[[ ZAWGYI / UNICODE ]]
ကမ႓ာ႔ၿငိမ္းခ်မ္းေရးကို အဆိုးရြားဆံုး ၿခိမ္းေျခာက္ေနတဲ႔ ႐ုရွားက်ဴးေက်ာ္မႈ (လူ႔အခြင္႔အေရးမဟာမင္းႀကီး Michelle Bachelet)
ရုရွားရဲ့ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးအတြက္ အဆိုးဝါးဆံုး ျခိမ္းေျခာက္မႈတခု အျဖစ္ ကုလသမဂၢလူ႔အခြင့္ေရးေကာ္မရွင္နာမင္းႀကီး Michelle Bachelet က သတိေပးလိုက္ပါတယ္။
“ယူကရိန္းႏို္င္ငံထဲမွာ က်န္ေနတဲ့ သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြဟာ အသက္ေဘး စိုးရိမ္ရတဲ့ အႏၱရာယ္ ရွိေနပါတယ္။ စစ္ေရးအရွိန္ ခုထက္ပိုဆိုးလာရင္ အႏၱရာယ္ပိုႀကီးတာေၾကာင့္ အထူးစိုးရိမ္ပါတယ ္။ သက္ႀကီး ရြယ္အိုေတြ၊ ကိုယ္ဝန္ေဆာင္ေတြ၊ ကေလးငယ္ေတြနဲ႔ မသန္စြမ္းသူေတြ အပါအဝင္ ျပည္သူေထာင္ေပါင္း မ်ားစြာဟာ အခုအခါမွာ ေပါက္ကြဲမႈဒဏ္က လြတ္ေအာင္ ေျမေအာက္ ရထားလိုင္းေတြ၊ ပုန္းခိုစရာ ေနရာေတြမွာ ပုန္းေနၾကရတယ္" လို႔ ၾကာသပေတးေန႔ ဂ်နီဗာက ကုလသမဂၢလူ႔အခြင့္ေရး ေကာင္စီ အေရးေပၚေဆြးေႏြးပြဲ စတင္ခ်ိန္မွာ ေျပာသြားတာပါ။
ယူကရိန္းကို ရုရွားဝင္တိုက္တာ သီတင္း တပတ္အတြင္းမွာပဲ ေသဆံုးရသူ ၂၄၉ ေယာက္အပါအဝင္ ထိခိုက္ ဒဏ္ရာရသူ အရပ္သား ၈၀၀ ေက်ာ္ေနၿပီ ျဖစ္ၿပီး တကယ္ဆို အေရအတြက္က ဒီ့ထက္ပိုမ်ားႏုိင္တယ္လို႔ UNHCR ရံုးကေျပာပါတယ္။
ဒါ့အျပင္ ရုရွားတပ္ေတြက လူေနထူထပ္တဲ့ ေနရာေတြကို ေလေၾကာင္းတိုက္ခိုက္တာ၊ လက္နက္ႀကီးေတြ၊ ေရာ့ကက္မ်ိဳးစံုနဲ႔ ပစ္ခတ္ တာေတြ ရွိေနေၾကာင္းနဲ႔ ဒီလို တိုက္ခိုက္မႈေၾကာင့္ အရပ္သားေသဆံုးမႈ အမ်ားအျပား ရွိေနသလို လူေနအေဆာက္အဦးေတြ၊ အရပ္ဘက္ အေျခခံ အေဆာက္အအံုေတြ ပ်က္စီးမႈေတြပါ ရွိေနတယ္လို႔လည္း မဟာမင္းႀကီးက ေျပာပါတယ္။
ရုရွားရဲ့ အခုလို တိုက္ခိုက္မႈေတြေၾကာင့္ ယူကရိန္းေဒသခံ တသန္းေက်ာ္ေလာက္ဟာ အခုဆို ေဘးလြတ္ရာ အိမ္နီးခ်င္း ႏုိင္ငံေတြဆီ ထြက္ေျပးခိုလႈံေနရတယ္လုိ႔လည္း ေျပာပါတယ္။ ကုလဂ်နီဗာရံုုး ဆိုင္ရာ ရုရွားသံအမတ္ႀကီးကေတာ့ ယူကရိန္းအစိုးရဟာ ၂၀၁၄ ကစၿပီး ရုရွားဘာသာစကားေျပာ ယူကရိန္းေတြကို အမ်ိဳးျပဳတ္ေအာင္ လုပ္ေနၿပီး ဒါကို ကုလလူ႔အခြင့္ေရးေကာင္စီက ဘာမွမတားဆီးခဲ့ဘူးလုိ႔ စြပ္စြဲပါတယ္။
ကုလသမဂၢလူ႔အခြင့္ေရးေကာင္စီ အစည္းေဝးကို အြန္လိုင္းကေန တက္ေရာက္လာတဲ့ ယူကရိန္းပထမ လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ရုရွားဟာ ယူကရိန္းရဲ့ လြတ္လပ္ခြင့္နဲ႔ သီးျခားရပ္တည္ႏိုင္မႈကို ေလ်ာ့ပါးေအာင္ လုပ္ေနတယ္လို႔ ေဝဖန္လုိက္ပါတယ္။
==============
{{ UNICODE }}
ကမ္ဘာ့ငြိမ်းချမ်းရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်နေတဲ့ ရုရှားကျူးကျော်မှု (လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet)
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အဆိုးဝါးဆုံး ခြိမ်းခြောက်မှုတခု အဖြစ် ကုလသမဂ္ဂလူ့အခွင့်ရေးကော်မရှင်နာမင်းကြီး Michelle Bachelet က သတိပေးလိုက်ပါတယ်။
“ယူကရိန်းနိုင်ငံထဲမှာ ကျန်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာ အသက်ဘေး စိုးရိမ်ရတဲ့ အန္တရာယ် ရှိနေပါတယ်။ စစ်ရေးအရှိန် ခုထက်ပိုဆိုးလာရင် အန္တရာယ်ပိုကြီးတာကြောင့် အထူးစိုးရိမ်ပါတယ ်။ သက်ကြီး ရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေ အပါအဝင် ပြည်သူထောင်ပေါင်း များစွာဟာ အခုအခါမှာ ပေါက်ကွဲမှုဒဏ်က လွတ်အောင် မြေအောက် ရထားလိုင်းတွေ၊ ပုန်းခိုစရာ နေရာတွေမှာ ပုန်းနေကြရတယ်" လို့ ကြာသပတေးနေ့ ဂျနီဗာက ကုလသမဂ္ဂလူ့အခွင့်ရေး ကောင်စီ အရေးပေါ်ဆွေးနွေးပွဲ စတင်ချိန်မှာ ပြောသွားတာပါ။
ယူကရိန်းကို ရုရှားဝင်တိုက်တာ သီတင်း တပတ်အတွင်းမှာပဲ သေဆုံးရသူ ၂၄၉ ယောက်အပါအဝင် ထိခိုက် ဒဏ်ရာရသူ အရပ်သား ၈၀၀ ကျော်နေပြီ ဖြစ်ပြီး တကယ်ဆို အရေအတွက်က ဒီ့ထက်ပိုများနိုင်တယ်လို့ UNHCR ရုံးကပြောပါတယ်။
ဒါ့အပြင် ရုရှားတပ်တွေက လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေ၊ ရော့ကက်မျိုးစုံနဲ့ ပစ်ခတ် တာတွေ ရှိနေကြောင်းနဲ့ ဒီလို တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု အများအပြား ရှိနေသလို လူနေအဆောက်အဦးတွေ၊ အရပ်ဘက် အခြေခံ အဆောက်အအုံတွေ ပျက်စီးမှုတွေပါ ရှိနေတယ်လို့လည်း မဟာမင်းကြီးက ပြောပါတယ်။
ရုရှားရဲ့ အခုလို တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းဒေသခံ တသန်းကျော်လောက်ဟာ အခုဆို ဘေးလွတ်ရာ အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေးခိုလှုံနေရတယ်လို့လည်း ပြောပါတယ်။ ကုလဂျနီဗာရုံး ဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ ယူကရိန်းအစိုးရဟာ ၂၀၁၄ ကစပြီး ရုရှားဘာသာစကားပြော ယူကရိန်းတွေကို အမျိုးပြုတ်အောင် လုပ်နေပြီး ဒါကို ကုလလူ့အခွင့်ရေးကောင်စီက ဘာမှမတားဆီးခဲ့ဘူးလို့ စွပ်စွဲပါတယ်။
ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ အစည်းဝေးကို အွန်လိုင်းကနေ တက်ရောက်လာတဲ့ ယူကရိန်းပထမ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားဟာ ယူကရိန်းရဲ့ လွတ်လပ်ခွင့်နဲ့ သီးခြားရပ်တည်နိုင်မှုကို လျော့ပါးအောင် လုပ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။