သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်မှာ လူအစုအပြုံလိုက်သတ်ဖြတ်မှု လုံခြုံရေးကောင်စီ ရှုတ်ချ

ကယားပြည်နယ်။ (မှတ်တမ်းဓာတ်ပုံ)
ကယားပြည်နယ်။ (မှတ်တမ်းဓာတ်ပုံ)

= = = [Zawgyi] = = =

ကယားပြည်နယ်မှာ လူအစုအပြုံလိုက်သတ်ဖြတ်မှု လုံခြုံရေးကောင်စီ ရှုတ်ချ

ကယားပြည်နယ်မှာ ခရစ္စမတ် အကြိုနေ့က လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ နိုင်ငံတကာ ပရဟိတ အဖွဲ့တခုဖြစ်တဲ့ Save the Children အဖွဲ့က ဒေသခံ ဝန်ထမ်း ၂ ဦးနဲ့ ကလေး ၄ ယောက် အပါအဝင် လူပေါင်း ၃၅ ယောက် သတ်ဖြတ်ခံခဲ့ရတဲ့ လုပ်ရပ်အတွက် တာဝန်ခံမှုရှိအောင်လုပ်ဖို့လည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

အကြမ်းဖက်မှုတွေအားလုံး ရပ်တန့်ဖို့၊ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ အရပ်သားတွေ ဘေးကင်းလုံခြုံစေဖို့လည်း တောင်းဆိုခဲ့တာပါ။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အရပ်သားတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက သတ်ဖြတ်၊ မီးရှို့ခဲ့ကြောင်း ဒေသခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြသလို၊ မီးရှို့ခံထားရတဲ့ ပုံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာပါ။

စစ်ကောင်စီကတော့ ဖရူဆိုမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေကို ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ စတင်တိုက်ခိုက်လို့ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပေမဲ့ မီးရှို့ထားတဲ့ အလောင်းတွေနဲ့ ပတ်သက်လို့ ပြောဆိုထားတာ မရှိပါဘူး။

အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ သတင်းကြောင့် ကုလသမဂ္ဂ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက အပြင်းအထန် ဝေဖန်မှုတွေလည်း ဆက်တိုက် ထွက်ပေါ်နေတာပါ။ ဗုဒ္ဓဟူးနေ့မှာပဲ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အရပ်သားတွေ သတ်ဖြတ်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အင်္ဂါနေ့မှာ တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ရှုတ်ချလိုက်ပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်တပ်အတွက် အသုံးဝင်မယ့် နည်းပညာတွေ တင်ပို့မှုကို ပိတ်ပင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း အကူအညီပေးရေး ဝန်ထမ်းတွေ သေဆုံးမှု အပါအဝင် မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေကို ဟန့်တားဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ဒီထက်ပိုလုပ်ဖို့ လိုအပ်နေကြောင်း Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။

ကယားပြည်နယ်မှာ လူအစုအပြုံလိုက်သတ်ဖြတ်မှု လုံခြုံရေးကောင်စီ ရှုတ်ချ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်


= = ={ Unicode } = = =








This item is part of
XS
SM
MD
LG