သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ကာကြယ္ေဆးထိုး စီမံခ်က္၊ ဘာအခက္အခဲေတြ ရွိႏိုင္သလဲ


Virus Outbreak

ဆိုး႐ြားေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္ ျပသနာ ေျဖရွင္းေရးမွာ ျပည္သူေတြကို ကာကြယ္ေဆး ထိုးေပးဖို႔ကိစၥ အလြန္ အေရးႀကီးတဲ့အေၾကာင္း စစ္အာဏာသိမ္းၿပီး တိုင္းျပည္ကို အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီ ဘက္ကေရာ၊ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ အတိုက္အခံ NUG အစိုးရအဖြဲ႕ဘက္ကပါ နားလည္ေနၾကၿပီ လို႔ ယူဆႏိုင္ပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္ ကပ္ေဘးျပသနာကို ဦးေဆာင္ ကိုင္တြယ္ေနတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ မိန႔္ခြန္းေတြမွာ ကာကြယ္ေဆး ဆိုင္ရာ ကိစၥ ဆက္တိုက္ ေျပာဆိုေနတာ ေတြ႕ျမင္ၾကရသလို၊ NUG အစိုးရဘက္ကလည္း ျမန္မာႏိုင္ငံတြင္း ကာကြယ္ေဆးေတြ ရရွိေရးကိစၥ၊ ျပည္သူေတြ ထိုးႏွံႏိုင္ေရးကိစၥ သူတို႔ ႀကိဳးစားေနတဲ့အေၾကာင္း ေျပာဆိုမႈေတြ ၾကားၾကရပါတယ္။ တ႐ုတ္နယ္စပ္မွာ အေျခစိုက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ နီးစပ္တဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕တစ္ခ်ိဳ႕ သူတို႔ နယ္ေျမေတြထဲမွာ တ႐ုတ္ႏိုင္ငံထုတ္ ကာကြယ္ေဆးေတြ ထိုးႏွံေပးေနၾကသလို၊ အပစ္ရပ္ NCA စာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ လက္နက္ကိုင္ တိုင္းရင္းသားေတြကလည္း Covid-19 ကာကြယ္ ကုသေရးဆိုင္ရာ ေဆးနဲ႔ အေထာက္အကူ ပစၥည္းေတြ၊ ကာကြယ္ေဆးေတြ ႏိုင္ငံတကာကေန အကူအညီရဖို႔ ႀကိဳးစားသြားမယ္ဆိုၿပီး ေၾကညာထားၾကပါတယ္။ အခုလို ကာကြယ္ေဆး ထိုးႏွံႏိုင္ေရးကိစၥ အေရးႀကီးပုံကို ဘက္အားလုံးက နားလည္သည့္တိုင္ အျခား ျပသနာေတြလည္း ရွိေနပါေသးတယ္။


လက္ရွိ စစ္ေကာင္စီရဲ႕ Covid-19 ကာကြယ္ေဆးထိုးစီမံခ်က္နဲ႔ အေကာင္အထည္ ေဖာ္ေနမႈဟာ အားရစရာ သိပ္မေကာင္းပါဘူး။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဒီ ၂၀၂၁ အကုန္မွာ ျမန္မာႏိုင္ငံ လူဦးေရရဲ႕ ထက္ဝက္ေလာက္ ကာကြယ္ေဆး ထိုးေပးမယ္၊ ျဖစ္ႏိုင္ရင္ ၇၀% ေလာက္အထိ ထိုးေပးႏိုင္ဖို႔ ရည္မွန္းတယ္လို႔ ဆိုပါတယ္။ ေဒါက္တာခင္ခင္ႀကီးနဲ႔ က်န္းမာေရး တာဝန္ရွိသူေတြဘက္ကေတာ့ အ႐ြယ္ေရာက္သူေတြရဲ႕ ၅၀% ေလာက္ ထိုးေပးႏိုင္ဖို႔ စီမံခ်က္ ခ်ထားတယ္လို႔ ဆိုၾကျပန္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁ ရက္ေန႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ တိုင္းျပည္ကို ေျပာတဲ့ မိန႔္ခြန္းမွာေတာ့ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံဖို႔ ဦးတည္လူဦးေရကို သန္း ၃၀ နဲ႔ တြက္ခ်က္ ေျပာဆိုတာ ေတြ႕ၾကရျပန္ပါတယ္။ အဓိပၸါယ္ကေတာ့ ၂၀၂၁ ခုႏွစ္အတြင္း ကာကြယ္ေဆး ဘယ္ေလာက္ ထိုးမလဲ ဆိုတဲ့ ရည္မွန္းခ်က္ကိုေတာင္ အမ်ိဳးမ်ိဳး အဖုံဖုံ ေျပာဆိုေနၾကတာမို႔ စစ္ေကာင္စီမွာ တိက်တဲ့ စီမံခ်က္ ရွိမွ ရွိပါရဲ႕လား ဆိုတာကိုေတာင္ သံသယ ျဖစ္စရာပါ။


ေနာက္တစ္ခ်က္ကေတာ့ ကာကြယ္ေဆး ရရွိမႈပါ။ အရင္ ေ႐ြးေကာက္ခံ အစိုးရ လက္ထက္တုန္းက အိႏၵိယ ႏိုင္ငံက ကူညီလႉဒါန္းေပးတဲ့ Covishield ကာကြယ္ေဆး ၃သန္းခြဲ လက္ခံရရွိခဲ့ဖူးပါတယ္။ စစ္ေကာင္စီ လက္ထက္မွာေတာ့ တ႐ုတ္က လႉဒါန္းတဲ့ sinopharm ကာကြယ္ေဆး ၂ သန္းခြဲနဲ႔ ျမန္မာက ဝယ္ယူတဲ့ sinovac ကာကြယ္ေဆး ၂ သန္းထဲက ၁ သန္း ေရာက္ပါၿပီ။ ဇူလိုင္ လကုန္အထိဆို စုစုေပါင္း ၇ သန္းေလာက္ ေရာက္ၿပီး ထိုးၿပီး၊ ထိုးေနဆဲပါ။


ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာတဲ့ လူ သန္း ၃၀ စာအတြက္ဆို ကာကြယ္ေဆး သန္း ၆၀ ေလာက္ လိုမွာျဖစ္တာေၾကာင့္ ေနာက္ထပ္ သန္း ၅၀ ေက်ာ္ ဝယ္ရဦးမယ့္ သေဘာ ျဖစ္ေနပါတယ္။ ေသျခာတာကေတာ့ ဒီႏွစ္မကုန္ခင္ ကာကြယ္ေဆး အဲေလာက္ အေရအတြက္ ဝယ္ယူရရွိဖို႔ ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။


လတ္တေလာ စစ္ေကာင္စီဘက္က ကာကြယ္ေဆး ထိုးႏွံေနမႈမွာလည္း ျပသနာေတြ အမ်ားႀကီး ရွိေနပါတယ္။ ပထမ ျပသနာက အခု ဇူလိုင္လထဲ ေရာက္လာတဲ့ sinopharm ၂ သန္းနဲ႔ sinovac ၁ သန္း၊ စုစုေပါင္း ၃ သန္းစလုံးကို ပထမအႀကိမ္အျဖစ္ ထိုးႏွံေပးလိုက္ျခင္းပါ။ လက္ရွိ ကမာၻေပၚမွာ ကာကြယ္ေဆး ထိုးႏွံေပးတဲ့ စနစ္ဟာ Johnson & Johnson ကလြဲရင္ ကာကြယ္ေဆး တစ္မ်ိဳးထဲကို ၂ ႀကိမ္ ထိုးႏွံဖို႔ပါ။ လက္ရွိ စစ္ေကာင္စီက လူ ၃ သန္းကို sinopharm ၂ သန္းနဲ႔ sinovac ၁ သန္းစီ ထိုးထားေပးအတြက္ ၾသဂုတ္လ အတြင္း ကာကြယ္ေဆး ၃ သန္း အခ်ိန္မီ ေရာက္လာဖို႔ လိုၿပီး အဲဒါကလည္း sinopharm ၂ သန္းနဲ႔ sinovac ၁ သန္းစီ ျဖစ္ဖို႔ လိုသလို၊ ဒုတိယ အႀကိမ္ ထိုးတဲ့အခါ လူတိုင္းကို နဂို ထိုးႏွံေပးတဲ့ ကာကြယ္ေဆး အမ်ိဳးအစားအတိုင္း ထိုးေပးဖို႔ လိုပါတယ္။ အဲလို မျဖစ္ခဲ့ရင္ေတာ့ ကာကြယ္ေဆး ထိုးႏွံရမယ့္ စည္းမ်ဥ္းစည္းကမ္းနဲ႔ ကိုက္ညီေတာ့မွာ မဟုတ္ပါဘူး။


ေနာက္ျပသနာ တစ္ခုက ကာကြယ္ေဆး ထိုးရာမွာ စစ္ေကာင္စီက ေၾကညာေနသလို အစီအစဥ္ တက် ျဖစ္မေနတာပါ။ ျဖစ္ရမွာက ၿမိဳ႕နယ္ ရပ္ကြက္အလိုက္ အသက္ ၆၅ ႏွစ္နဲ႔ အထက္ လူဘယ္ေလာက္ရွိတယ္၊ အဲဒီႀကိဳတင္ ေကာက္ယူထားတဲ့ စာရင္းပါအတိုင္း လူေတြကို ဘယ္ေန႔ ဘယ္အခ်ိန္ ဘယ္ေနရာမွာ ကာကြယ္ေဆး ထိုးရမလဲ၊ ႀကိဳတင္လက္မွတ္ေတြ ျဖန႔္ေဝေပး၊ သတ္မွတ္ေန႔ သတ္မွတ္ခ်ိန္ က်န္းမာေရးက သြား၊ ထိုးႏွံသင့္သူ ဟုတ္မဟုတ္ က်န္းမာေရး စစ္ေဆးၿပီး ထိုးႏွံေပး၊ ကာကြယ္ေဆး ထိုးၿပီးေၾကာင္း လက္မွတ္ေတြမွာ စနစ္တက် ျဖည့္သြင္းေပး၊ ေနာက္ ထိုးရမယ့္ ရက္ခ်ိန္း စနစ္တက် သတ္မွတ္ေပး စသျဖင့္ လုပ္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ေတြ႕ ျဖစ္ေနတာက ေဆးမထိုးခင္ တစ္ရက္ ရပ္ကြက္ထဲမွာ လွည့္ၿပီး ဘယ္ေန႔ ေဆးထိုးမယ္၊ အသက္ ၆၅ ႏွစ္နဲ႔ အထက္ ရွိသူေတြ မွတ္ပုံတင္နဲ႔ အိမ္ေထာင္စု စာရင္း ယူလာခဲ့၊ အိမ္ေထာင္စု စာရင္းမရွိရင္ အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံစာ ယူလာၿပီး လာထိုး ဆိုတာေလာက္ ေၾကညာၿပီး အဆင္ေျပသလို ထိုးေပးေနတာပါ။ ေဆးထိုးၿပီးေၾကာင္း လက္မွတ္မွာလဲ နာမည္၊ အသက္၊ ေဆးအမ်ိဳးအစားနဲ႔ Lot နံပတ္၊ ဘယ္ေန႔ ထိုးေပးတယ္ ဆိုတာေလာက္ကလြဲရင္ က်န္ အခ်က္အလက္ေတြ ဘာမွ ျဖည့္သြင္းမထားတဲ့ အေနအထားမ်ိဳးပါ။ ေျပာရရင္ ကာကြယ္ေဆး ထိုးတာကို အဆင္ေျပသလို လုပ္ကိုင္ေနၾကသလို၊ တစ္ခ်ိဳ႕ ၿမိဳ႕နယ္ ရပ္ကြက္ေတြမွာ ကာကြယ္ေဆး လာမထိုးတာမ်ိဳး၊ တစ္ခ်ိဳ႕ ရပ္ကြက္ေတြမွာေတာ့ ကာကြယ္ေဆး မေလာက္ငွတာမ်ိဳးလည္း ေတြ႕ၾကရပါတယ္။


ခုဆိုရင္ ျမန္မာ-တ႐ုတ္ ကုန္သည္ႀကီးမ်ား အသင္းလို အဖြဲ႕အစည္း တစ္ခ်ိဳ႕၊ ပုဂၢလိက ေဆး႐ုံတစ္ခ်ိဳ႕နဲ႔ ကုလသမဂၢ လက္ေအာက္ခံ အဖြဲ႕အစည္းတစ္ခ်ိဳ႕က စစ္ေကာင္စီ ခြင့္ျပဳခ်က္ ရယူၿပီး ကာကြယ္ေဆး တင္သြင္း၊ အခေၾကးေငြနဲ႔ ထိုးႏွံမယ့္ အစီအစဥ္ စတင္ေနၾကတာမ်ိဳးေတာ့ ရွိေနပါၿပီ။ ေဈးႏႈန္း အမ်ိဳးမ်ိဳး ျဖစ္ေနေပမယ့္ ဒါေတြဟာ စစ္ေကာင္စီရဲ႕ ကာကြယ္ေဆးထိုး စီမံခ်က္ကို အကူအညီေတာ့ ျဖစ္ေစပါလိမ့္မယ္။
ေနာက္ထပ္ အေရးႀကီး ျပသနာ တစ္ခုက ကာကြယ္ေဆး ဝယ္ယူရရွိႏိုင္ဖို႔ နဲ႔ ေငြေၾကး လိုအပ္ခ်က္ပါ။ ကာကြယ္ေဆး ဝယ္ယူရရွိဖို႔၊ ႏိုင္ငံတကာ အေထာက္အပံ့ ရဖို႔ ဆိုတာကေတာ့ စစ္ေကာင္စီရဲ႕ သံေရးတမန္ေရး ႀကိဳးစားႏိုင္မႈအေပၚ မူတည္ေနမွာျဖစ္ၿပီး ႏိုင္ငံတကာက ဝိုင္းပယ္ထားတဲ့ အာဏာသိမ္း အဖြဲ႕အတြက္ သိပ္ၿပီး လြယ္ကူမယ့္ပုံေတာ့ မေပၚပါဘူး။ ေငြေၾကးအေနနဲ႔ ဆိုရင္ စစ္ေကာင္စီမွာ အရင္အစိုးရလက္ထက္ အစိုးရမတည္ေငြနဲ႔ ျပည္သူလႉဒါန္းေငြ ေဒၚလာ သန္း ၂၀၀ ဝန္းက်င္ေလာက္ ရွိေနၿပီး အဲဒီထဲကေန တ႐ုတ္ႏိုင္ငံက sinovac နဲ႔ sinopharm ကာကြယ္ေဆး ဝယ္ယူေငြ ေဒၚလာ ၂၈ သန္း သုံးၿပီးပါၿပီ။ လက္က်န္ေငြနဲ႔ ဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာတဲ့ လူ သန္း ၃၀ စာအတြက္ ေနာက္ထပ္ ကာကြယ္ေဆး သန္း ၅၀ ေက်ာ္ ထပ္ဝယ္ဖို႔ လုံေလာက္မွာ မဟုတ္သလို ႏိုင္ငံတကာ အကူအညီ ႀကီးႀကီးမားမား မရရင္ ေငြေၾကးလိုအပ္မႈ အခက္အခဲနဲ႔လည္း ႀကဳံရႏိုင္ပါတယ္။ ဒီအခ်က္ေတြ အားလုံးကို သုံးသပ္ၾကည့္လိုက္ရင္ ျမန္မာႏိုင္ငံအေနနဲ႔ ကိုဗစ္ျပသနာကို အဆုံးသတ္မယ့္ ကာကြယ္ေဆးထိုး လုပ္ငန္းဟာ ေအာင္ျမင္မႈ ရဖို႔ သိပ္မလြယ္ေသးတဲ့ အေျခအေနမို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ သူ႔ရဲ႕ စစ္ေကာင္စီ အာဏာ ခ်ဳပ္ကိုင္ထားႏိုင္ေသးသ၍ အေရွ႕ေတာင္ အာရွမွာ အျခားႏိုင္ငံေတြ ကိုဗစ္ ကင္းစင္သြားတဲ့တိုင္ ျမန္မာႏိုင္ငံထဲမွာ ကိုဗစ္ ျပသနာ ဆက္ၿပီး ရွိေနတာမ်ိဳးကို ျမင္ေတြ႕ရႏိုင္ေၾကာင္းပါ။

----------------------------------------

စစ်ကောင်စီရဲ့ ကာကွယ်ဆေးထိုး စီမံချက်၊ ဘာအခက်အခဲတွေ ရှိနိုင်သလဲ

ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ် ပြသနာ ဖြေရှင်းရေးမှာ ပြည်သူတွေကို ကာကွယ်ဆေး ထိုးပေးဖို့ကိစ္စ အလွန် အရေးကြီးတဲ့အကြောင်း စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီ ဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အတိုက်အခံ NUG အစိုးရအဖွဲ့ဘက်ကပါ နားလည်နေကြပြီ လို့ ယူဆနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ် ကပ်ဘေးပြသနာကို ဦးဆောင် ကိုင်တွယ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေမှာ ကာကွယ်ဆေး ဆိုင်ရာ ကိစ္စ ဆက်တိုက် ပြောဆိုနေတာ တွေ့မြင်ကြရသလို၊ NUG အစိုးရဘက်ကလည်း မြန်မာနိုင်ငံတွင်း ကာကွယ်ဆေးတွေ ရရှိရေးကိစ္စ၊ ပြည်သူတွေ ထိုးနှံနိုင်ရေးကိစ္စ သူတို့ ကြိုးစားနေတဲ့အကြောင်း ပြောဆိုမှုတွေ ကြားကြရပါတယ်။ တရုတ်နယ်စပ်မှာ အခြေစိုက်ပြီး တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့ သူတို့ နယ်မြေတွေထဲမှာ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေ ထိုးနှံပေးနေကြသလို၊ အပစ်ရပ် NCA စာချုပ် လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကလည်း Covid-19 ကာကွယ် ကုသရေးဆိုင်ရာ ဆေးနဲ့ အထောက်အကူ ပစ္စည်းတွေ၊ ကာကွယ်ဆေးတွေ နိုင်ငံတကာကနေ အကူအညီရဖို့ ကြိုးစားသွားမယ်ဆိုပြီး ကြေညာထားကြပါတယ်။ အခုလို ကာကွယ်ဆေး ထိုးနှံနိုင်ရေးကိစ္စ အရေးကြီးပုံကို ဘက်အားလုံးက နားလည်သည့်တိုင် အခြား ပြသနာတွေလည်း ရှိနေပါသေးတယ်။
လက်ရှိ စစ်ကောင်စီရဲ့ Covid-19 ကာကွယ်ဆေးထိုးစီမံချက်နဲ့ အကောင်အထည် ဖော်နေမှုဟာ အားရစရာ သိပ်မကောင်းပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီ ၂၀၂၁ အကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်လောက် ကာကွယ်ဆေး ထိုးပေးမယ်၊ ဖြစ်နိုင်ရင် ၇၀% လောက်အထိ ထိုးပေးနိုင်ဖို့ ရည်မှန်းတယ်လို့ ဆိုပါတယ်။ ဒေါက်တာခင်ခင်ကြီးနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေဘက်ကတော့ အရွယ်ရောက်သူတွေရဲ့ ၅၀% လောက် ထိုးပေးနိုင်ဖို့ စီမံချက် ချထားတယ်လို့ ဆိုကြပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ဦးတည်လူဦးရေကို သန်း ၃၀ နဲ့ တွက်ချက် ပြောဆိုတာ တွေ့ကြရပြန်ပါတယ်။ အဓိပ္ပါယ်ကတော့ ၂၀၂၁ ခုနှစ်အတွင်း ကာကွယ်ဆေး ဘယ်လောက် ထိုးမလဲ ဆိုတဲ့ ရည်မှန်းချက်ကိုတောင် အမျိုးမျိုး အဖုံဖုံ ပြောဆိုနေကြတာမို့ စစ်ကောင်စီမှာ တိကျတဲ့ စီမံချက် ရှိမှ ရှိပါရဲ့လား ဆိုတာကိုတောင် သံသယ ဖြစ်စရာပါ။
နောက်တစ်ချက်ကတော့ ကာကွယ်ဆေး ရရှိမှုပါ။ အရင် ရွေးကောက်ခံ အစိုးရ လက်ထက်တုန်းက အိန္ဒိယ နိုင်ငံက ကူညီလှူဒါန်းပေးတဲ့ Covishield ကာကွယ်ဆေး ၃သန်းခွဲ လက်ခံရရှိခဲ့ဖူးပါတယ်။ စစ်ကောင်စီ လက်ထက်မှာတော့ တရုတ်က လှူဒါန်းတဲ့ sinopharm ကာကွယ်ဆေး ၂ သန်းခွဲနဲ့ မြန်မာက ဝယ်ယူတဲ့ sinovac ကာကွယ်ဆေး ၂ သန်းထဲက ၁ သန်း ရောက်ပါပြီ။ ဇူလိုင် လကုန်အထိဆို စုစုပေါင်း ၇ သန်းလောက် ရောက်ပြီး ထိုးပြီး၊ ထိုးနေဆဲပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ လူ သန်း ၃၀ စာအတွက်ဆို ကာကွယ်ဆေး သန်း ၆၀ လောက် လိုမှာဖြစ်တာကြောင့် နောက်ထပ် သန်း ၅၀ ကျော် ဝယ်ရဦးမယ့် သဘော ဖြစ်နေပါတယ်။ သေခြာတာကတော့ ဒီနှစ်မကုန်ခင် ကာကွယ်ဆေး အဲလောက် အရေအတွက် ဝယ်ယူရရှိဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
လတ်တလော စစ်ကောင်စီဘက်က ကာကွယ်ဆေး ထိုးနှံနေမှုမှာလည်း ပြသနာတွေ အများကြီး ရှိနေပါတယ်။ ပထမ ပြသနာက အခု ဇူလိုင်လထဲ ရောက်လာတဲ့ sinopharm ၂ သန်းနဲ့ sinovac ၁ သန်း၊ စုစုပေါင်း ၃ သန်းစလုံးကို ပထမအကြိမ်အဖြစ် ထိုးနှံပေးလိုက်ခြင်းပါ။ လက်ရှိ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး ထိုးနှံပေးတဲ့ စနစ်ဟာ Johnson & Johnson ကလွဲရင် ကာကွယ်ဆေး တစ်မျိုးထဲကို ၂ ကြိမ် ထိုးနှံဖို့ပါ။ လက်ရှိ စစ်ကောင်စီက လူ ၃ သန်းကို sinopharm ၂ သန်းနဲ့ sinovac ၁ သန်းစီ ထိုးထားပေးအတွက် သြဂုတ်လ အတွင်း ကာကွယ်ဆေး ၃ သန်း အချိန်မီ ရောက်လာဖို့ လိုပြီး အဲဒါကလည်း sinopharm ၂ သန်းနဲ့ sinovac ၁ သန်းစီ ဖြစ်ဖို့ လိုသလို၊ ဒုတိယ အကြိမ် ထိုးတဲ့အခါ လူတိုင်းကို နဂို ထိုးနှံပေးတဲ့ ကာကွယ်ဆေး အမျိုးအစားအတိုင်း ထိုးပေးဖို့ လိုပါတယ်။ အဲလို မဖြစ်ခဲ့ရင်တော့ ကာကွယ်ဆေး ထိုးနှံရမယ့် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတော့မှာ မဟုတ်ပါဘူး။
နောက်ပြသနာ တစ်ခုက ကာကွယ်ဆေး ထိုးရာမှာ စစ်ကောင်စီက ကြေညာနေသလို အစီအစဉ် တကျ ဖြစ်မနေတာပါ။ ဖြစ်ရမှာက မြို့နယ် ရပ်ကွက်အလိုက် အသက် ၆၅ နှစ်နဲ့ အထက် လူဘယ်လောက်ရှိတယ်၊ အဲဒီကြိုတင် ကောက်ယူထားတဲ့ စာရင်းပါအတိုင်း လူတွေကို ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ကာကွယ်ဆေး ထိုးရမလဲ၊ ကြိုတင်လက်မှတ်တွေ ဖြန့်ဝေပေး၊ သတ်မှတ်နေ့ သတ်မှတ်ချိန် ကျန်းမာရေးက သွား၊ ထိုးနှံသင့်သူ ဟုတ်မဟုတ် ကျန်းမာရေး စစ်ဆေးပြီး ထိုးနှံပေး၊ ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်တွေမှာ စနစ်တကျ ဖြည့်သွင်းပေး၊ နောက် ထိုးရမယ့် ရက်ချိန်း စနစ်တကျ သတ်မှတ်ပေး စသဖြင့် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ ဖြစ်နေတာက ဆေးမထိုးခင် တစ်ရက် ရပ်ကွက်ထဲမှာ လှည့်ပြီး ဘယ်နေ့ ဆေးထိုးမယ်၊ အသက် ၆၅ နှစ်နဲ့ အထက် ရှိသူတွေ မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်း ယူလာခဲ့၊ အိမ်ထောင်စု စာရင်းမရှိရင် အုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူလာပြီး လာထိုး ဆိုတာလောက် ကြေညာပြီး အဆင်ပြေသလို ထိုးပေးနေတာပါ။ ဆေးထိုးပြီးကြောင်း လက်မှတ်မှာလဲ နာမည်၊ အသက်၊ ဆေးအမျိုးအစားနဲ့ Lot နံပတ်၊ ဘယ်နေ့ ထိုးပေးတယ် ဆိုတာလောက်ကလွဲရင် ကျန် အချက်အလက်တွေ ဘာမှ ဖြည့်သွင်းမထားတဲ့ အနေအထားမျိုးပါ။ ပြောရရင် ကာကွယ်ဆေး ထိုးတာကို အဆင်ပြေသလို လုပ်ကိုင်နေကြသလို၊ တစ်ချို့ မြို့နယ် ရပ်ကွက်တွေမှာ ကာကွယ်ဆေး လာမထိုးတာမျိုး၊ တစ်ချို့ ရပ်ကွက်တွေမှာတော့ ကာကွယ်ဆေး မလောက်ငှတာမျိုးလည်း တွေ့ကြရပါတယ်။
ခုဆိုရင် မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်းလို အဖွဲ့အစည်း တစ်ချို့၊ ပုဂ္ဂလိက ဆေးရုံတစ်ချို့နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ချို့က စစ်ကောင်စီ ခွင့်ပြုချက် ရယူပြီး ကာကွယ်ဆေး တင်သွင်း၊ အခကြေးငွေနဲ့ ထိုးနှံမယ့် အစီအစဉ် စတင်နေကြတာမျိုးတော့ ရှိနေပါပြီ။ ဈေးနှုန်း အမျိုးမျိုး ဖြစ်နေပေမယ့် ဒါတွေဟာ စစ်ကောင်စီရဲ့ ကာကွယ်ဆေးထိုး စီမံချက်ကို အကူအညီတော့ ဖြစ်စေပါလိမ့်မယ်။
နောက်ထပ် အရေးကြီး ပြသနာ တစ်ခုက ကာကွယ်ဆေး ဝယ်ယူရရှိနိုင်ဖို့ နဲ့ ငွေကြေး လိုအပ်ချက်ပါ။ ကာကွယ်ဆေး ဝယ်ယူရရှိဖို့၊ နိုင်ငံတကာ အထောက်အပံ့ ရဖို့ ဆိုတာကတော့ စစ်ကောင်စီရဲ့ သံရေးတမန်ရေး ကြိုးစားနိုင်မှုအပေါ် မူတည်နေမှာဖြစ်ပြီး နိုင်ငံတကာက ဝိုင်းပယ်ထားတဲ့ အာဏာသိမ်း အဖွဲ့အတွက် သိပ်ပြီး လွယ်ကူမယ့်ပုံတော့ မပေါ်ပါဘူး။ ငွေကြေးအနေနဲ့ ဆိုရင် စစ်ကောင်စီမှာ အရင်အစိုးရလက်ထက် အစိုးရမတည်ငွေနဲ့ ပြည်သူလှူဒါန်းငွေ ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်လောက် ရှိနေပြီး အဲဒီထဲကနေ တရုတ်နိုင်ငံက sinovac နဲ့ sinopharm ကာကွယ်ဆေး ဝယ်ယူငွေ ဒေါ်လာ ၂၈ သန်း သုံးပြီးပါပြီ။ လက်ကျန်ငွေနဲ့ ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ လူ သန်း ၃၀ စာအတွက် နောက်ထပ် ကာကွယ်ဆေး သန်း ၅၀ ကျော် ထပ်ဝယ်ဖို့ လုံလောက်မှာ မဟုတ်သလို နိုင်ငံတကာ အကူအညီ ကြီးကြီးမားမား မရရင် ငွေကြေးလိုအပ်မှု အခက်အခဲနဲ့လည်း ကြုံရနိုင်ပါတယ်။ ဒီအချက်တွေ အားလုံးကို သုံးသပ်ကြည့်လိုက်ရင် မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ပြသနာကို အဆုံးသတ်မယ့် ကာကွယ်ဆေးထိုး လုပ်ငန်းဟာ အောင်မြင်မှု ရဖို့ သိပ်မလွယ်သေးတဲ့ အခြေအနေမို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီ အာဏာ ချုပ်ကိုင်ထားနိုင်သေးသ၍ အရှေ့တောင် အာရှမှာ အခြားနိုင်ငံတွေ ကိုဗစ် ကင်းစင်သွားတဲ့တိုင် မြန်မာနိုင်ငံထဲမှာ ကိုဗစ် ပြသနာ ဆက်ပြီး ရှိနေတာမျိုးကို မြင်တွေ့ရနိုင်ကြောင်းပါ။

XS
SM
MD
LG