႔္ကြက္


ေနျပည္ေတာ္က ႏုိင္ငံျခားေရး၀န္ႀကီး႐ုံးထုတ္ျပန္ခ်က္၊ ဂ်ဴလိုင္ ၂၊ ၂၀၂၁။

(Zawgyi/Unicode)

စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနနဲ႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢဌာန ကိုယ္စားလွယ္အဖြဲ႕ကေန ရရွိတဲ့ အတည္မျပဳႏိုင္တဲ့ အခ်က္အလက္ေတြအေပၚ ကိုးကားၿပီး ဆႏၵျပသူေတြ ဖမ္းဆီး ေသဆုံးစာရင္းေတြနဲ႔ပတ္သက္ၿပီး ဇြန္လ ၂၉ရက္ေန႔က ေျပာဆိုခ်က္ေတြဟာ မွန္ကန္တိက်မႈမရွိေၾကာင္း ေတြ႕ရွိတဲ့အတြက္ ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္း ဒီကေန႔ သတင္းထုတ္ျပန္လိုက္ပါတယ္။

ဒီလိုကန႔္ကြက္ခ်က္နဲ႔အတူပဲ ကုလသမဂၢရဲ႕ Website မွာ ႏိုင္ငံေတြကို ေဖာ္ျပတဲ့ ျမန္မာႏိုင္ငံရဲ႕ ေနရာမွာ စစ္ေကာင္စီဘက္က အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ထားတဲ့ အဖြဲ႕ NUG ကို ခ်ိတ္ဆက္ေဖာ္ျပထားမႈကို ကန႔္ကြက္ေၾကာင္းလည္း သတင္းထုတ္ေဖာ္ျပပါတယ္။ ဒီလိုခ်ိတ္ဆက္ေဖာ္ျပမႈအေပၚ ျပန္လည္စိစစ္ေပးဖို႔ကိုလည္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္က ရန္ကုန္ၿမိဳ႕ ကုလသမဂၢဌာေန ညႇိႏႈိင္းေရးမႉး႐ုံး အဖြဲ႕ တာဝန္ရွိသူေတြကိုလည္း ေခၚယူၿပီး ကန႔္ကြက္ေၾကာင္း အသိေပးေျပာၾကားခဲ့တယ္လို႔လည္း သတင္းထုတ္ျပန္ပါတယ္။

ကုလသမဂၢအေနနဲ႔ သတင္းထုတ္ျပန္မႈေတြနဲ႔ ရွင္းလင္းမႈေတြ လုပ္ေဆာင္ရာမွာ တိက်ခိုင္လုံမႈမရွိတဲ့အခ်က္အလက္ေတြကို စိစစ္မႈမရွိပဲတဖတ္သက္ထုတ္ျပန္ေျပာဆိုမႈေတြ မလုပ္ဖို႔နဲ႔ မျပဳလုပ္မွီ သက္ဆိုင္ရာအစိုးရဌာနေတြနဲ႔ စိစစ္အတည္ျပဳေပးဖို႔ အထူးလိုအပ္ေၾကာင္းလည္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဒီကေန႔ ဇူလိုင္လ ၂ရက္ေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

မြန်မာ့အခြေအနေ ကုလထုတ်ပြန်ချက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

စစ်အုပ်ချုပ်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂဌာန ကိုယ်စားလှယ်အဖွဲ့ကနေ ရရှိတဲ့
အတည်မပြုနိုင်တဲ့ အချက်အလက်တွေအပေါ် ကိုးကားပြီး ဆန္ဒပြသူတွေ ဖမ်းဆီး သေဆုံးစာရင်းတွေနဲ့ပတ်သက်ပြီး ဇွန်လ ၂၉ရက်နေ့က ပြောဆိုချက်တွေဟာ မှန်ကန်တိကျမှုမရှိကြောင်း တွေ့ရှိတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီလိုကန့်ကွက်ချက်နဲ့အတူပဲ ကုလသမဂ္ဂရဲ့ Website မှာ နိုင်ငံတွေကို ဖော်ပြတဲ့ မြန်မာနိုင်ငံရဲ့ နေရာမှာ စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့ NUG ကို ချိတ်ဆက်ဖော်ပြထားမှုကို ကန့်ကွက်ကြောင်းလည်း သတင်းထုတ်ဖော်ပြပါတယ်။ ဒီလိုချိတ်ဆက်ဖော်ပြမှုအပေါ် ပြန်လည်စိစစ်ပေးဖို့ကိုလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ရန်ကုန်မြို့ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံး အဖွဲ့ တာဝန်ရှိသူတွေကိုလည်း ခေါ်ယူပြီး ကန့်ကွက်ကြောင်း အသိပေးပြောကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ သတင်းထုတ်ပြန်မှုတွေနဲ့ ရှင်းလင်းမှုတွေ လုပ်ဆောင်ရာမှာ တိကျခိုင်လုံမှုမရှိတဲ့အချက်အလက်တွေကို စိစစ်မှုမရှိပဲတဖတ်သက်ထုတ်ပြန်ပြောဆိုမှုတွေ မလုပ်ဖို့နဲ့ မပြုလုပ်မှီ သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ စိစစ်အတည်ပြုပေးဖို့ အထူးလိုအပ်ကြောင်းလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင်လ ၂ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG