သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္အိမ္ေရွ႕မင္းသား ခ်ားလ္စ္ ဒုတိယအႀကိမ္ ကိုဗစ္ကူးစက္


ၿဗိတိန္အိမ္ေရွ႕မင္းသား ခ်ားလ္စ္ Feb. 2, 2022.

[ ZAWGYI ]

ၿဗိတိန္အိမ္ေရွ႕မင္းသား ခ်ားလ္စ္ ဒုတိယအႀကိမ္ ကိုဗစ္ကူးစက္

ၿဗိတိန္အိမ္ေရွ႕မင္းသား ခ်ားလ္စ္ ဟာ ကုိဗစ္ေရာဂါ ကူးစက္ခံရေၾကာင္း ၾကာသပေတးေန႔မွာပဲ အတည္ျပဳေျပာဆုိလုိက္ပါတယ္။ ဒီတႀကိမ္နဲ႔ပါဆုိရင္ ကုိဗစ္ကူးစက္ခံရတာ ဒုတိယအႀကိမ္လည္း ျဖစ္ပါတယ္။ ေရာဂါကူးစက္မႈေၾကာင့္ သီးသန္႔ခဲြေနထုိင္ေနၿပီး၊ Winchester မွာ က်င္းပမယ့္ အခမ္းအနားေတြ တက္ႏုိင္မွာ မဟုတ္တဲ့အတြက္ စိတ္ပ်က္မိေၾကာင္းလည္း Twitter လူမႈကြန္ရက္မွာ ၾကာသပေတးေန႔က ေျပာဆုိခဲ့တာပါ။

အခမ္းအနားအတြက္ ရက္အသစ္ အျမန္ဆုံး စီစဥ္မယ္လုိ႔လည္း ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀ မတ္လမွာ ပထမတႀကိမ္ ေရာဂါကူးစက္ခံခဲ့ရဖူးတဲ့ သက္ေတာ္ ၇၃ ႏွစ္အရြယ္ မင္းသား ခ်ားလ္စ္ ဟာ ကုိဗစ္ေရာဂါ ကာကြယ္ေဆး ၂ ႀကိမ္ အျပည့္ထုိးၿပီး ျဖစ္သလုိ၊ ေနာက္ထပ္ အားျဖည့္ေဆးပါ ထပ္ထုိးထားသူ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ သူ႔တာ၀န္ေတြကုိ ၾကင္ယာေတာ္ Camilla က လဲႊေျပာင္း တာ၀န္ယူထားပါတယ္။

ကမာၻတလႊား ကုိဗစ္ကူးစက္မႈ သတင္းေတြထဲမွာေတာ့ အမ်ားျပည္သူၾကားမွာ သတိထား ကာကြယ္သြားမယ္ဆုိရင္ အာဖရိကတုိက္မွာ ကပ္ေရာဂါကုိ ထိန္းခ်ဳပ္ႏုိင္မယ့္ အေျခအေနရွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ရဲ႕ အာဖရိကဆုိင္ရာဌာေန ညႊန္ၾကားေရးမွဴး Matshidiso Moeti ကေျပာလုိက္ပါတယ္။ ကမာၻေပၚက တျခားေနရာေတြေလာက္ ကာကြယ္ေဆးမရတာေၾကာင့္ အာဖရိကတုိက္မွာ ကာကြယ္ေဆးထုိးၿပီးတဲ့သူ အေရအတြက္ဟာ လူဦးေရရဲ႕ ၁၁ ရာခုိင္ႏႈန္းသာ ရွိေနေသးတယ္လုိ႔လည္း ေျပာဆုိခဲ့တာပါ။

အုိမီခရြန္ ကုိဗစ္မ်ဳိးကဲြ ကူးစက္မႈေတြ မေလ်ာ့ေသးသလုိ၊ ကာကြယ္ေဆးထုိးတဲ့သူ သိပ္မမ်ားေသးတဲ့ ဂ်ပန္ႏုိင္ငံမွာေတာ့ တုိက်ဳိၿမိဳ႕ေတာ္နဲ႔ အနီးအနားေဒသ ၁၂ ခုမွာ ကုိဗစ္ကပ္ေရာဂါ ကန္႔သတ္ခ်က္ေတြကုိ မတ္လဆန္းအထိ၊ ေနာက္ထပ္ သီတင္း ၃ ပတ္ သက္တမ္းတုိးမယ့္အေၾကာင္း ၀န္ႀကီးခ်ဳပ္ Fumio Kishida က ၾကာသပေတးေန႔မွာပဲ ေၾကညာခဲ့ပါတယ္။

================================

တိုက္႐ိုက္ လင့္ခ္

{ UNICODE }

ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ် ဒုတိယအကြိမ် ကိုဗစ်ကူးစက်

ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ် ဟာ ကိုဗစ်ရောဂါ ကူးစက်ခံရကြောင်း ကြာသပတေးနေ့မှာပဲ အတည်ပြုပြောဆိုလိုက်ပါတယ်။ ဒီတကြိမ်နဲ့ပါဆိုရင် ကိုဗစ်ကူးစက်ခံရတာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။ ရောဂါကူးစက်မှုကြောင့် သီးသန့်ခွဲနေထိုင်နေပြီး၊ Winchester မှာ ကျင်းပမယ့် အခမ်းအနားတွေ တက်နိုင်မှာ မဟုတ်တဲ့အတွက် စိတ်ပျက်မိကြောင်းလည်း Twitter လူမှုကွန်ရက်မှာ ကြာသပတေးနေ့က ပြောဆိုခဲ့တာပါ။

အခမ်းအနားအတွက် ရက်အသစ် အမြန်ဆုံး စီစဉ်မယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လမှာ ပထမတကြိမ် ရောဂါကူးစက်ခံခဲ့ရဖူးတဲ့ သက်တော် ၇၃ နှစ်အရွယ် မင်းသား ချားလ်စ် ဟာ ကိုဗစ်ရောဂါ ကာကွယ်ဆေး ၂ ကြိမ် အပြည့်ထိုးပြီး ဖြစ်သလို၊ နောက်ထပ် အားဖြည့်ဆေးပါ ထပ်ထိုးထားသူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူ့တာဝန်တွေကို ကြင်ယာတော် Camilla က လွဲှပြောင်း တာဝန်ယူထားပါတယ်။

ကမ္ဘာတလွှား ကိုဗစ်ကူးစက်မှု သတင်းတွေထဲမှာတော့ အများပြည်သူကြားမှာ သတိထား ကာကွယ်သွားမယ်ဆိုရင် အာဖရိကတိုက်မှာ ကပ်ရောဂါကို ထိန်းချုပ်နိုင်မယ့် အခြေအနေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အာဖရိကဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး Matshidiso Moeti ကပြောလိုက်ပါတယ်။ ကမ္ဘာပေါ်က တခြားနေရာတွေလောက် ကာကွယ်ဆေးမရတာကြောင့် အာဖရိကတိုက်မှာ ကာကွယ်ဆေးထိုးပြီးတဲ့သူ အရေအတွက်ဟာ လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းသာ ရှိနေသေးတယ်လို့လည်း ပြောဆိုခဲ့တာပါ။

အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်မှုတွေ မလျော့သေးသလို၊ ကာကွယ်ဆေးထိုးတဲ့သူ သိပ်မများသေးတဲ့ ဂျပန်နိုင်ငံမှာတော့ တိုကျိုမြို့တော်နဲ့ အနီးအနားဒေသ ၁၂ ခုမှာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေကို မတ်လဆန်းအထိ၊ နောက်ထပ် သီတင်း ၃ ပတ် သက်တမ်းတိုးမယ့်အကြောင်း ဝန်ကြီးချုပ် Fumio Kishida က ကြာသပတေးနေ့မှာပဲ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG