သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-ကမ္ဘောဒီးယား မြန်မာ့အရေး ဆွေးနွေး


ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Yoshimasa Hayashi
ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Yoshimasa Hayashi

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Yoshimasa Hayashi ဟာ ဒီကနေ့ ကမ္ဘောဒီးယား စစ်တပ်အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Hun Manet ကို တိုကျိုမှာ တွေ့ဆုံပါတယ်။ အနှစ် ၇၀ နီးပါ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ ဂျပန်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး ခိုင်ခိုင်မာမာရှိတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအရေးကိစ္စတွေမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Yoshimasa Hayashi က ပြောဆိုသွားပါတယ်။

အင်ဒို ပစိဖိတ်ဒေသ လွတ်လပ်စွာ သွားလာနိုင်တဲ့ ဒေသတခုဖြစ်ရေး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အခိုင်အမာ ထပ်တလဲလဲ အာမခံထားချက်နဲ့ ညွှန်ကြားချက်တွေအတွက် ကျေးဇူးတင်တဲ့အကြောင်းလည်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ပြောဆိုပါတယ်။


အင်ဒို ပစိဖိတ်ဒေသ ရေပိုင်နက် အငြင်းပွားမှုတွေမှာ တရုတ်နိုင်ငံဘက်က သူပိုင်အဖြစ် အခိုင်အမာ ပြောဆိုတာတွေ တိုးလာနေတာကြောင့် တုံ့ပြန်ရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်း နိုင်ငံတွေ မကြာခန ဆွေးနွေးနေပါတယ်။ဒါ့အပြင် ကမ္ဘောဒီးယား အာစယံ ဥက္ကဌဖြစ်လာပြီးနောက် မြန်မာ့ရေးကို ကမ္ဘောဒီးယားက ပြောဆိုလုပ်ဆောင်တာတွေရှိလာပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ သား၊ စစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Hun Manet နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုမသွားပါဘူး။

---------------------------------------







XS
SM
MD
LG