သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဗစ္မ်ိဳးကြဲသစ္ Omicron လႈိင္း


coronavirus covid-19 omicron

ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 မ်ိဳးကြဲသစ္ စတင္ႀကီးစိုးလာၿပီး၊ အခုေန႔စဥ္ကူးစက္မူ ေထာင္နဲ႔ခ်ီ ျပန္တက္လာခ်ိန္မွာ လႈိင္းအသြင္ျဖစ္၊ ျပင္းထန္လာမွာကို စိုးရိမ္ေနၾကပါတယ္။

Omicron မ်ိဳးကြဲသစ္ စတင္ခဲ့တဲ့ ေတာင္အာဖရိကနဲ႔ ဒီမ်ိဳးကြဲလႈိင္းသစ္ကို ႀကီးႀကီးမားမား ခံခဲ့ရတဲ့ ဥေရာပဘက္မွာလည္း အေျခအေနေတြ အခ်ိန္တိုအတြင္း ျပန္ၿငိမ္လာတာေၾကာင့္၊ ဒီလႈိင္းက ျမန္ျမန္တက္ ျမန္ျမန္က်မယ့္ သေဘာေတြ႔ေနရပါတယ္။ ဒါေပမဲ့ အခုလို ျမန္ျမန္ျပန္မက်ခင္၊ ကူးစက္မူမ်ားလြန္သြားၿပီး ေသဆုံးမူပါ လိုက္မတက္လာေအာင္ေတာ့ ႀကိဳတင္ျပင္ဆင္ကာကြယ္ဖို႔ အထူးအေရးႀကီးပါတယ္။ အေၾကာင္းက အေမရိကန္မွာ ဒီမ်ိဳးကြဲသစ္တက္လာအၿပီး ကူးစက္မူမ်ားလြန္းတာေၾကာင့္ လူအမ်ားႀကီးကို ဆတိုးဆက္တိုက္ကူးသြားကာ၊ ေဆး႐ုံတက္ရသူနဲ႔ ေသဆုံးသူ အေရအတြက္က အရင္ပိုျပင္းထန္ခဲ့တဲ့ Delta မ်ိဳးကြဲထက္ကို ေနာက္ဆုံး ပိုမ်ားသြားခဲ့တာကို ေတြ႔ခဲ့ရလို႔ပါ။

Omicron ေၾကာင့္ ေဆး႐ုံတက္ရႏႈန္းက အသက္ (၅၀) ေက်ာ္က၊ အသက္ (၅၀) ေအာက္ထက္ အမ်ားႀကီး သိသိသာသာ ပိုမ်ားတာကိုလည္း ေလ့လာေတြ႔ရွိထားပါတယ္။ ဒါ့အျပင္ ေရာဂါအခံ (ေသြးတိုး၊ ႏွလုံး၊ ဆီးခ်ိဳ စတာ) ရွိသူေတြ၊ အရင္ကာကြယ္ေဆးထိုးတာ ၾကာခဲ့ၿပီး အားျဖည့္ေဆး မထိုးႏိုင္ခင္ ကိုယ္ခံအားျပန္က်လာသူေတြ၊ ကိုယ္ခံအားက်ေစတဲ့ ေရာဂါရွိထားသူေတြမွာလည္း၊ အရင္မ်ိဳးကြဲေတြမွာလိုပဲ ျပင္းထန္ၿပီး ေသဆုံးၾကရတာ ဆက္ေတြ႔ထားပါတယ္။ Omicron က အရင္ Delta မ်ိဳးကြဲေလာက္ ေယဘူယ်အားျဖင့္ မျပင္းထန္ပဲ အသက္႐ူလမ္းေၾကာင္းအေပၚပိုင္းကိုသာ ထိခိုက္တယ္ဆိုတာက ကာကြယ္ေဆး အျပည့္ထိုးထားၿပီး ကိုယ္ခံအားေကာင္းသူေတြမွာသာ ျဖစ္တာပါ။ ကိုယ္ခံအား နည္းေနသူေတြမွာေတာ့ မူလကို႐ိုနာဗိုင္းရပ္စ္ဗီဇအတိုင္း အဆုပ္ကိုထိခိုက္ၿပီး ျပင္းထန္ေနဆဲပါ။ ဒါ့အျပင္ Omicron က မူလမ်ိဳးကြဲစိတ္သစ္ BA.1 အျပင္၊ ေနာက္ မ်ိဳးကြဲစိတ္သစ္ BA.2 ထပ္ထြက္လာေနၿပီး၊ ႏိုင္ငံ (၆၀) ခန႔္ကို ေရာက္ေနၿပီမို႔၊ လက္ရွိကူးစက္မူ မ်ားလြန္းလာေလေလ ေနာက္ထပ္မ်ိဳးကြဲသစ္ေတြ ဆက္ထြက္ဖို႔က မ်ားေလေလ ျဖစ္ေနပါတယ္။

ဒါေၾကာင့္ Omicron သဘာဝအရ ျမန္မာႏိုင္ငံမွာလည္း အရွိန္အဟုန္နဲ႔ ကူးစက္လာမွာကို ေရအရွိန္ကို လုံးဝရပ္ေအာင္တားရခက္သလို ရွိေပမဲ့၊ ထိခိုက္မူနည္းေရး ေရစီးႏႈန္း မျပင္းထန္လြန္းေအာင္ေတာ့ ကာကြယ္ႏိုင္တဲ့သေဘာ ရွိေနပါတယ္။ ျမန္မာႏိုင္ငံထဲ က်န္းမာေရးတာဝန္ရွိသူေတြအေနနဲ႔ လက္ရွိ စစခ်င္းအဆင့္အျဖစ္ လုံးဝထိန္းခ်ဳပ္ႏိုင္ေရး Containment ဗ်ဴဟာကို က်င့္သုံးေနခ်ိန္မွာ၊ ျပည္သူေတြအေနနဲ႔လည္း ဝိုင္းဝန္းကာကြယ္ေပးၾကဖို႔ အေရးႀကီးလာေနပါတယ္။ အဓိက ကာကြယ္နည္းႀကီး (၃) ခုကို ကိုယ္တိုင္လုပ္ေဆာင္ေပးျခင္းျဖင့္ အခု ကိုဗစ္ စတုတၳလိူင္း ျပင္းျပင္းထန္ထန္ ျဖစ္မလာဘဲ ေက်ာ္လႊားႏိုင္ေအာင္ ဝိုင္းႀကိဳးပမ္းေပးႏိုင္ပါတယ္။ ဒါေတြကေတာ့ ကိုဗစ္အေျခခံ ကာကြယ္ေရးစည္းမ်ဥ္းေတြျဖစ္တဲ့ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) တပ္၊ လက္ေဆး၊ ခပ္ခြာခြာ (ေလဝင္ေလထြက္ ေကာင္းေအာင္ပါ) ေနတာ၊ ေနာက္ ကာကြယ္ေဆး အျပည့္ (တခ်ဳိ ႔ေဒသေတြမွာ (၁၈) ႏွစ္အထက္ ထိုးေပးေနတာ) နဲ႔ ထိုးခြင့္ရလွ်င္ Booster အားျဖည့္ကာကြယ္ေဆး (အသက္ ၆၅ အထက္နဲ႔ ဌာနဆိုင္ရာ ဝန္ထမ္းေတြ ထိုးေပးေနတာ) ထိုးတာအျပင္၊ ကူးစက္ခံရတဲ့ သံသယလကၡဏာေတြ ျဖစ္လာလွ်င္လည္း က်န္းမာေရးဌာနကို ခ်က္ခ်င္းအေၾကာင္းၾကား စစ္ေဆးခြဲေနတာေတြပါ။ အခုလို ကိုယ္တိုင္ကာကြယ္ျခင္းျဖင့္ အနီးနားက အႏၲရာယ္ႀကီးသူ သက္ႀကီးနဲ ႔ေရာဂါအခံရွိသူေတြ အမ်ားႀကီးဆက္မကူးေအာင္ ကာကြယ္ေပးကာ ေသဆုံးမူ ေလ်ာ့ခ်ႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရနဲ႔၊ အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနမွာ ေလ့လာသင္ၾကားခဲ့တဲ့၊ ကူးစက္ေရာဂါေဗဒကြၽမ္းက်င္သူ ေဒါက္တာသန္းႏိုင္စိုး ကို ဆက္သြယ္ေမးထားပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ ကိုဗစ်-19 မျိုးကွဲသစ် စတင်ကြီးစိုးလာပြီး၊ အခုနေ့စဉ်ကူးစက်မူ ထောင်နဲ့ချီ ပြန်တက်လာချိန်မှာ လှိုင်းအသွင်ဖြစ်၊ ပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

Omicron မျိုးကွဲသစ် စတင်ခဲ့တဲ့ တောင်အာဖရိကနဲ့ ဒီမျိုးကွဲလှိုင်းသစ်ကို ကြီးကြီးမားမား ခံခဲ့ရတဲ့ ဥရောပဘက်မှာလည်း အခြေအနေတွေ အချိန်တိုအတွင်း ပြန်ငြိမ်လာတာကြောင့်၊ ဒီလှိုင်းက မြန်မြန်တက် မြန်မြန်ကျမယ့် သဘောတွေ့နေရပါတယ်။ ဒါပေမဲ့ အခုလို မြန်မြန်ပြန်မကျခင်၊ ကူးစက်မူများလွန်သွားပြီး သေဆုံးမူပါ လိုက်မတက်လာအောင်တော့ ကြိုတင်ပြင်ဆင်ကာကွယ်ဖို့ အထူးအရေးကြီးပါတယ်။ အကြောင်းက အမေရိကန်မှာ ဒီမျိုးကွဲသစ်တက်လာအပြီး ကူးစက်မူများလွန်းတာကြောင့် လူအများကြီးကို ဆတိုးဆက်တိုက်ကူးသွားကာ၊ ဆေးရုံတက်ရသူနဲ့ သေဆုံးသူ အရေအတွက်က အရင်ပိုပြင်းထန်ခဲ့တဲ့ Delta မျိုးကွဲထက်ကို နောက်ဆုံး ပိုများသွားခဲ့တာကို တွေ့ခဲ့ရလို့ပါ။

Omicron ကြောင့် ဆေးရုံတက်ရနှုန်းက အသက် (၅၀) ကျော်က၊ အသက် (၅၀) အောက်ထက် အများကြီး သိသိသာသာ ပိုများတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။ ဒါ့အပြင် ရောဂါအခံ (သွေးတိုး၊ နှလုံး၊ ဆီးချို စတာ) ရှိသူတွေ၊ အရင်ကာကွယ်ဆေးထိုးတာ ကြာခဲ့ပြီး အားဖြည့်ဆေး မထိုးနိုင်ခင် ကိုယ်ခံအားပြန်ကျလာသူတွေ၊ ကိုယ်ခံအားကျစေတဲ့ ရောဂါရှိထားသူတွေမှာလည်း၊ အရင်မျိုးကွဲတွေမှာလိုပဲ ပြင်းထန်ပြီး သေဆုံးကြရတာ ဆက်တွေ့ထားပါတယ်။ Omicron က အရင် Delta မျိုးကွဲလောက် ယေဘူယျအားဖြင့် မပြင်းထန်ပဲ အသက်ရူလမ်းကြောင်းအပေါ်ပိုင်းကိုသာ ထိခိုက်တယ်ဆိုတာက ကာကွယ်ဆေး အပြည့်ထိုးထားပြီး ကိုယ်ခံအားကောင်းသူတွေမှာသာ ဖြစ်တာပါ။ ကိုယ်ခံအား နည်းနေသူတွေမှာတော့ မူလကိုရိုနာဗိုင်းရပ်စ်ဗီဇအတိုင်း အဆုပ်ကိုထိခိုက်ပြီး ပြင်းထန်နေဆဲပါ။ ဒါ့အပြင် Omicron က မူလမျိုးကွဲစိတ်သစ် BA.1 အပြင်၊ နောက် မျိုးကွဲစိတ်သစ် BA.2 ထပ်ထွက်လာနေပြီး၊ နိုင်ငံ (၆၀) ခန့်ကို ရောက်နေပြီမို့၊ လက်ရှိကူးစက်မူ များလွန်းလာလေလေ နောက်ထပ်မျိုးကွဲသစ်တွေ ဆက်ထွက်ဖို့က များလေလေ ဖြစ်နေပါတယ်။

ဒါကြောင့် Omicron သဘာဝအရ မြန်မာနိုင်ငံမှာလည်း အရှိန်အဟုန်နဲ့ ကူးစက်လာမှာကို ရေအရှိန်ကို လုံးဝရပ်အောင်တားရခက်သလို ရှိပေမဲ့၊ ထိခိုက်မူနည်းရေး ရေစီးနှုန်း မပြင်းထန်လွန်းအောင်တော့ ကာကွယ်နိုင်တဲ့သဘော ရှိနေပါတယ်။ မြန်မာနိုင်ငံထဲ ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ လက်ရှိ စစချင်းအဆင့်အဖြစ် လုံးဝထိန်းချုပ်နိုင်ရေး Containment ဗျူဟာကို ကျင့်သုံးနေချိန်မှာ၊ ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းကာကွယ်ပေးကြဖို့ အရေးကြီးလာနေပါတယ်။ အဓိက ကာကွယ်နည်းကြီး (၃) ခုကို ကိုယ်တိုင်လုပ်ဆောင်ပေးခြင်းဖြင့် အခု ကိုဗစ် စတုတ္ထလိူင်း ပြင်းပြင်းထန်ထန် ဖြစ်မလာဘဲ ကျော်လွှားနိုင်အောင် ဝိုင်းကြိုးပမ်းပေးနိုင်ပါတယ်။ ဒါတွေကတော့ ကိုဗစ်အခြေခံ ကာကွယ်ရေးစည်းမျဉ်းတွေဖြစ်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်၊ လက်ဆေး၊ ခပ်ခွာခွာ (လေဝင်လေထွက် ကောင်းအောင်ပါ) နေတာ၊ နောက် ကာကွယ်ဆေး အပြည့် (တချို့ဒေသတွေမှာ (၁၈) နှစ်အထက် ထိုးပေးနေတာ) နဲ့ ထိုးခွင့်ရလျှင် Booster အားဖြည့်ကာကွယ်ဆေး (အသက် ၆၅ အထက်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ထိုးပေးနေတာ) ထိုးတာအပြင်၊ ကူးစက်ခံရတဲ့ သံသယလက္ခဏာတွေ ဖြစ်လာလျှင်လည်း ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြား စစ်ဆေးခွဲနေတာတွေပါ။ အခုလို ကိုယ်တိုင်ကာကွယ်ခြင်းဖြင့် အနီးနားက အန္တရာယ်ကြီးသူ သက်ကြီးနဲ့ရောဂါအခံရှိသူတွေ အများကြီးဆက်မကူးအောင် ကာကွယ်ပေးကာ သေဆုံးမူ လျော့ချနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှာ လေ့လာသင်ကြားခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုး ကို ဆက်သွယ်မေးထားပါတယ်။

XS
SM
MD
LG