သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ေဆာင္းရာသီ အိုလံပစ္ကို ေႏွာက္ယွက္မႈ ရပ္တန္႔ဖို႔ ကန္ ကို တ႐ုတ္ေတာင္းဆို


Olympics Beijing 2008 vs 2022 Economy


ေဆာင္းရာသီ အိုလံပစ္ကို ေႏွာက္ယွက္မႈ ရပ္တန္႔ဖို႔ ကန္ ကို တ႐ုတ္ေတာင္းဆို

{{Zawgyi/Unicode}}
ေဘဂ်င္းၿမိဳ႕ေတာ္က ေဆာင္းရာသီ အုိလံပစ္ အားကစားပဲြေတာ္ကုိ အေမရိကန္က ၾကား၀င္ေႏွာက္ယွက္ေနတယ္လုိ႔ တ႐ုတ္ႏုိင္ငံက စြပ္စဲြလုိက္ၿပီး၊ ဒီလုပ္ရပ္ကုိ ရပ္တန္႔ဖုိ႔လည္း ေတာင္းဆုိလုိက္ပါတယ္။ လတ္တေလာ အေရးအႀကီးဆုံး လုပ္ရမယ့္ ဦးစားေပး ကိစၥဟာ အေမရိကန္က ေဆာင္းရာသီအုိလံပစ္ကုိ ေႏွာက္ယွက္တဲ့ လုပ္ရပ္ေတြ ရပ္တန္းကရပ္ဖုိ႔ျဖစ္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken နဲ႔ ၾကာသပေတးေန႔က ဆက္သြယ္စကားေျပာခဲ့ၿပီးေနာက္ ထုတ္ျပန္လုိက္တဲ့ ေၾကညာခ်က္မွာ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi ကေျပာဆုိလုိက္တာပါ။ အေမရိကန္ဟာ တ႐ုတ္ႏုိင္ငံအေပၚ မဟုတ္မမွန္ စကားေတြ လုပ္ရပ္ေတြကုိ အစဥ္တစုိက္ ေျပာၾကားေနၿပီး၊ ၂ ႏုိင္ငံ ဆက္ဆံေရးမွာ ပဋိပကၡသစ္ေတြ ေပၚေပါက္ေအာင္ ဖန္တီးေနတယ္လုိ႔လည္း ေၾကညာခ်က္မွာ ေျပာဆုိထားပါတယ္။

ေရွ႕လာမယ့္ သီတင္းပတ္မွာ စတင္မယ့္ ေဆာင္းရာသီအုိလံပစ္ အားကစားပဲြကုိ သံတမန္ေရးအရ သပိတ္ေမွာက္မယ့္ အစီအစဥ္ကုိ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးက ေႏွာက္ယွက္တဲ့လုပ္ရပ္အျဖစ္ ရည္ညႊန္းေျပာဆုိပုံရပါတယ္။ အုိလံပစ္ပဲြကုိ သံတမန္ေရးအရ သပိတ္ေမွာက္တဲ့အေနနဲ႔ အေမရိကန္က သံကုိယ္စားလွယ္အဖဲြ႔ ေစလႊတ္မွာမဟုတ္ေပမဲ့ အားကစားသမားေတြကေတာ့ ယွဥ္ၿပိဳင္ခြင့္ရၾကမွာပါ။

ၿဗိတိန္နဲ႔ ၾသစေၾတးလ် ႏုိင္ငံေတြကလည္း ေဘဂ်င္းအုိလံပစ္ကုိ သံတမန္ေရး သပိတ္ေမွာက္ဖုိ႔ ေၾကညာထားပါတယ္။ သံတမန္ေရးအရ သပိတ္ေမွာက္ဖုိ႔ အေမရိကန္က ေၾကညာခ်ိန္မွာလည္း အားကစားကုိ ႏုိင္ငံေရးအတြက္ အသုံးခ်တဲ့ လုပ္ရပ္ကုိရပ္ဖုိ႔ တ႐ုတ္ႏုိင္ငံက ေျပာခဲ့ဖူးပါတယ္။

တ႐ုတ္ႏုိင္ငံ အေနာက္ေျမာက္ဖက္ ရွင္က်န္းေဒသက ၀ီဂါမြတ္ဆလင္ေတြအေပၚ တ႐ုတ္ႏုိင္ငံရဲ႕ ျပဳမူပုံေတြကုိ ကန္႔ကြက္တဲ့ အေနနဲ႔ ေဘဂ်င္းအုိလံပစ္ကုိ သံတမန္ေရးအရ သပိတ္ေမွာက္ဖုိ႔ ေၾကညာခဲ့ၾကတာပါ။ ၀ီဂါမြတ္ဆလင္ေတြကုိ လူမ်ဳိးတုံးေအာင္ လုပ္တာေတြ၊ အဓမၼခုိင္းေစတာေတြရွိတယ္ဆုိတဲ့ စြပ္စဲြခ်က္ေတြကုိေတာ့ တ႐ုတ္ႏုိင္ငံက ျငင္းဆန္ထားပါတယ္။

...............

တိုက္႐ိုက္ လင့္ခ္

ဆောင်းရာသီ အိုလံပစ်ကို နှောက်ယှက်မှု ရပ်တန့်ဖို့ ကန် ကို တရုတ်တောင်းဆို
{{Zawgyi/Unicode}}
ဘေဂျင်းမြို့တော်က ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကို အမေရိကန်က ကြားဝင်နှောက်ယှက်နေတယ်လို့ တရုတ်နိုင်ငံက စွပ်စွဲလိုက်ပြီး၊ ဒီလုပ်ရပ်ကို ရပ်တန့်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။ လတ်တလော အရေးအကြီးဆုံး လုပ်ရမယ့် ဦးစားပေး ကိစ္စဟာ အမေရိကန်က ဆောင်းရာသီအိုလံပစ်ကို နှောက်ယှက်တဲ့ လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကြာသပတေးနေ့က ဆက်သွယ်စကားပြောခဲ့ပြီးနောက် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောဆိုလိုက်တာပါ။ အမေရိကန်ဟာ တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် စကားတွေ လုပ်ရပ်တွေကို အစဉ်တစိုက် ပြောကြားနေပြီး၊ ၂ နိုင်ငံ ဆက်ဆံရေးမှာ ပဋိပက္ခသစ်တွေ ပေါ်ပေါက်အောင် ဖန်တီးနေတယ်လို့လည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ရှေ့လာမယ့် သီတင်းပတ်မှာ စတင်မယ့် ဆောင်းရာသီအိုလံပစ် အားကစားပွဲကို သံတမန်ရေးအရ သပိတ်မှောက်မယ့် အစီအစဉ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက နှောက်ယှက်တဲ့လုပ်ရပ်အဖြစ် ရည်ညွှန်းပြောဆိုပုံရပါတယ်။ အိုလံပစ်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်တဲ့အနေနဲ့ အမေရိကန်က သံကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာမဟုတ်ပေမဲ့ အားကစားသမားတွေကတော့ ယှဉ်ပြိုင်ခွင့်ရကြမှာပါ။

ဗြိတိန်နဲ့ သြစတြေးလျ နိုင်ငံတွေကလည်း ဘေဂျင်းအိုလံပစ်ကို သံတမန်ရေး သပိတ်မှောက်ဖို့ ကြေညာထားပါတယ်။ သံတမန်ရေးအရ သပိတ်မှောက်ဖို့ အမေရိကန်က ကြေညာချိန်မှာလည်း အားကစားကို နိုင်ငံရေးအတွက် အသုံးချတဲ့ လုပ်ရပ်ကိုရပ်ဖို့ တရုတ်နိုင်ငံက ပြောခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ဖက် ရှင်ကျန်းဒေသက ဝီဂါမွတ်ဆလင်တွေအပေါ် တရုတ်နိုင်ငံရဲ့ ပြုမူပုံတွေကို ကန့်ကွက်တဲ့ အနေနဲ့ ဘေဂျင်းအိုလံပစ်ကို သံတမန်ရေးအရ သပိတ်မှောက်ဖို့ ကြေညာခဲ့ကြတာပါ။ ဝီဂါမွတ်ဆလင်တွေကို လူမျိုးတုံးအောင် လုပ်တာတွေ၊ အဓမ္မခိုင်းစေတာတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ တရုတ်နိုင်ငံက ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG