သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္နဲ႔ ၿမိဳ႕ႀကီးေတြမွာ ကိုဗစ္သံသယနဲ႔ေသဆုံးသူမ်ားျပား


SENSITIVE MATERIAL. THIS IMAGE MAY OFFEND OR DISTURB Volunteers carry bodies of people who died due to the coronavirus disease (COVID-19), during their funeral at a cemetery in Mandalay, Myanmar July 14, 2021. REUTERS/Stringer

ကိုဗစ္တတိယလႈိင္းကို ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံက ရန္ကုန္အျပင္ တျခားၿမိဳ႕ႀကီးေတြမွာလည္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူနဲ႔ ကိုဗစ္သံသယလူနာေတြ မ်ားျပားေနပါတယ္။ ေမာ္လၿမိဳင္၊ ပုသိမ္၊ ေတာင္ႀကီးစတဲ့ ၿမိဳ႕ေတြမွာ ကိုဗစ္လကၡဏာနဲ႔ ေသဆုံးသူ ေန႔စဥ္ ၂၀ ထက္မနည္းရွိေနတယ္လို႔ ေျမျပင္မွာ အကူအညီေပးေနၾကသူေတြက ေျပာပါတယ္။ တခ်ိန္ထဲမွာပဲ လူနာေတြအလြန္အမင္းလိုအပ္ေနတဲ့ ေအာက္စီဂ်င္ရွားပါးေနတဲ့ အေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း နန္းေလာင္ဝ္ေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕မွာ ကိုဗစ္အတည္ျပဳလူနာေတြေရာ ကိုဗစ္သံသယလူနာေတြပါ ေသဆုံးေနၾကလို႔ သုႆန္ေတြမွာ အလ်င္မမွီေအာင္ မီးသၿဂိဳလ္မေပးႏိုင္တဲ့ အေျခအေနျဖစ္ေနခ်ိန္မွာပဲ ျမန္မာႏိုင္ငံက တျခားၿမိဳ႕ေတြမွာလည္း ေန႔သူေသဆုံးသူေတြ မ်ားျပားေနပါတယ္။ မြန္ျပည္နယ္မွာဆိုရင္ ကိုဗစ္ အတည္ျပဳနဲ႔ သံသယလူနာ ေန႔စဥ္ ၂၅ ေယာက္ထက္မနည္း ေသဆုံးေနတယ္လို႔ ပရဟိတလူမႈအကူအညီေပးသူတစ္ဦးက ေျပာပါတယ္။

“အခုဆိုရင္ သၿဂိ ၤုလ္တာက တစ္ေန႔ေန႔ဆိုရင္ အခု ၂၅ ေလာင္းက ပုံမွန္လိုျဖစ္လာတယ္ေပါ့ အရင္တုန္းကဆိုရင္ ၁၀ ေလာင္းရယ္ ၁၄ ေလာင္း၊ ၁၃၊ ၁၅ ေလာက္ အခုဆိုလို႔ရွိရင္ေတာ့ တစ္ေန႔တစ္ရက္တည္း ၂၅ ေလာင္းထိ ပုံမွန္သၿဂိၤုလ္ရတယ္ေပါ့ေနာ္။ အဲ့လိုမ်ိဳးေတြ ျဖစ္ေနတာေပါ့။”

ေမာ္လၿမိဳင္ေဆး႐ုံႀကီးမွာ ကုသမႈခံယူေနတဲ့ ကိုဗစ္အတည္ျပဳလူနာ ၂၄ ဦးနဲ႔ ရပ္ကြက္ထဲမွာ ၂ ဦး ဇူလိုင္ ၁၉ ရက္ မေန႔က တစ္ရက္တည္းတင္ ၂၆ ဦးအထိေသဆုံးတဲ့အေၾကာင္း ေဒသခံလူမႈကယ္ေရးအဖြဲ႕ရဲ႕ ၾသဂႌုလ္ေပးခဲ့တဲ့ စာရင္းအရ သိရပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဇူလိုင္ ၁၉ ရက္ စာရင္းအရ မြန္ျပည္နယ္မွာ ကိုဗစ္အတည္ျပဳလူနာ ၁၈၈ ဦးရွိပါတယ္။ ေမာ္လၿမိဳင္ၿမိဳ႕မွာဆိုရင္
တစ္ၿမိဳ႕လုံးနီးပါး ကိုဗစ္ကူးစက္ေနပုံရတယ္လို႔ ပရဟိတလူမႈအကူအညီေပးသူတစ္ဦးက ဆက္ေျပာပါတယ္။

“အခုက တစ္ၿမိဳ႕လုံးအႏွံ႔အေျခအေနကို ျဖစ္ေနတာ အိမ္တိုင္းအိမ္တိုင္းမွာ ရွိတဲ့ မိသားစု၊ မိသားစုတိုင္းမွာ အနည္းဆုံးေတာ့
တစ္ေယာက္ ႏွစ္ေယာက္ေလာက္ေတာ့ ျဖစ္ေနၾကတာေတြ လာမစစ္တာနဲ႔ လာမကုတာနဲ႔ ေဆး႐ုံမတက္တာပဲရွိမယ္ အကုန္လုံးနီးပါး အခု က်ေနာ္တို႔သိသေလာက္ဆိုလို႔ရွိရင္ေတာ့ အားလုံးနီးပါး တစ္ၿမိဳ႕လုံးနီးပါးေလာက္ကို ျဖစ္ေနတာ ကူးစက္ေနတာဆိုေတာ့ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔လည္းေျပာလို႔မတတ္ေတာ့ဘူး၊ ကူးစက္မႈႏႈန္းက စာရင္းဇယားအရဆိုလို႔ရွိရင္ လာစစ္တဲ့ေဆး႐ုံတက္တဲ့လူေလာက္ပဲ သူတို႔မွာရွိမွာေလး၊ ဒါေပမယ့္ အျပင္မွာမစစ္လည္းမစစ္ေပးႏိုင္ ကူးစက္ေနကူးစက္ေနတဲ့ အေရအတြက္ေတြလည္း အမ်ားႀကီးပဲ ပြင့္ပြင့္ေျပာလို႔ရွိရင္ ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္အထိကူးစက္တဲ့ အေနအထားျဖစ္ေနတာေပါ့ေနာ္။”

ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕နယ္ထဲမွာလည္း ဇူလိုင္ ၁ ရက္ ကေန ၁၉ ရက္ေန႔အထိ ေသဆုံးသူ စုစုေပါင္း ၄၀၀ ဝန္းက်င္ရွိေနတယ္လို႔
ေဒသခံပရဟိအသင္းေတြရဲ႕ စာရင္းအရ သိရပါတယ္။ က်န္းမာေရးဌာနရဲ႕ ဇူလိုင္ ၁၉ ရက္ေန႔ကစာရင္းမွာကို ကိုဗစ္အတည္ျပဳလူနာ ၃၉ ဦးအထိ ရွိေနပါတယ္။

အခုလို ကူးစက္မႈျမင့္တက္လာရတာဟာ ကိုဗစ္လူနာေတြနဲ႔ ထိေတ့ြသူေတြကို မထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ ကူးစက္မႈနဲ႔ ေသဆုံးႏႈန္းပိုျမင့္တက္လာရတာလို႔ ပုသိမ္ၿမိဳ႕က ကိုယ္တိုင္း ကိုဗစ္လူနာျပဳစုေနသူ တစ္ဦးက ေျပာပါတယ္။ ကိုဗစ္လူနာ ျပဳစုေစာင့္ရွာင္ေနရသူကိုယ္တိုင္းက ေအာက္ဆီဂ်င္ေလျဖည့္ႏိုင္ဖို႔ လိုက္လံရွာေဖြ တန္စီးေနရတဲ့ အေျခအေနျဖစ္ေနတာပါ။

“အမ်ားစုေပ့ါေနာ္၊ ေသဆုံးတဲ့လူအမ်ားစုရဲ႕ ေလးပုံ သုံးပုံကေတာ့ အိမ္မွာပဲ ဆုံးၾကတယ္ခင္ဗ်၊ ေဆး႐ုံ၊ ေဆးခန္းသြားလည္း အခုက ေအာက္ဆီဂ်င္
ကိုယ့္အိုးနဲ႔ ကိုယ္လာလို႔မွ သူတို႔လက္ခံမယ္အေျခအေနမ်ိဳးျဖစ္ေနတဲ့အတြက္ အမ်ားစုက အိမ္မွာပဲ အဲ့လိုေဆးကုေနရင္းနဲ႔ပဲ ဆုံးသြားၾကတဲ့
လူေတြမ်ားတယ္ခင္ဗ် ဟုတ္။ အရင္တုန္းကေတာ့ အရင္အစိုးရလက္ထက္မွာ က်ေနာ္တို႔ ဒီ contact person ေတြ ဆိုရင္ ဒီ quarantine center ကို
သူတို႔အဓိကထားၿပီးေတာ့ က်ေနာ္တို႔ ကြင္းဆက္ျဖတ္တယ္ေလး၊ အခုက်ေတာ့ ဟို…ဘယ္လိုျဖစ္ေနလဲဆိုေတာ့ ဒီလူနာရွင္းေတြကိုယ္တိုင္းက အိမ္မွာလူနာတစ္ေယာက္ရွိၿပီးဆိုရင္ ထိစပ္တဲ့လူေတြမွန္သမွ်ကလည္း အိမ္က လူနာအတြက္ေအာက္ဆီဂ်င္ေတြလည္း ၿမိဳ႕ထဲမွာ တန္စီးေနရတယ္ခင္ဗ်၊ ေအာက္ဆီဂ်င္တန္စီးေနတဲ့ လူနာရွင္ေတာ္ေတာ္မ်ားမ်ားကလည္း ဒါထိစပ္ေတြပဲေလး၊
အဲ့လိုကေနမွ တဆင့္တအား ျမင့္တက္လာတယ္လို႔ပဲ ထင္ပါတယ္ခင္ဗ်။”

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕နယ္မွာလည္း တစ္ရက္တည္း အတည္ျပဳလူနာ ၁၄၂ ေယာက္ရွိတယ္လို႔ ၿမိဳ႕မ အုပ္ခ်ဳပ္ေရးမႉး
ဦးၾကည္သန္းေလးက ေျပာပါတယ္။ ကိုဗစ္ေရာဂါပိုး ရွိ မရွိ အကန႔္အသတ္နဲ႔သာ စစ္ေပးႏိုင္ၿပီးတကယ္ ထိထိေရာက္ေရာက္ စစ္ေပးႏိုင္မယ္ဆိုရင္ ဒီထက္မက အဆမတန္ ေတြ႕ႏိုင္တယ္လို႔ ေျပာပါတယ္။

“မေန႔ကေတာ့ ၁၀၀ နဲ႔ ၄၂ ေယာက္ျဖစ္သြားတယ္ က်ေနာ္တို႔ ေတာင္ႀကီးမွာေလး၊ ကူးစက္မႈႏႈန္းက ပိုမ်ားတယ္ ဒါေတာင္ က်ေနာ္တို႔က
အကန႔္အသတ္နဲ႔ပဲ စစ္ေပးရတယ္ဗ်၊ တကယ္တန္တာ ထိထိေရာက္ေရာက္စစ္မယ္ဆိုေတာ့ ဒီထက္လည္းမကဘူး ျဖစ္သြားႏိုင္တယ္ေပါ့ေနာ္၊ ဒီေန႔ဆိုရင္ က်ေနာ္တို႔ ဒီဘက္စိန္ပန္းရပ္ကြက္တို႔မွာဆိုရင္ အသက္ ၇၀ ေက်ာ္ အဖြားေတြပါ ဆုံးသြားတာေတြရွိတယ္ဗ်ာ၊ ႐ုတ္တရက္ ေအာက္ဆီဂ်င္ျပတ္ေသဆုံးတာက်ေနာ္တို႔ေဘးအိမ္ကေတာ့ positive အိမ္ေပါ့ဗ်ာ အဲ့ဟာနဲ႔ နီးစပ္တဲ့ အိမ္ေတြမွာ အဲ့လိုေသဆုံးမႈေတြ ရွိလာေတာ့ က်ေနာ္တို႔လည္းပိုၿပီးစိုးရိမ္တာေပါ့။”

ေတာင္ႀကီးၿမိဳ႕မွာ ကိုဗစ္စစ္ေပးႏိုင္တဲ့ေနရာ ႏွစ္ခုရွိပါတယ္ မိုးကုတ္ဝိပတ္သနာ quarantine center မွာ အခမဲ့ စစ္ေပးပါတယ္။ ရွမ္းျပည္နယ္အစိုးရ႐ုံး ေဟာင္းမွာေတာ့ တေယာက္ကို က်ပ္ ၁၂,၀၀၀ ႏႈန္း အခေၾကးေငြယူၿပီး စစ္ေပးေနပါတယ္။ ဒီႏွစ္ေနရာစလုံးမွာ လူဦးေရး အကန႔္အသတ္နဲ႔ စစ္ေပးႏိုင္တယ္လို႔ ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါ ကူးစက္ေသဆုံးသူ စိုးရိမ္စရာေကာင္းေလာက္ေအာင္ မ်ားေနခ်ိန္မွာ အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီအေနနဲ႔ ေရာဂါ ကုသ ထိန္းခ်ဳပ္ေရးပိုင္းကို ထိထိေရာက္ေရာက္ မလုပ္ႏိုင္ဘူးလို႔ လက္ေတြ႕ကူညီေနၾကသူေတြက ေထာက္ျပေနၾကပါတယ္။ စစ္ေကာင္စီကလည္း က်န္းမာေရးဝန္ထမ္း အလုံအေလာက္မရွိဘူးဆိုတာကို အသိအမွတ္ျပဳ ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


+++

ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက ရန်ကုန်အပြင် တခြားမြို့ကြီးတွေမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူနဲ့ ကိုဗစ်သံသယလူနာတွေ များပြားနေပါတယ်။ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီးစတဲ့ မြို့တွေမှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ နေ့စဉ် ၂၀ ထက်မနည်းရှိနေတယ်လို့ မြေပြင်မှာ အကူအညီပေးနေကြသူတွေက ပြောပါတယ်။ တချိန်ထဲမှာပဲ လူနာတွေအလွန်အမင်းလိုအပ်နေတဲ့ အောက်စီဂျင်ရှားပါးနေတဲ့ အခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်း နန်းလောင်ဝ်ပြောပြပါမယ်။

ရန်ကုန်မြို့မှာ ကိုဗစ်အတည်ပြုလူနာတွေရော ကိုဗစ်သံသယလူနာတွေပါ သေဆုံးနေကြလို့ သုဿန်တွေမှာ အလျင်မမှီအောင် မီးသဂြိုလ်မပေးနိုင်တဲ့ အခြေအနေဖြစ်နေချိန်မှာပဲ မြန်မာနိုင်ငံက တခြားမြို့တွေမှာလည်း နေ့သူသေဆုံးသူတွေ များပြားနေပါတယ်။ မွန်ပြည်နယ်မှာဆိုရင် ကိုဗစ် အတည်ပြုနဲ့ သံသယလူနာ နေ့စဉ် ၂၅ ယောက်ထက်မနည်း သေဆုံးနေတယ်လို့ ပရဟိတလူမှုအကူအညီပေးသူတစ်ဦးက ပြောပါတယ်။

“အခုဆိုရင် သဂြိ ၤုလ်တာက တစ်နေ့နေ့ဆိုရင် အခု ၂၅ လောင်းက ပုံမှန်လိုဖြစ်လာတယ်ပေါ့ အရင်တုန်းကဆိုရင် ၁၀ လောင်းရယ် ၁၄ လောင်း၊ ၁၃၊ ၁၅ လောက် အခုဆိုလို့ရှိရင်တော့ တစ်နေ့တစ်ရက်တည်း ၂၅ လောင်းထိ ပုံမှန်သဂြိၤုလ်ရတယ်ပေါ့နော်။ အဲ့လိုမျိုးတွေ ဖြစ်နေတာပေါ့။”

မော်လမြိုင်ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာ ၂၄ ဦးနဲ့ ရပ်ကွက်ထဲမှာ ၂ ဦး ဇူလိုင် ၁၉ ရက် မနေ့က တစ်ရက်တည်းတင် ၂၆ ဦးအထိသေဆုံးတဲ့အကြောင်း ဒေသခံလူမှုကယ်ရေးအဖွဲ့ရဲ့ သြင်္ဂီုလ်ပေးခဲ့တဲ့ စာရင်းအရ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၉ ရက် စာရင်းအရ မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၈၈ ဦးရှိပါတယ်။ မော်လမြိုင်မြို့မှာဆိုရင်
တစ်မြို့လုံးနီးပါး ကိုဗစ်ကူးစက်နေပုံရတယ်လို့ ပရဟိတလူမှုအကူအညီပေးသူတစ်ဦးက ဆက်ပြောပါတယ်။

“အခုက တစ်မြို့လုံးအနှံ့အခြေအနေကို ဖြစ်နေတာ အိမ်တိုင်းအိမ်တိုင်းမှာ ရှိတဲ့ မိသားစု၊ မိသားစုတိုင်းမှာ အနည်းဆုံးတော့
တစ်ယောက် နှစ်ယောက်လောက်တော့ ဖြစ်နေကြတာတွေ လာမစစ်တာနဲ့ လာမကုတာနဲ့ ဆေးရုံမတက်တာပဲရှိမယ် အကုန်လုံးနီးပါး အခု ကျနော်တို့သိသလောက်ဆိုလို့ရှိရင်တော့ အားလုံးနီးပါး တစ်မြို့လုံးနီးပါးလောက်ကို ဖြစ်နေတာ ကူးစက်နေတာဆိုတော့ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လည်းပြောလို့မတတ်တော့ဘူး၊ ကူးစက်မှုနှုန်းက စာရင်းဇယားအရဆိုလို့ရှိရင် လာစစ်တဲ့ဆေးရုံတက်တဲ့လူလောက်ပဲ သူတို့မှာရှိမှာလေး၊ ဒါပေမယ့် အပြင်မှာမစစ်လည်းမစစ်ပေးနိုင် ကူးစက်နေကူးစက်နေတဲ့ အရေအတွက်တွေလည်း အများကြီးပဲ ပွင့်ပွင့်ပြောလို့ရှိရင် မြို့တစ်မြို့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်အထိကူးစက်တဲ့ အနေအထားဖြစ်နေတာပေါ့နော်။”

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ထဲမှာလည်း ဇူလိုင် ၁ ရက် ကနေ ၁၉ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၄၀၀ ဝန်းကျင်ရှိနေတယ်လို့
ဒေသခံပရဟိအသင်းတွေရဲ့ စာရင်းအရ သိရပါတယ်။ ကျန်းမာရေးဌာနရဲ့ ဇူလိုင် ၁၉ ရက်နေ့ကစာရင်းမှာကို ကိုဗစ်အတည်ပြုလူနာ ၃၉ ဦးအထိ ရှိနေပါတယ်။

အခုလို ကူးစက်မှုမြင့်တက်လာရတာဟာ ကိုဗစ်လူနာတွေနဲ့ ထိတေ့ွသူတွေကို မထိန်းချုပ်နိုင်တာကြောင့် ကူးစက်မှုနဲ့ သေဆုံးနှုန်းပိုမြင့်တက်လာရတာလို့ ပုသိမ်မြို့က ကိုယ်တိုင်း ကိုဗစ်လူနာပြုစုနေသူ တစ်ဦးက ပြောပါတယ်။ ကိုဗစ်လူနာ ပြုစုစောင့်ရှာင်နေရသူကိုယ်တိုင်းက အောက်ဆီဂျင်လေဖြည့်နိုင်ဖို့ လိုက်လံရှာဖွေ တန်စီးနေရတဲ့ အခြေအနေဖြစ်နေတာပါ။

“အများစုပေ့ါနော်၊ သေဆုံးတဲ့လူအများစုရဲ့ လေးပုံ သုံးပုံကတော့ အိမ်မှာပဲ ဆုံးကြတယ်ခင်ဗျ၊ ဆေးရုံ၊ ဆေးခန်းသွားလည်း အခုက အောက်ဆီဂျင်
ကိုယ့်အိုးနဲ့ ကိုယ်လာလို့မှ သူတို့လက်ခံမယ်အခြေအနေမျိုးဖြစ်နေတဲ့အတွက် အများစုက အိမ်မှာပဲ အဲ့လိုဆေးကုနေရင်းနဲ့ပဲ ဆုံးသွားကြတဲ့
လူတွေများတယ်ခင်ဗျ ဟုတ်။ အရင်တုန်းကတော့ အရင်အစိုးရလက်ထက်မှာ ကျနော်တို့ ဒီ contact person တွေ ဆိုရင် ဒီ quarantine center ကို
သူတို့အဓိကထားပြီးတော့ ကျနော်တို့ ကွင်းဆက်ဖြတ်တယ်လေး၊ အခုကျတော့ ဟို…ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီလူနာရှင်းတွေကိုယ်တိုင်းက အိမ်မှာလူနာတစ်ယောက်ရှိပြီးဆိုရင် ထိစပ်တဲ့လူတွေမှန်သမျှကလည်း အိမ်က လူနာအတွက်အောက်ဆီဂျင်တွေလည်း မြို့ထဲမှာ တန်စီးနေရတယ်ခင်ဗျ၊ အောက်ဆီဂျင်တန်စီးနေတဲ့ လူနာရှင်တော်တော်များများကလည်း ဒါထိစပ်တွေပဲလေး၊
အဲ့လိုကနေမှ တဆင့်တအား မြင့်တက်လာတယ်လို့ပဲ ထင်ပါတယ်ခင်ဗျ။”

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာလည်း တစ်ရက်တည်း အတည်ပြုလူနာ ၁၄၂ ယောက်ရှိတယ်လို့ မြို့မ အုပ်ချုပ်ရေးမှူး
ဦးကြည်သန်းလေးက ပြောပါတယ်။ ကိုဗစ်ရောဂါပိုး ရှိ မရှိ အကန့်အသတ်နဲ့သာ စစ်ပေးနိုင်ပြီးတကယ် ထိထိရောက်ရောက် စစ်ပေးနိုင်မယ်ဆိုရင် ဒီထက်မက အဆမတန် တွေ့နိုင်တယ်လို့ ပြောပါတယ်။

“မနေ့ကတော့ ၁၀၀ နဲ့ ၄၂ ယောက်ဖြစ်သွားတယ် ကျနော်တို့ တောင်ကြီးမှာလေး၊ ကူးစက်မှုနှုန်းက ပိုများတယ် ဒါတောင် ကျနော်တို့က
အကန့်အသတ်နဲ့ပဲ စစ်ပေးရတယ်ဗျ၊ တကယ်တန်တာ ထိထိရောက်ရောက်စစ်မယ်ဆိုတော့ ဒီထက်လည်းမကဘူး ဖြစ်သွားနိုင်တယ်ပေါ့နော်၊ ဒီနေ့ဆိုရင် ကျနော်တို့ ဒီဘက်စိန်ပန်းရပ်ကွက်တို့မှာဆိုရင် အသက် ၇၀ ကျော် အဖွားတွေပါ ဆုံးသွားတာတွေရှိတယ်ဗျာ၊ ရုတ်တရက် အောက်ဆီဂျင်ပြတ်သေဆုံးတာကျနော်တို့ဘေးအိမ်ကတော့ positive အိမ်ပေါ့ဗျာ အဲ့ဟာနဲ့ နီးစပ်တဲ့ အိမ်တွေမှာ အဲ့လိုသေဆုံးမှုတွေ ရှိလာတော့ ကျနော်တို့လည်းပိုပြီးစိုးရိမ်တာပေါ့။”

တောင်ကြီးမြို့မှာ ကိုဗစ်စစ်ပေးနိုင်တဲ့နေရာ နှစ်ခုရှိပါတယ် မိုးကုတ်ဝိပတ်သနာ quarantine center မှာ အခမဲ့ စစ်ပေးပါတယ်။ ရှမ်းပြည်နယ်အစိုးရရုံး ဟောင်းမှာတော့ တယောက်ကို ကျပ် ၁၂,၀၀၀ နှုန်း အခကြေးငွေယူပြီး စစ်ပေးနေပါတယ်။ ဒီနှစ်နေရာစလုံးမှာ လူဦးရေး အကန့်အသတ်နဲ့ စစ်ပေးနိုင်တယ်လို့ ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်သေဆုံးသူ စိုးရိမ်စရာကောင်းလောက်အောင် များနေချိန်မှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီအနေနဲ့ ရောဂါ ကုသ ထိန်းချုပ်ရေးပိုင်းကို ထိထိရောက်ရောက် မလုပ်နိုင်ဘူးလို့ လက်တွေ့ကူညီနေကြသူတွေက ထောက်ပြနေကြပါတယ်။ စစ်ကောင်စီကလည်း ကျန်းမာရေးဝန်ထမ်း အလုံအလောက်မရှိဘူးဆိုတာကို အသိအမှတ်ပြု ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG