သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္- ျမန္မာနယ္စပ္ ေရႊလီၿမိဳ႕အ၀င္အထြက္ပိတ္ဆို႔ၿပီး ပိုးစစ္ေဆးမႈေတြျပဳလုပ္


ေရႊလီၿမိဳ႔တြင္ ကိုဗစ္ပိုးစစ္ေဆးေနပုံ၊ ဂ်ဴလုိင္ ၅၊ ၂၀၂၁။


(Zawgyi/Unicode)
တရုတ္ျမန္မာနယ္စပ္မွာ ကိုဗစ္ပိုးကူးခံရသူေတြေတြ႔လာတာေၾကာင့္ နယ္စပ္က ေရႊလီၿမိဳ ႔မွာတာ၀န္ရွိသူေတြက ေလာခ္ေဒါင္း (Lockdown) ခ်ထားလိုက္ပါတယ္။ လူသီးေရ၂ သိန္းေက်ာ္ရွိတဲ့ ေရႊလိီမွာ ပိုးစစ္ေဆးမႈအႀကီးအက်ယ္လုပ္ေနၿပီး မေန႔တနလၤာေန႔က ပိုးကူးသူ (၃) ဦးေတြ႔ရွိခဲ့တာေၾကာင့္ ေနာက္တေက်ာ့ပိုးကူးမလာေအာင္ ကန္႔သတ္ခ်က္ေတြ ခုလိုထုတ္ျပန္လိုက္တာျဖစ္ပါတယ္။ ဒါဟာ ေလးလအတြင္း ဒုတိယအႀကိမ္ေျမာက္ကန္႔သတ္ခ်က္ထုတ္ျပန္တာလည္းျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာစစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း အေျခအေနမတည္မၿငိမ္ျဖစ္ေနတာေၾကာင့္ရွမ္းျပည္နယ္၊မူဆယ္ၿမိဳ႔နဲ႔ နယ္ခ်င္းထိစပ္ေနတဲ့ တရုတ္နုိင္ငံေရႊလီၿမိဳ ႔ထဲ လူေတြအလုံးအရင္းနဲ႔၀င္ေရာက္လာမွာကိုလည္း စိုးရိမ္မႈေတြရွိေနပါတယ္။ ပိုးေတြ႔သူ ၃ ဦးထဲက ၁ ဦးဟာ ျမန္မာႏုိင္ငံသားျဖစ္ေၾကာင္း ယူနန္ျပည္နယ္က်န္းမာေရးဌာနကေျပာပါတယ္။ နယ္စပ္မွာပိုးကူးစက္မႈတိုးလာတဲ့အတြက္ မတ္လကတည္းက တရုတ္ဖက္ကေန နယ္စပ္ကုန္သြယ္ေရး ပင္မတံတားႀကီး ကိုပိတ္ထားတာျဖစ္ပါတယ္။

တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္၀င္မလာႏုိင္ေအာင္၊ လူကုန္ကူးသူေတြကို တားဆီးႏုိင္ေအာင္တရုတ္အာဏာပိုင္ေတြက ကင္းလွည့္တပ္ဖြဲ႔ေတြကိုပါတိုးခ်ထားပါတယ္။ ေရႊလီၿမိဳ႔ခံအားလုံးကို ၂ ရက္အတြင္း ကိုဗစ္ပိုးစစ္ေဆးမွာျဖစ္သလို မလိုအပ္ပဲ ခရီးသြားတာမ်ိဳးကိုပါ ရက္အကန္႔အသတ္မရွိတားျမစ္ထားတယ္လို႔ ေဒသအာဏာပိုင္ေတြက တနလၤာေန႔မွာေျပာပါတယ္။ ျမန္မာႏုိင္ငံတြင္းမွာလည္း ကပ္ေရာဂါအေျခအေန တေန႔တျခားပိုဆိုးလာေနပါတယ္။ ျမန္မာအားကစားနဲ႔က်န္းမာေရး၀န္ႀကီးဌာနရဲ ႔ဂ်ဴလုိင္လ ၅ရက္ထုတ္ျပန္ခ်က္အရ ပိုးစစ္ေဆးမႈ ၁ေသာင္းေက်ာ္မွာ ပိုးေတြ႔သူ ၃ ေထာင္နီးပါးရွိေနၿပီးပိုးကူးသူနဲ႔ ေသဆုံးသူေတြလည္း ေန႔စဥ္လို စံခ်ိန္တင္တိုးလာေနတာျဖစ္ပါတယ္။


(Unicode)
တရုတ်မြန်မာနယ်စပ်မှာ ကိုဗစ်ပိုးကူးခံရသူတွေတွေ့လာတာကြောင့် နယ်စပ်က ရွှေလီမြို့မှာတာဝန်ရှိသူတွေက လောခ်ဒေါင်း (Lockdown) ချထားလိုက်ပါတယ်။ လူသီးရေ၂ သိန်းကျော်ရှိတဲ့ ရွှေလီမှာ ပိုးစစ်ဆေးမှုအကြီးအကျယ်လုပ်နေပြီး မနေ့တနင်္လာနေ့က ပိုးကူးသူ (၃) ဦးတွေ့ရှိခဲ့တာကြောင့် နောက်တကျော့ပိုးကူးမလာအောင် ကန့်သတ်ချက်တွေ ခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒါဟာ လေးလအတွင်း ဒုတိယအကြိမ်မြောက်ကန့်သတ်ချက်ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေမတည်မငြိမ်ဖြစ်နေတာကြောင့်ရှမ်းပြည်နယ်၊မူဆယ်မြို့နဲ့ နယ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံရွှေလီမြို့ထဲ လူတွေအလုံးအရင်းနဲ့ဝင်ရောက်လာမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။ ပိုးတွေ့သူ ၃ ဦးထဲက ၁ ဦးဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း ယူနန်ပြည်နယ်ကျန်းမာရေးဌာနကပြောပါတယ်။ နယ်စပ်မှာပိုးကူးစက်မှုတိုးလာတဲ့အတွက် မတ်လကတည်းက တရုတ်ဖက်ကနေ နယ်စပ်ကုန်သွယ်ရေး ပင်မတံတားကြီး ကိုပိတ်ထားတာဖြစ်ပါတယ်။


တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်မလာနိုင်အောင်၊ လူကုန်ကူးသူတွေကို တားဆီးနိုင်အောင်တရုတ်အာဏာပိုင်တွေက ကင်းလှည့်တပ်ဖွဲ့တွေကိုပါတိုးချထားပါတယ်။ ရွှေလီမြို့ခံအားလုံးကို ၂ ရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးမှာဖြစ်သလို မလိုအပ်ပဲ ခရီးသွားတာမျိုးကိုပါ ရက်အကန့်အသတ်မရှိတားမြစ်ထားတယ်လို့ ဒေသအာဏာပိုင်တွေက တနင်္လာနေ့မှာပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာလည်း ကပ်ရောဂါအခြေအနေ တနေ့တခြားပိုဆိုးလာနေပါတယ်။ မြန်မာအားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ဂျူလိုင်လ ၅ရက်ထုတ်ပြန်ချက်အရ ပိုးစစ်ဆေးမှု ၁သောင်းကျော်မှာ ပိုးတွေ့သူ ၃ ထောင်နီးပါးရှိနေပြီးပိုးကူးသူနဲ့ သေဆုံးသူတွေလည်း နေ့စဉ်လို စံချိန်တင်တိုးလာနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG