[[ ZAWGYI ]]
ဘရာဇီးလ္ မိုးသည္းေျမၿပိဳ လူ ၁၀၀ ေက်ာ္ေသဆံုး
ဘရာဇီးႏုိင္ငံက ေတာင္ေပၚၿမိဳ႕ တၿမိဳ႕ျဖစ္တဲ့ Petropolis မွာ မုိးသည္းထန္ရြာသြန္းရာက ေျမၿပိဳက်မႈေတြေၾကာင့္ ေသဆုံးသူ အေရအတြက္ဟာ ကေလး ၁၃ ေယာက္ အပါအ၀င္ ၁၀၄ ေယာက္ထက္မနည္း ရွိသြားၿပီလုိ႔ ကယ္ဆယ္ေရး၀န္ထမ္းေတြနဲ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။
Rio de Janeiro ၿမိဳ႕ေျမာက္ဖက္ မုိင္ ၄၀ ေက်ာ္ အကြာမွာရွိတဲ့ၿမိဳ႕မွာ အဂၤါေန႔က မုိးအႀကီးအက်ယ္ ရြာသြန္းရာမွာ လမ္းေတြေပၚ ေရေတြဖုံးလႊမ္းခဲ့ၿပီး တခ်ဳိ႕ေနရာေတြမွာ ၆ နာရီအတြင္း မုိးေရခ်ိန္ ၁၀ လကၼေလာက္အထိ ရွိခဲ့တာေၾကာင့္ ေဖေဖာ္၀ါရီ တလလုံး ရြာသြန္းမယ့္ မုိးေရခ်ိန္ ခန္႔မွန္းခ်က္ထက္ေတာင္ ေက်ာ္လြန္ခဲ့ေၾကာင္းလည္း ေဒသခံမုိးေလ၀သဌာနက ေျပာပါတယ္။
မုိးသည္းထန္မႈေတြေၾကာင့္ ေတာင္ေစာင္းအရပ္က ေနအိမ္ေတြ ပ်က္စီးခဲ့ၿပီး၊ ကားေတြလည္း ေမ်ာပါကုန္ၾကတာပါ။ ေနအိမ္ ၈၀ ေလာက္ ပ်က္စီးခဲ့တယ္လုိ႔လည္း တာ၀န္ရွိသူေတြ ခန္႔မွန္းထားပါတယ္။ အနည္းဆုံး လူေပါင္း ၃၅ ေယာက္ ေပ်ာက္ဆုံးေနဆဲ ျဖစ္တာေၾကာင့္ ေဒသခံေတြနဲ႔အတူ အေရးေပၚ ကယ္ဆယ္ေရး၀န္ထမ္း ၅၀၀ ေလာက္ဟာ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြကုိ ၾကာသပေတးေန႔အထိ ဆက္လုပ္ခဲ့ၾကတာပါ။
ေရႀကီးေျမၿပိဳမႈေတြေၾကာင့္ ေနရပ္စြန္႔ခဲ့ရတဲ့ လူေပါင္း ၄၂၀ ေလာက္ကုိေတာ့ စာသင္ေက်ာင္းေတြမွာ အမ်ားစု အပါအ၀င္ ယာယီခုိလႈံရာ ေနရာေတြမွာ ပုိ႔ေဆာင္ထားတယ္လုိ႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။
{{ UNICODE }}
ဘရာဇီးလ် မိုးသည်းမြေပြို လူ ၁၀၀ ကျော်သေဆုံး
ဘရာဇီးနိုင်ငံက တောင်ပေါ်မြို့ တမြို့ဖြစ်တဲ့ Petropolis မှာ မိုးသည်းထန်ရွာသွန်းရာက မြေပြိုကျမှုတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ကလေး ၁၃ ယောက် အပါအဝင် ၁၀၄ ယောက်ထက်မနည်း ရှိသွားပြီလို့ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
Rio de Janeiro မြို့မြောက်ဖက် မိုင် ၄၀ ကျော် အကွာမှာရှိတဲ့မြို့မှာ အင်္ဂါနေ့က မိုးအကြီးအကျယ် ရွာသွန်းရာမှာ လမ်းတွေပေါ် ရေတွေဖုံးလွှမ်းခဲ့ပြီး တချို့နေရာတွေမှာ ၆ နာရီအတွင်း မိုးရေချိန် ၁၀ လက္မလောက်အထိ ရှိခဲ့တာကြောင့် ဖေဖော်ဝါရီ တလလုံး ရွာသွန်းမယ့် မိုးရေချိန် ခန့်မှန်းချက်ထက်တောင် ကျော်လွန်ခဲ့ကြောင်းလည်း ဒေသခံမိုးလေဝသဌာနက ပြောပါတယ်။
မိုးသည်းထန်မှုတွေကြောင့် တောင်စောင်းအရပ်က နေအိမ်တွေ ပျက်စီးခဲ့ပြီး၊ ကားတွေလည်း မျောပါကုန်ကြတာပါ။ နေအိမ် ၈၀ လောက် ပျက်စီးခဲ့တယ်လို့လည်း တာဝန်ရှိသူတွေ ခန့်မှန်းထားပါတယ်။ အနည်းဆုံး လူပေါင်း ၃၅ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် ဒေသခံတွေနဲ့အတူ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်း ၅၀၀ လောက်ဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြာသပတေးနေ့အထိ ဆက်လုပ်ခဲ့ကြတာပါ။
ရေကြီးမြေပြိုမှုတွေကြောင့် နေရပ်စွန့်ခဲ့ရတဲ့ လူပေါင်း ၄၂၀ လောက်ကိုတော့ စာသင်ကျောင်းတွေမှာ အများစု အပါအဝင် ယာယီခိုလှုံရာ နေရာတွေမှာ ပို့ဆောင်ထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။