သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ ကပ္ေဘးစည္းမ်ဥ္းၾကားက ကုန္သြယ္ေရးျပန္ဖြင့္ဖို႔ႀကိဳးပမ္းေန


ျပင္ဆင္မႈျပဳလုပ္ေနတဲ့ သံတြဲလမ္း

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္ခံရသူအေရအတြက္က်ဆင္းလာတာေၾကာင့္ ကပ္ေဘးစည္းမ်ဥ္းတခ်ိဳ႕တင္းၾကပ္ထားေပမယ့္လည္း ၊ နယ္စပ္ကုန္သြယ္ေရးနဲ႔ အပန္းေျဖကမ္းေျခေတြ ျပန္ဖြင့္ဖို႔ ျပင္ဆင္ေဆာင္႐ြက္ေနတယ္လို႔ ျပည္နယ္ေကာင္စီကေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကိုေတာ့ ရန္ကုန္က လာတဲ့ သတင္း ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္မႈႏႈန္း က်ဆင္းလာတယ္ဆိုေပမယ့္ အာဏာပိုင္ေတြဖက္က ကပ္ေဘးစည္းမ်ဥ္းေတြ တင္းၾကပ္ထားေသးသလို ဒီရက္ပိုင္းအတြင္းမွာပဲ စားေသာက္ဆိုင္ေတြနဲ႔ အႏိွပ္ခန္းေတြကို ဝင္ေရာက္ဖမ္းဆီးတာေတြရွိခဲ့တယ္လို႔ ရခိုင္ျပည္နယ္ေကာင္စီေျပာခြင့္ ရခိုင္ျပည္နယ္ ဥပေဒခ်ဳပ္ ဦးလွသိန္းကေျပာပါတယ္။

“ တခ်ိဳ႕ဟာေသးေသးေလးေတြ ဖမ္းတာေတာ့ရွိရင္ရွိမွာေပါ့ေနာ္။ တစ္ခ်ိဳ႕ဟာက နည္းနည္း ႀကီးတာေလးေတြ ဖမ္းတဲ့အခါက်ေတာ့ က်ေနာ္တို႔ အစိုးရဖက္ကေန ျပည္သူေတြကို သတိေပးတာေပါ့။ အႀကီးႀကီးဖမ္းတာက အႏိွပ္ခန္းတစ္ေခါက္ဖမ္းတယ္။ အခုဟာကလည္း စားေသာက္ဆိုင္ သေဘာမ်ိဳးျဖစ္ေပမယ့္ တကယ္အထဲမွာ လုပ္ေနတာ KTVနဲ႔ အႏိွပ္ခန္း အဲလိုလည္းသတင္းပို႔ၾကပါတယ္။”

ကိုဗစ္ကူးစက္မႈေတြ က်ဆင္းလာတယ္ဆိုေပမယ့္ ရခိုင္ျပည္နယ္မွာ ေန႔စဥ္ လူဦးေရ ၂၀နီးပါး ကူးစက္မႈေတြနဲ႔ ေသဆုံးသူေတြလည္း ရွိေနေသးတာျဖစ္ပါတယ္။ ကိုဗစ္ကူးစက္မႈေတြ ရွိေန ေသးသလို ကူးစက္လူနာ မ်ားလာမွာကို စိုးရိမ္တာေၾကာင့္ ကိုဗစ္စည္းကမ္းေတြ တင္းၾကပ္ထားရေသးတာျဖစ္တယ္လို႔လည္း ျပည္နယ္ ေကာင္စီေျပာခြင့္ရ ဦးလွသိန္းက ေျပာပါတယ္။

“ အခုကိုဗစ္က်တယ္ဆိုတာက ရခိုင္ျပည္နယ္ ၁၇ၿမိဳ႕နယ္ မွာ ရွိတဲ့ ေဆး႐ုံေတြမွာ လူ ၂၀၀ ေအာက္ကို က်တာ။ က်တာကေတာ့ က်တာပဲ သို႔ေသာ္လည္း က်ေနာ္တို႔က ပိုးေတြ႕လုူနာက မေန႔က ဆိုရင္ လူ ၂၀ေလာက္ ေတြ႕ေသးတယ္။ ေသတဲ့သူကလည္း ေလးေယာက္ေလာက္ ရွိေသးတယ္ဆိုေတာ့ ဒီေရာဂါက ရွိေနမယ္။ စည္းကမ္းကို မလိုက္နာဘူးဆိုရင္ေတာ့ ျပန္ေခါင္း ေထာင္လာရင္ က်ေနာ္တို႔ ၾသဂုတ္လ လလယ္တုန္းကလို အေသအေပ်ာက္ေတြ မ်ား ေဆး႐ုံ မွာ လူေတြမ်ား။ ေအာက္ဆီဂ်င္ေတြ အခက္အခဲျဖစ္ အဲဒီလို ျပန္မျဖစ္ေအာင္လို႔ ေတာ့ က်ေနာ္ တို႔ကေတာ့ သက္ဆိုင္ရာေတြကို ႀကီးၾကပ္ေပးရတာေပါ့ တြန္းအားေပးရတာေပါ့ေနာ္။”

ရခိုင္ျပည္နယ္မွာ ရွိတဲ့ နယ္စပ္ကုန္သြယ္ေရး ဂိတ္ေတြနဲ႔ ေဈးေတြ စားေသာက္ဆိုင္ေတြကို ပိတ္ထားတာလည္းၾကာေနျဖစ္တာေၾကာင့္ ျပည္သူေတြရဲ႕ စားဝတ္ေနေရးကို ၾကည့္ၿပီး ျပန္လည္ဖြင့္ေပးဖို႔ ေဆာင္ေနတယ္လို႔လည္း ျပည္နယ္ေကာင္စီေျပာခြင့္ရ ဦးလွသိန္းက ေျပာပါတယ္။

“ နယ္စပ္ကုန္သြယ္ေရးကေတာ့ က်ေနာ္တို႔ ဖြင့္ဖို႔ ႀကိဳးစားေနပါတယ္။ဖြင့္ဖို႔ ႀကိဳးစားတဲ့ အခါမွာ ကိုဗစ္နဲ႔ ပတ္သတ္ၿပီးလည္း က်ေနာ္တို႔ အခ်က္အလက္ေတြ စုေဆာင္းရတယ္။ ကိုယ့္သ ေဘာနဲ႔ ကို လုပ္တာထက္ က်ေနာ္တို႔က ျပည္ေထာင္ဟုကို ညႇိႏႈိင္းၿပီးေတာ့ လုပ္တာ ေကာင္း တယ္ဆိုၿပီး နယ္စပ္ကုန္သြယ္ေရး ျပန္ဖြင့္ဖို႔ျပည္ေထာင္စုကို တင္ျပထားတာရွိပါတယ္။ နယ္စပ္ ကုန္သြယ္ေရး ျပန္ဖြင့္ဖို႔အတြက္လည္း ျပည္နယ္ကုသေရးက ျပည္နယ္ ေဆး႐ုံႀကီး ကလည္း သူတို႔ ေျပာတာကလည္း ေကာင္းပါတယ္။ ဖြင့္မယ္ဆိုရင္ ဖြင့္ႏိုင္ပါၿပီေပါ့။”

မေန႔ကအထိ ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္ခံရသူ ၂၀ဦးနဲ႔ ေသဆုံးသူ တစ္ဦးသာရွိခဲ့ တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္မႈ ထပ္မတိုး လာဖို႔ အတြက္ ကိုဗစ္ကာကြယ္ေဆးထိုးေပးတာေတြ လုပ္ေနသလို ကိုဗစ္စည္းကမ္းေတြကို လိုက္ နာၾကဖို႔လည္း ျပည္သူေတြကို တိုက္တြန္းထားပါတယ္။

..................................................................................................

တိုက္႐ိုက္ လင့္ခ္


ရခိုင်မှာ ကပ်ဘေးစည်းမျဉ်းကြားက ကုန်သွယ်ရေးပြန်ဖွင့်ဖို့ကြိုးပမ်းနေ

(Unicode)

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်ခံရသူအရေအတွက်ကျဆင်းလာတာကြောင့် ကပ်ဘေးစည်းမျဉ်းတချို့တင်းကြပ်ထားပေမယ့်လည်း ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ အပန်းဖြေကမ်းခြေတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်နယ်ကောင်စီကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်က လာတဲ့ သတင်း ကိုငြိမ်းချမ်းပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းလာတယ်ဆိုပေမယ့် အာဏာပိုင်တွေဖက်က ကပ်ဘေးစည်းမျဉ်းတွေ တင်းကြပ်ထားသေးသလို ဒီရက်ပိုင်းအတွင်းမှာပဲ စားသောက်ဆိုင်တွေနဲ့ အနှိပ်ခန်းတွေကို ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။

“ တချို့ဟာသေးသေးလေးတွေ ဖမ်းတာတော့ရှိရင်ရှိမှာပေါ့နော်။ တစ်ချို့ဟာက နည်းနည်း ကြီးတာလေးတွေ ဖမ်းတဲ့အခါကျတော့ ကျနော်တို့ အစိုးရဖက်ကနေ ပြည်သူတွေကို သတိပေးတာပေါ့။ အကြီးကြီးဖမ်းတာက အနှိပ်ခန်းတစ်ခေါက်ဖမ်းတယ်။ အခုဟာကလည်း စားသောက်ဆိုင် သဘောမျိုးဖြစ်ပေမယ့် တကယ်အထဲမှာ လုပ်နေတာ KTVနဲ့ အနှိပ်ခန်း အဲလိုလည်းသတင်းပို့ကြပါတယ်။”

ကိုဗစ်ကူးစက်မှုတွေ ကျဆင်းလာတယ်ဆိုပေမယ့် ရခိုင်ပြည်နယ်မှာ နေ့စဉ် လူဦးရေ ၂၀နီးပါး ကူးစက်မှုတွေနဲ့ သေဆုံးသူတွေလည်း ရှိနေသေးတာဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုတွေ ရှိနေ သေးသလို ကူးစက်လူနာ များလာမှာကို စိုးရိမ်တာကြောင့် ကိုဗစ်စည်းကမ်းတွေ တင်းကြပ်ထားရသေးတာဖြစ်တယ်လို့လည်း ပြည်နယ် ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

“ အခုကိုဗစ်ကျတယ်ဆိုတာက ရခိုင်ပြည်နယ် ၁၇မြို့နယ် မှာ ရှိတဲ့ ဆေးရုံတွေမှာ လူ ၂၀၀ အောက်ကို ကျတာ။ ကျတာကတော့ ကျတာပဲ သို့သော်လည်း ကျနော်တို့က ပိုးတွေ့လုူနာက မနေ့က ဆိုရင် လူ ၂၀လောက် တွေ့သေးတယ်။ သေတဲ့သူကလည်း လေးယောက်လောက် ရှိသေးတယ်ဆိုတော့ ဒီရောဂါက ရှိနေမယ်။ စည်းကမ်းကို မလိုက်နာဘူးဆိုရင်တော့ ပြန်ခေါင်း ထောင်လာရင် ကျနော်တို့ သြဂုတ်လ လလယ်တုန်းကလို အသေအပျောက်တွေ များ ဆေးရုံ မှာ လူတွေများ။ အောက်ဆီဂျင်တွေ အခက်အခဲဖြစ် အဲဒီလို ပြန်မဖြစ်အောင်လို့ တော့ ကျနော် တို့ကတော့ သက်ဆိုင်ရာတွေကို ကြီးကြပ်ပေးရတာပေါ့ တွန်းအားပေးရတာပေါ့နော်။”

ရခိုင်ပြည်နယ်မှာ ရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေနဲ့ ဈေးတွေ စားသောက်ဆိုင်တွေကို ပိတ်ထားတာလည်းကြာနေဖြစ်တာကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးကို ကြည့်ပြီး ပြန်လည်ဖွင့်ပေးဖို့ ဆောင်နေတယ်လို့လည်း ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

“ နယ်စပ်ကုန်သွယ်ရေးကတော့ ကျနော်တို့ ဖွင့်ဖို့ ကြိုးစားနေပါတယ်။ဖွင့်ဖို့ ကြိုးစားတဲ့ အခါမှာ ကိုဗစ်နဲ့ ပတ်သတ်ပြီးလည်း ကျနော်တို့ အချက်အလက်တွေ စုဆောင်းရတယ်။ ကိုယ့်သ ဘောနဲ့ ကို လုပ်တာထက် ကျနော်တို့က ပြည်ထောင်ဟုကို ညှိနှိုင်းပြီးတော့ လုပ်တာ ကောင်း တယ်ဆိုပြီး နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖို့ပြည်ထောင်စုကို တင်ပြထားတာရှိပါတယ်။ နယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်ဖို့အတွက်လည်း ပြည်နယ်ကုသရေးက ပြည်နယ် ဆေးရုံကြီး ကလည်း သူတို့ ပြောတာကလည်း ကောင်းပါတယ်။ ဖွင့်မယ်ဆိုရင် ဖွင့်နိုင်ပါပြီပေါ့။”

မနေ့ကအထိ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်ခံရသူ ၂၀ဦးနဲ့ သေဆုံးသူ တစ်ဦးသာရှိခဲ့ တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှု ထပ်မတိုး လာဖို့ အတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးတာတွေ လုပ်နေသလို ကိုဗစ်စည်းကမ်းတွေကို လိုက် နာကြဖို့လည်း ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG