သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကိုအရေးယူဖို့ သြစတြေးလျအစိုးရ ဖိအားပေးခံနေရ


မြန်မာ့အရေးမှာ လွှတ်တော်အမတ်တွေရဲ့ဖိအားပေးခံရဖွယ်ရှိနေတဲ့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison

{{Zawgyi/Unicode}}

မြန်မာနဲ့ တရုတ်နိုင်ငံတို့အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ အရှိန်မြှင့်လုပ်ဆောင်မယ့် လုပ်ပိုင်ခွင့် အာဏာအသစ်တွေ ချမှတ်လိုက်တာကြောင့် သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison အစိုးရအနေနဲ့ လွှတ်တော်အမတ်တွေရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်ရဖို့ ရှိကြောင်း သြစတြေးလျထုတ် The Guardian သတင်းစာမှာ ဖော်ပြပါတယ်။

လူ့အခွင့်အရေးချိုးဖောက်သူတွေနဲ့ အကျင့်ပျက် ခြစားသူတွေအပေါ် ပစ်မှတ်ထား အရေးယူဖို့ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ ဥရောပသမဂ္ဂ (EU) တို့မှာ အသုံးပြုနေတဲ့ Global Magnitsky ဥပဒေလို့ခေါ်တဲ့ ဥပဒေကို သြစတြေးလျမှာလည်း ကျင့်သုံးဖို့ ပါတီပေါင်းစုံပါဝင်တဲ့ လွှတ်တော်အမတ်တွေက တောင်းဆိုနေကြတာပါ။

သြစတြေးလျလွှတ်တော်က အခုပြဌာန်းလိုက်တဲ့ လုပ်ပိုင်ခွင့်အသစ်ကို အသုံးချပြီး မြန်မာနဲ့ တရုတ်အစိုးရ အရာရှိတွေအပေါ် ဒဏ်ခတ် အရေးယူမှုတွေလုပ်ဆောင်ဖို့ သြစတြေးလျညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ဖိအားပေးမှုတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင် လေးဦးကို အမေရိကန်ပြည်ထောင်စုက Global Magnitsky ဥပဒေနဲ့ ဒဏ်ခတ် အရေးယူထားပြီးဖြစ်သလို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့အတွက် မြန်မာ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ရိုဟင်ဂျာလို့ခေါ်ဆိုတာကို အာဏာသိမ်းစစ်ကောင်စီက အသိအမှတ်မပြုပါဘူး။

အလားတူပဲ အီးယူ၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့ကလည်း အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားပြီးဖြစ်ပေမယ့် ထိပ်တန်း မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် သြစတြေးလျက အပြစ်ပေး အရေးယူမှုတွေ ချမှတ်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

=========

{{Unicode}}








XS
SM
MD
LG