သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ခ်က္နဲ႔ ေသဆံုးရသူ ကေလးသူငယ္ ၁၁၄ ေယာက္ရွိၿပီ (ကုလေျပညခြင္႔ရ Farhan Haq)


UN Spokesperson Farhan Haq

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ကေလးေတြအေပၚ အၾကမ္းဖက္ တုိက္ခုိက္မွု က်ဴးလြန္တာေတြျမင့္တက္လာေနတဲ့အတြက္ ကုလသမဂၢအေနနဲ့အထူး စုိးရိမ္မိေၾကာင္း ကုလသမဂၢကေလးမ်ား ရံပုံေငြအဖဲြ့ UNICEF ကေျပာဆုိထား ေၾကာင္း ကလသမဂၢေျပာေရးဆုိခြင့္ရွိသူက တလၤာေန႔မွာ ေျပာဆုိလုိက္ပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖၚေဖ၀ါရီလ ၁ ရက္ေန့စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ အသက္ ၃ ႏွစ္ကေန ၁၇ ႏွစ္အၾကားရွိ အနည္းဆုံး ကေလး ၁၁၄ ေယာက္ဟာ အာဏာသိမ္းစစ္ေကာင္စီ ရဲ့လုံၿခုံေရးတပ္ဖဲြေတြ အၾကမ္း ဖက္တုိက္ခုိက္မႈေၾကာင့္ေသဆုံးခဲ့ရၿပီး၊ ၿပီးခဲ့တဲ့ ဇႏၷ၀ါရီလ တလထဲမွာတင္ ကေလး ၁၈ ဦးေသဆုံးခဲ့ရတယ္လုိ့ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႔ ေျပာေရးဆုိခြင့္ရွိသူ Farhan Haq ကနယူးေယာက္ၿမိဳ့ကုလသမဂၢအေဆာက္အဦးမွာ ျပုလုပ္တဲ့ သတင္းစာ ရွင္းလင္းပဲြ မွာေျပာဆုိသြားတာပါ။

ျမန္မာႏုိင္ငံကုိယ္တုိင္ပါ၀င္လက္မွတ္ေရးထုိးထားတဲ့ ကုလသမဂၢက ခေလးမ်ားဆုိင္ရာ အခြင့္အေရး သေဘာတူညီခ်က္ကုိလုိက္နာဖုိ့နဲ့၊ ၂၀၁၉ ခုႏွစ္ကျပဌာန္းခဲ့တဲ့ျမန္မာႏုိင္ငံ ကေလးမ်ားဆုိင္ရာ ဥပေဒကုိလုိက္နာဖုိ႔လုိတယ္လုိ႔UNICEF ကေလးမ်ားဆုိင္ရာ ရံပုံေငြအဖဲြ့ေျပာဆုိလုိက္ပါတယ္။

---------------------------------

စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရသူ ကလေးသူငယ် ၁၁၄ ယောက်ရှိပြီ (ကုလပြေညခွင့်ရ Farhan Haq)


မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ကလေးတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်တာတွေမြင့်တက်လာနေတဲ့အတွက် ကုလသမဂ္ဂအနေနဲ့အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ UNICEF ကပြောဆိုထား ကြောင်း ကလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက တင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေါ်ဖေဝါရီလ ၁ ရက်နေ့စစ်တပ်ကအာဏာသိမ်းပြီးနောက် အသက် ၃ နှစ်ကနေ ၁၇ နှစ်အကြားရှိ အနည်းဆုံး ကလေး ၁၁၄ ယောက်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့လုံခြုံရေး တပ်ဖွဲတွေအကြမ်း ဖက်တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရပြီး၊ ပြီးခဲ့တဲ့ ဇန္နဝါရီလ တလထဲမှာတင် ကလေး ၁၈ ဦးသေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကနယူးယောက်မြို့ကုလသမဂ္ဂအဆောက်အဦးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာပြောဆိုသွားတာပါ။

မြန်မာနိုင်ငံကိုယ်တိုင်ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂက ခလေးများဆိုင်ရာ အခွင့်အရေး သဘောတူညီချက်ကိုလိုက်နာဖို့နဲ့၊ ၂၀၁၉ ခုနှစ်ကပြဌာန်းခဲ့တဲ့မြန်မာနိုင်ငံ ကလေးများဆိုင်ရာ ဥပဒေကိုလိုက်နာဖို့လိုတယ်လို့UNICEF ကလေးများဆိုင်ရာ ရံပုံငွေအဖွဲ့ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG