သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႀကိဳတင္အသိမေပးပဲ နာရီနဲ႔ခ်ီ မီးပ်က္လို႔ လုပ္ငန္းေတြထိခိုက္ 


ရန္ကုန္ၿမိဳ႕တဖက္ကမ္း ဒလၿမိဳ႕တြင္ ဖေယာင္းတိုင္မီးႏွင့္ ညစာစားေနၾကသည့္ မိသားတစု။ စက္တင္ဘာ ၂၄၊ ၂၀၁၃။


[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေန႔စဥ္ နာရီနဲ႔ခ်ီၾကာေအာင္ မီးပ်က္တဲ့ဒုကၡကို ျပည္သူေတြ ေတြ႕ႀကဳံေနၾကပါတယ္။ ႀကိဳတင္ခန႔္မွန္းလို႔မရဘဲ တေန႔နဲ႔တေန႔ မီးပ်က္ခ်ိန္လည္း မတူတာေၾကာင့္ အလုပ္အကိုင္ပ်က္ၾကရတဲ့အျပင္ လုံၿခဳံေရးအတြက္ပါ စိုးရိမ္ရတဲ့ အေျခအေနအထိ ျဖစ္ေနတယ္လို႔ ေျပာၾကပါတယ္။ မီးေတြပ်က္ေပမယ့္ မီတာခေတြကေတာ့ တက္ေနတယ္ဆိုတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

စစ္တပ္အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ အခုေနာက္ပိုင္း အခ်ိန္ကို ႀကိဳတင္အသိေပးထားျခင္းမရွိဘဲ မီးပ်က္တဲ့အေျခအေနကို ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ႀကဳံေနၾကရပါတယ္။ အခ်ိန္ အတိအက် မီးပ်က္တာမ်ိဳးမဟုတ္ဘဲ မနက္ပ်က္လိုက္ ညေနပိုင္းပ်က္လိုက္ျဖစ္ေနတာေၾကာင့္ အလုပ္ပ်က္အကိုင္ပ်က္ ျဖစ္ၾကရတယ္လို႔ ရန္ကုန္ၿမိဳ႕က ကုမၸဏီဝန္ထမ္းတဦးက ခုလိုေျပာျပပါတယ္။

“ျပတ္တာကေတာ့ ပုံမွန္လိုမ်ိဳးကို ျပတ္ေနတာ။ တရက္က မနက္ပိုင္းျပတ္တယ္ဆိုရင္ ေနာက္ေန႔က ညေနပိုင္းျပတ္တယ္ေပါ့။ တခါတေလဆိုရင္ ညပိုင္း ၇ နာရီေလာက္ေနျပတ္ရင္ တညလုံးျပန္မလာေတာ့ဘူး။ ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၂ နာရီ ေလာက္မွာ လာတာမ်ိဳးေတြရွိတယ္။ မနက္ အေစာႀကီးကေန ျပတ္ၿပီး မနက္ပိုင္းလည္းမလာ ေန႔လယ္ေလာက္ထိမလာ တေန႔လုံး ျပန္မလာတာမ်ိဳးေတြလဲ ရွိတယ္ေပါ့။ မနက္အေစာႀကီး ျပတ္တဲ့ခါမ်ိဳးဆိုရင္ မနက္ပိုင္း ႐ုံးသြားရတဲ့သူေတြ ထမင္းခ်ိဳင့္ထည့္တဲ့အခါမ်ိဳးဆိုလို႔ရွိရင္ ေႏွာင့္ေႏွးတယ္ေလ အဆင္မေျပဘူး။ မီးေမႊးတာေတြ ဘာေတြလုပ္ရေတာ့ အရမ္းအလုပ္ရႈပ္ၿပီး ထမင္းခ်ိဳင့္ပါမသြားႏိုင္တာတို႔။ ၿပီးေတာ့ ညဘက္ေတြပ်က္တဲ့ခါက်ရင္ အမွန္တကယ္ကေတာ့ ညဘက္ဆိုရင္ မီးက ပိုလိုတယ္ေလ။ လမ္းမီးေတြလည္းမလာဘဲ အကုန္ေမွာင္ေနတာဆိုေတာ့ အႏၲရာယ္ေတြ ဘာေတြလည္း ရွိႏိုင္ တာေပါ့ေႏွာ္။ မီးမလာတဲ့ခါက်ရင္ အလုပ္လုပ္ရတာလည္း အဆင္မေျပဘူးေလ။ လုပ္ငန္းႀကီးေတြက မီးစက္ေတြဘာေတြနဲ႔သြားေပမယ့္ ဒီလိုလုပ္ငန္းငယ္တို႔ ၿပီးေတာ့ အေရးႀကီးကိစၥေတြဆိုရင္ အလုပ္ပ်က္အကိုင္ပ်က္ျဖစ္တာေပါ့။ ဘယ္အခ်ိန္ေလာက္လာမယ္ဆိုတာလည္း မွန္းလို႔မရေတာ့ေလ။”

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွာလည္း အခ်ိန္အၾကာႀကီးမီးပ်က္ေနတဲ့ ျပႆနာ ေန႔တိုင္းႀကဳံေနၾကရပါတယ္။ ညဘက္အခ်ိန္ေတြပါ မီးပ်က္ေနလို႔ ပစၥည္းခိုးမႈေတြ၊ အိမ္ေဖာက္ထြင္းမႈေတြ ခဏခဏျဖစ္ေနတယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕ခံက ေျပာပါတယ္။

“ညဘက္ေတြဆိုသြားတာလာေတြကအစ ေနာက္ၿပီးေတာ့ ဒီမွာ ဆိုင္ကယ္ခိုးမႈေတြက ခဏခဏ ျဖစ္တယ္။ အိမ္ယာဆိုေတာ့ေလ။ ေနာက္ၿပီးေတာ့ ေဖာက္ထြင္းမႈေတြလည္း ျဖစ္တယ္၊ အိမ္ယာေတြမွာ။ အဲ့လိုမ်ိဳးဆိုေတာ့ေလ။ ညဘက္ဆိုရင္ မီးေမွာင္ေနေတာ့ ၆ နာရီကေန စၿပီးေတာ့ ၁၁ နာရီထိ ၁၂ နာရီထိ အဲ့ေလာက္မွ ျပန္ေပးေတာ့ေလ- ညဘက္ေတြဆို ေမွာင္လာၿပီဆို ဘယ္လိုမွ အဆင္မေျပဘူး။ ညဘက္ဆိုရင္ အေစာႀကီး တံခါးေတြ ပိတ္ထားရတာေလ။ တခါတေလက်ရင္ ေမွာင္ေနတဲ့အခ်ိန္ဆိုရင္ အမူးသမားေတြလိုမ်ိဳး တက္လာတယ္။ တက္လာၿပီး အိမ္ေတြကို တံခါးေတြလိုက္ေခါက္ အဲ့လိုမ်ိဳးေတြေပါ့ေႏွာ္။ အဲ့ခ်ိန္က်ရင္ ဘယ္သူ႔ဘယ္သူမွန္းမသိေတာ့ ဖြင့္လည္း မၾကည့္ရဲၾကဘူး။ ေတာ္ေတာ္ေတာ့ ဆိုးတယ္။ ဆိုင္ကယ္ေပ်ာက္တာေတြကလည္း မီးပ်က္ေနတဲ့အခ်ိန္မွာဆိုရင္ ခဏေလးပဲတစီးႏွစ္စီးပါသြားၿပီ။ မနက္ပိုင္းထက္ အခုညပိုင္းေတြ ပိုပိုၿပီးေတာ့ ပ်က္လာတယ္၊ အဲ့ဒါေတြက အဆင္မေျပဘူး။”

တေန႔ကို ၆ နာရီေလာက္ မီးပ်က္ေနေပမယ့္ မီတာခေတြ တလထက္ တလ ပိုမ်ားလာတယ္လို႔လည္း သူက ခုလိုေျပာပါတယ္။

“မီတာခကေတာ့ ပုံမွန္လာတယ္။ လာၿပီေဟ့ဆိုရင္လည္း ကိုယ္က သုံးခ်ိန္မရွိဘူး၊ မီးက ပ်က္လိုက္တာ။ တေနကုန္သုံးခ်ိန္ကမရွိဘဲနဲ႔ မီတာခေတြက ဒီလ တေသာင္းဆိုရင္ ေနာက္လ သုံးေသာင္းေက်ာ္၊ ဘယ္လိုျဖစ္လို႔ သုံးေသာင္းေက်ာ္လို႔ ေက်ာ္မွန္းလည္း မသိဘူး။ ပုံမွန္ေတာ့လာတယ္။ ကိုယ္ထြက္ၾကည့္စရာမလိုဘူး။ အခ်ိန္တန္ၿပီေဟ့ဆို တံခါးၾကားေတြမွာ လိုက္ထည့္ သြားေရာ။ မီတာခက ပုံမွန္လာတယ္။ ေဈးကလည္း ပုံမွန္တက္ေနတယ္။ ဒါေပမယ့္ ဘာသုံးလို႔ သုံးမွန္းလည္း မသိဘူး။ မီးမလာပါဘူးဆိုမွ ကိုယ္လည္း ဘာမွမသုံးရဘဲနဲ႔ မီခကလည္း ပုံမွန္ေရာက္ၿပီး ေဈးေတြကလည္း ပုံမွန္တက္ေနတာပဲ။”

ရခိုင္ျပည္နယ္က ၿမိဳ႕ေတြမွာလည္း ေန႔တိုင္း တေန႔ကို အနည္းဆုံး ၅ နာရီေလာက္ မီးပ်က္ေနတဲ့အတြက္ အလုပ္အကိုင္ပ်က္၊ ခ်က္ျပဳတ္ဖို႔ အခက္အခဲေတြျဖစ္ေနၾကရပါတယ္။ လွ်ပ္စစ္မီးကို အားမကိုးဘဲ ဟင္းခ်က္ဖို႔ မီးေသြးကို အသုံးျပဳျပန္ေတာ့လည္း မီးေသြးေဈးေတြပါ တက္ေနတယ္လို႔ စစ္ေတြၿမိဳ႕မွာ ေနထိုင္တဲ့ ကုမၸဏီဝန္ထမ္းတဦးက ေျပာပါတယ္။

“ေန႔တိုင္းလိုလိုပ်က္တယ္။ ဒီမွာကက်ရင္ ဘယ္လိုေျပာရမလဲ အစုလိုက္ခြဲထားတယ္။ A,B,C ဆိုၿပီးေတာ့ေလ။ ရပ္ကြက္အလိုက္ အဲ့လိုမ်ိဳးခြဲထားတာရွိတယ္။ တခ်ိဳ႕ေနရာေတြဆိုရင္ မနက္ပိုင္း ၅ နာရီကေန ၁၀ နာရီအထိ ျပတ္တဲ့ ေနရာေတြရွိတယ္။ ၿပီးေတာ့ တခ်ိဳ႕ရပ္ကြက္ေတြမွာဆိုရင္ ညေန ၅ နာရီကေန ၁၀ နာရီအထိ အဲ့လိုမ်ိဳးျပတ္တယ္။ ပ်က္တာကေတာ့ ေန႔တိုင္းပဲ။ တရက္ကို ၄ နာရီ၊ ၅ နာရီေလာက္ပ်က္တယ္။ မနက္ပိုင္းပ်က္လို႔ရွိရင္ ထမင္းခ်က္ရတာကအစ အခက္အခဲျဖစ္တယ္။ မီးပ်က္ေတာ့ မီးေသြးနဲ႔ ခ်က္ရေတာ့ မီးေသြးေတြကလည္း ေဈးတက္ တာေတြျဖစ္တယ္။ အလုပ္လုပ္တဲ့သူေတြမွာဆိုရင္ ညီမတို႔ဆိုရင္လည္း အလုပ္လုပ္တဲ့အခါ မီးက မရေတာ့ Wifi ေတြကအစ မရေတာ့ အဲ့လို အခက္အခဲေတြေပါ့။ ထမင္းခ်က္ရတာေရာ၊ အလုပ္လုပ္ရတာေရာ အခက္အခဲျဖစ္တယ္။ ၿပီးေတာ့ စီးပြားေရးလုပ္ငန္းေတြဆိုရင္ ပိုၿပီးေတာ့ ခက္ခဲတာေပါ့။ ဒီလွ်ပ္စစ္မီးကို အားကိုးေနရတဲ့သူေတြက။”

ႏိုင္ငံေတာ္ ဓာတ္အားလိုင္းကို ပို႔လႊတ္ေနတဲ့ မဟာဓာတ္အားလိုင္းေတြ ေဖာက္ခြဲဖ်က္ဆီးခံရမႈေတြ ရွိေနတာေၾကာင့္ေရာ သဘာဝ ဓာတ္ေငြ႕ေဈးႏႈန္းေတြ ျမင့္တက္လာတဲ့ အတြက္ေၾကာင့္ပါ ဓာတ္အားေပးစက္႐ုံေတြရဲ႕ ထုတ္လုပ္မႈတစ္ခ်ိဳ႕ ရပ္ထားရတယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေလ်ာ့နည္းသြားတဲ့ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈေတြအတြက္ ဝန္အားထိန္းညႇိတဲ့အေနနဲ႔ တခ်ိဳ႕ေနရာေတြမွာ ဓာတ္အားသုံးစြဲမႈမ်ားတဲ့ အခ်ိန္ေတြျဖစ္တဲ့ မနက္ ၇ နာရီကေန ၁၁ နာရီအထိနဲ႔ ညေန ၅ နာရီကေန ည ၇ နာရီ အခ်ိန္ထိ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မယ္လို႔ ထုတ္ျပန္ထားပါတယ္။ အဲဒီထုတ္ျပန္ခ်က္မွာ ဘယ္ေနရာေတြမွာ ဘယ္အခ်ိန္ လွ်ပ္စစ္မီး ျဖတ္မယ္ဆိုတာမ်ိဳး အတိအက် ေဖာ္ျပထားျခင္းမရွိပါဘူး။ ခုလို လွ်ပ္စစ္မီးေတြ အခ်ိန္မေ႐ြးျပတ္ေတာက္ေနတာေၾကာင့္ အလုပ္အကိုင္တခ်ဳ႕ိက အင္တာနက္အတြက္ ဖုန္းအင္တာနက္ မိုဘိုင္းေဒတာ အသုံးျပဳရတာ၊ မီးစက္အတြက္ စက္သုံးဆီ အသုံးျပဳေနရတာေတြေၾကာင့္ ကုန္က်စရိတ္ေတြ ပိုၿပီးျမင့္တက္ေနတယ္လို႔ ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ကြိုတင်အသိမပေးပဲ နာရီနဲ့ချီ မီးပျက်လို့ လုပ်ငန်းတွေထိခိုက်


မြန်မာနိုင်ငံ နေရာတော်တော်များများမှာ နေ့စဉ် နာရီနဲ့ချီကြာအောင် မီးပျက်တဲ့ဒုက္ခကို ပြည်သူတွေ တွေ့ကြုံနေကြပါတယ်။ ကြိုတင်ခန့်မှန်းလို့မရဘဲ တနေ့နဲ့တနေ့ မီးပျက်ချိန်လည်း မတူတာကြောင့် အလုပ်အကိုင်ပျက်ကြရတဲ့အပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ ပြောကြပါတယ်။ မီးတွေပျက်ပေမယ့် မီတာခတွေကတော့ တက်နေတယ်ဆိုတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း အချိန်ကို ကြိုတင်အသိပေးထားခြင်းမရှိဘဲ မီးပျက်တဲ့အခြေအနေကို မြို့တော်တော်များများမှာ ကြုံနေကြရပါတယ်။ အချိန် အတိအကျ မီးပျက်တာမျိုးမဟုတ်ဘဲ မနက်ပျက်လိုက် ညနေပိုင်းပျက်လိုက်ဖြစ်နေတာကြောင့် အလုပ်ပျက်အကိုင်ပျက် ဖြစ်ကြရတယ်လို့ ရန်ကုန်မြို့က ကုမ္ပဏီဝန်ထမ်းတဦးက ခုလိုပြောပြပါတယ်။

“ပြတ်တာကတော့ ပုံမှန်လိုမျိုးကို ပြတ်နေတာ။ တရက်က မနက်ပိုင်းပြတ်တယ်ဆိုရင် နောက်နေ့က ညနေပိုင်းပြတ်တယ်ပေါ့။ တခါတလေဆိုရင် ညပိုင်း ၇ နာရီလောက်နေပြတ်ရင် တညလုံးပြန်မလာတော့ဘူး။ ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၂ နာရီ လောက်မှာ လာတာမျိုးတွေရှိတယ်။ မနက် အစောကြီးကနေ ပြတ်ပြီး မနက်ပိုင်းလည်းမလာ နေ့လယ်လောက်ထိမလာ တနေ့လုံး ပြန်မလာတာမျိုးတွေလဲ ရှိတယ်ပေါ့။ မနက်အစောကြီး ပြတ်တဲ့ခါမျိုးဆိုရင် မနက်ပိုင်း ရုံးသွားရတဲ့သူတွေ ထမင်းချိုင့်ထည့်တဲ့အခါမျိုးဆိုလို့ရှိရင် နှောင့်နှေးတယ်လေ အဆင်မပြေဘူး။ မီးမွှေးတာတွေ ဘာတွေလုပ်ရတော့ အရမ်းအလုပ်ရှုပ်ပြီး ထမင်းချိုင့်ပါမသွားနိုင်တာတို့။ ပြီးတော့ ညဘက်တွေပျက်တဲ့ခါကျရင် အမှန်တကယ်ကတော့ ညဘက်ဆိုရင် မီးက ပိုလိုတယ်လေ။ လမ်းမီးတွေလည်းမလာဘဲ အကုန်မှောင်နေတာဆိုတော့ အန္တရာယ်တွေ ဘာတွေလည်း ရှိနိုင် တာပေါ့နှော်။ မီးမလာတဲ့ခါကျရင် အလုပ်လုပ်ရတာလည်း အဆင်မပြေဘူးလေ။ လုပ်ငန်းကြီးတွေက မီးစက်တွေဘာတွေနဲ့သွားပေမယ့် ဒီလိုလုပ်ငန်းငယ်တို့ ပြီးတော့ အရေးကြီးကိစ္စတွေဆိုရင် အလုပ်ပျက်အကိုင်ပျက်ဖြစ်တာပေါ့။ ဘယ်အချိန်လောက်လာမယ်ဆိုတာလည်း မှန်းလို့မရတော့လေ။”

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း အချိန်အကြာကြီးမီးပျက်နေတဲ့ ပြဿနာ နေ့တိုင်းကြုံနေကြရပါတယ်။ ညဘက်အချိန်တွေပါ မီးပျက်နေလို့ ပစ္စည်းခိုးမှုတွေ၊ အိမ်ဖောက်ထွင်းမှုတွေ ခဏခဏဖြစ်နေတယ်လို့ မော်လမြိုင်မြို့ခံက ပြောပါတယ်။

“ညဘက်တွေဆိုသွားတာလာတွေကအစ နောက်ပြီးတော့ ဒီမှာ ဆိုင်ကယ်ခိုးမှုတွေက ခဏခဏ ဖြစ်တယ်။ အိမ်ယာဆိုတော့လေ။ နောက်ပြီးတော့ ဖောက်ထွင်းမှုတွေလည်း ဖြစ်တယ်၊ အိမ်ယာတွေမှာ။ အဲ့လိုမျိုးဆိုတော့လေ။ ညဘက်ဆိုရင် မီးမှောင်နေတော့ ၆ နာရီကနေ စပြီးတော့ ၁၁ နာရီထိ ၁၂ နာရီထိ အဲ့လောက်မှ ပြန်ပေးတော့လေ- ညဘက်တွေဆို မှောင်လာပြီဆို ဘယ်လိုမှ အဆင်မပြေဘူး။ ညဘက်ဆိုရင် အစောကြီး တံခါးတွေ ပိတ်ထားရတာလေ။ တခါတလေကျရင် မှောင်နေတဲ့အချိန်ဆိုရင် အမူးသမားတွေလိုမျိုး တက်လာတယ်။ တက်လာပြီး အိမ်တွေကို တံခါးတွေလိုက်ခေါက် အဲ့လိုမျိုးတွေပေါ့နှော်။ အဲ့ချိန်ကျရင် ဘယ်သူ့ဘယ်သူမှန်းမသိတော့ ဖွင့်လည်း မကြည့်ရဲကြဘူး။ တော်တော်တော့ ဆိုးတယ်။ ဆိုင်ကယ်ပျောက်တာတွေကလည်း မီးပျက်နေတဲ့အချိန်မှာဆိုရင် ခဏလေးပဲတစီးနှစ်စီးပါသွားပြီ။ မနက်ပိုင်းထက် အခုညပိုင်းတွေ ပိုပိုပြီးတော့ ပျက်လာတယ်၊ အဲ့ဒါတွေက အဆင်မပြေဘူး။”

တနေ့ကို ၆ နာရီလောက် မီးပျက်နေပေမယ့် မီတာခတွေ တလထက် တလ ပိုများလာတယ်လို့လည်း သူက ခုလိုပြောပါတယ်။

“မီတာခကတော့ ပုံမှန်လာတယ်။ လာပြီဟေ့ဆိုရင်လည်း ကိုယ်က သုံးချိန်မရှိဘူး၊ မီးက ပျက်လိုက်တာ။ တနေကုန်သုံးချိန်ကမရှိဘဲနဲ့ မီတာခတွေက ဒီလ တသောင်းဆိုရင် နောက်လ သုံးသောင်းကျော်၊ ဘယ်လိုဖြစ်လို့ သုံးသောင်းကျော်လို့ ကျော်မှန်းလည်း မသိဘူး။ ပုံမှန်တော့လာတယ်။ ကိုယ်ထွက်ကြည့်စရာမလိုဘူး။ အချိန်တန်ပြီဟေ့ဆို တံခါးကြားတွေမှာ လိုက်ထည့် သွားရော။ မီတာခက ပုံမှန်လာတယ်။ ဈေးကလည်း ပုံမှန်တက်နေတယ်။ ဒါပေမယ့် ဘာသုံးလို့ သုံးမှန်းလည်း မသိဘူး။ မီးမလာပါဘူးဆိုမှ ကိုယ်လည်း ဘာမှမသုံးရဘဲနဲ့ မီခကလည်း ပုံမှန်ရောက်ပြီး ဈေးတွေကလည်း ပုံမှန်တက်နေတာပဲ။”

ရခိုင်ပြည်နယ်က မြို့တွေမှာလည်း နေ့တိုင်း တနေ့ကို အနည်းဆုံး ၅ နာရီလောက် မီးပျက်နေတဲ့အတွက် အလုပ်အကိုင်ပျက်၊ ချက်ပြုတ်ဖို့ အခက်အခဲတွေဖြစ်နေကြရပါတယ်။ လျှပ်စစ်မီးကို အားမကိုးဘဲ ဟင်းချက်ဖို့ မီးသွေးကို အသုံးပြုပြန်တော့လည်း မီးသွေးဈေးတွေပါ တက်နေတယ်လို့ စစ်တွေမြို့မှာ နေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။

“နေ့တိုင်းလိုလိုပျက်တယ်။ ဒီမှာကကျရင် ဘယ်လိုပြောရမလဲ အစုလိုက်ခွဲထားတယ်။ A,B,C ဆိုပြီးတော့လေ။ ရပ်ကွက်အလိုက် အဲ့လိုမျိုးခွဲထားတာရှိတယ်။ တချို့နေရာတွေဆိုရင် မနက်ပိုင်း ၅ နာရီကနေ ၁၀ နာရီအထိ ပြတ်တဲ့ နေရာတွေရှိတယ်။ ပြီးတော့ တချို့ရပ်ကွက်တွေမှာဆိုရင် ညနေ ၅ နာရီကနေ ၁၀ နာရီအထိ အဲ့လိုမျိုးပြတ်တယ်။ ပျက်တာကတော့ နေ့တိုင်းပဲ။ တရက်ကို ၄ နာရီ၊ ၅ နာရီလောက်ပျက်တယ်။ မနက်ပိုင်းပျက်လို့ရှိရင် ထမင်းချက်ရတာကအစ အခက်အခဲဖြစ်တယ်။ မီးပျက်တော့ မီးသွေးနဲ့ ချက်ရတော့ မီးသွေးတွေကလည်း ဈေးတက် တာတွေဖြစ်တယ်။ အလုပ်လုပ်တဲ့သူတွေမှာဆိုရင် ညီမတို့ဆိုရင်လည်း အလုပ်လုပ်တဲ့အခါ မီးက မရတော့ Wifi တွေကအစ မရတော့ အဲ့လို အခက်အခဲတွေပေါ့။ ထမင်းချက်ရတာရော၊ အလုပ်လုပ်ရတာရော အခက်အခဲဖြစ်တယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေဆိုရင် ပိုပြီးတော့ ခက်ခဲတာပေါ့။ ဒီလျှပ်စစ်မီးကို အားကိုးနေရတဲ့သူတွေက။”

နိုင်ငံတော် ဓာတ်အားလိုင်းကို ပို့လွှတ်နေတဲ့ မဟာဓာတ်အားလိုင်းတွေ ဖောက်ခွဲဖျက်ဆီးခံရမှုတွေ ရှိနေတာကြောင့်ရော သဘာဝ ဓာတ်ငွေ့ဈေးနှုန်းတွေ မြင့်တက်လာတဲ့ အတွက်ကြောင့်ပါ ဓာတ်အားပေးစက်ရုံတွေရဲ့ ထုတ်လုပ်မှုတစ်ချို့ ရပ်ထားရတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လျော့နည်းသွားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွေအတွက် ဝန်အားထိန်းညှိတဲ့အနေနဲ့ တချို့နေရာတွေမှာ ဓာတ်အားသုံးစွဲမှုများတဲ့ အချိန်တွေဖြစ်တဲ့ မနက် ၇ နာရီကနေ ၁၁ နာရီအထိနဲ့ ညနေ ၅ နာရီကနေ ည ၇ နာရီ အချိန်ထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ဘယ်နေရာတွေမှာ ဘယ်အချိန် လျှပ်စစ်မီး ဖြတ်မယ်ဆိုတာမျိုး အတိအကျ ဖော်ပြထားခြင်းမရှိပါဘူး။ ခုလို လျှပ်စစ်မီးတွေ အချိန်မရွေးပြတ်တောက်နေတာကြောင့် အလုပ်အကိုင်တချု့ိက အင်တာနက်အတွက် ဖုန်းအင်တာနက် မိုဘိုင်းဒေတာ အသုံးပြုရတာ၊ မီးစက်အတွက် စက်သုံးဆီ အသုံးပြုနေရတာတွေကြောင့် ကုန်ကျစရိတ်တွေ ပိုပြီးမြင့်တက်နေတယ်လို့ ပြောနေကြပါတယ်။
==========

XS
SM
MD
LG