သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ႏိုင္ငံသားအျဖစ္ကရပ္စဲမႈ NUG ဝန္ႀကီးေတြလက္မခံ


ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က အြန္လုိင္းကက်င္းပတဲ့ ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း ၇၅ ႏွစ္ေျမာက္ အခမ္းအနား တက္ေရာက္သူအခ်ဳိ႕။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၂။ ပုံ - Screenshot from NUG Facebook)

ျမန္မာစစ္ေကာင္စီက NUG အမ်ိဳးသားညီညြတ္ေရးအစိုးရ ဝန္ႀကီး၇ ဦး၊ ဒုဝန္ႀကီးနဲ႔ တက္ႂကြလႈပ္ရွားသူတခ်ိဳ႕ကို ႏိုင္ငံသားအျဖစ္ကေန ရပ္စဲလိုက္ပါတယ္။ အဲဒီလိုလုပ္ေဆာင္တာဟာ တရားမဝင္သလို လက္ခံမွာလည္း မဟုတ္ဘူးလို႔ NUG ဝန္ႀကီးေတြက တုန္႔ျပန္ပါတယ္။ အျပည့္အစံုကို ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဝင္းမင္းက ေျပာျပေပးမွာပါ။

စစ္ေကာင္စီရဲ႕ ႏိုင္ငံသားအျဖစ္ကရပ္စဲမႈ NUG ဝန္ႀကီးေတြလက္မခံ
{{Zawgyi/Unicode}}

NUG အမ်ဳိးသားညီညြတ္ေရးအစိုးရ ေဒါက္တာေဇာ္ေဝစိုး အပါအဝင္ ကာကြယ္ေရး၊ ျပည္ထဲေရးနဲ႔ လူ႔အခြင့္အေရး၊ ျပည္ထဲေရးဝန္ႀကီးေတြနဲ႔ ဝန္ႀကီး ၇ ဦးနဲ႔ ဒုဝန္ႀကီးေတြ တက္ၾကြလႈပ္ရွားသူတခ်ဳိ႕ကို ျမန္မာစစ္ေကာင္စီက ႏိုင္ငံသားအျဖစ္ကေန ရပ္စဲလုိက္ပါတယ္။ စစ္ေကာင္စီက ႏိုင္ငံသားအျဖစ္က ရပ္စဲေၾကာင္း ေၾကညာလိုက္တာဟာ တရားမဝင္ဘူးလို႔ NUG အစိုးရရ႕ဲ လူ႔အခြင့္အေရးဝန္ႀကီးက ေထာက္ျပေဝဖန္လိုက္ပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဝင္းမင္း က အေၾကာင္းစုံကို ေျပာျပေပးမွာျဖစ္ပါတယ္ခင္ဗ်ာ။

ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့ ျမန္မာစစ္ေကာင္စီအေနနဲ႔ NUG ရဲ႕ အဓိကဝန္ႀကီးေတြျဖစ္ၾကတဲ့ ပညာ၊က်န္းမာဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုး၊ ကာကြယ္ေရးဝန္ႀကီး ဦးရီမြန္ နဲ႔ ျပည္ထဲေရး လူဝန္မႈႀကီးၾကပ္ေရးဝန္ႀကီး ဦးလြင္ကိုလတ္ ၊ သတင္းနည္းပညာဝန္ႀကီး ဦးထင္လင္းေအာင္္ ၊ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ ၊ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ဳိးမင္း နဲ႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ေဒါက္တာ ဆာဆာ တို႔ကို ႏိုင္ငံသားအျဖစ္က ရပ္စဲေၾကာင္း ေၾကညာလိုက္တာပါ။ ဒါအျပင္ ရဲ႕ NUG အမ်ဳိးသမီး နဲ႔ လူငယ္၊ ကေလးေရးရာ ဒုဝန္ႀကီးအိသဥၨာ ေမာင္ ၊ ၈၈ ေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးမင္းကိုႏိုင္၊တက္ၾကြလႈပ္ရွာသူ ဦးမ်ဳိးရန္ေနာင္သိမ္း နဲ႔ အိပန္ဆယ္လို တို႔ကိုလည္း ႏိုင္ငံသားအျဖစ္ရပ္စဲခံရတဲ့အထဲမွာ ပါပါတယ္။ ျပည္ပကို တရားမဝင္ထြက္သြားၿပီး ျမန္မာႏိုင္ငံရ႕ဲအက်ဳိးကို ထိခိုက္ေအာင္လုပ္တာေၾကာင့္ အခုလို ႏိုင္ငံသားအျဖစ္ရပ္စဲ ခဲ့ရတာလို႔ စစ္ေကာင္စီက ထုတ္ျပန္ခဲ့တာအေပၚ ထူးျခားမႈကို ေမးရာမွာ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ဳိးမင္း က.

ဦေအာင္မ်ဳိးမင္း ( NUG လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ) ။. ။ အခု ႏိုင္ငံသားအျဖစ္ရပ္စဲတာကေတာ့ အရင္တုံးက နာမည္တပ္တာမရွိဘူး။ ဒါေပမယ့္ အဲဒီတုံးက ႏိုင္ငံသားမွတ္ပုံတင္အျဖစ္ကို ျပန္ေျပာင္းလိုက္တယ္။ အလိုလို ႏိုင္ငံသားအျဖစ္ကေန ပယ္ဖ်က္လိုက္တာေပါ့ေနာ္။ အခုလို လူသိရွင္ၾကားနာမည္တပ္လုပ္ေဆာင္တာကေတာ့ နည္းနည္းထူးျခားတယ္။ တဖက္ကလည္း အဲဒီလူေတြလုပ္ေဆာင္မႈကို သူတို႔အေနနဲ႔ စိုးရိမ္တာရွိတယ္။ တုံလႈပ္တာရွိတယ္။ ႏိုင္ငံတကာနဲ႔ပတ္သက္ၿပီးေတာ့ လုပ္ေဆာင္မႈေတြကို ေၾကာက္ရြံၿပီးေတာ့ လုပ္တာျဖစ္ပါတယ္ခင္ဗ်။

ကိုဝင္းမင္း ။. ။ အဲဒီေတာ့ ဘယ္လိုိရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္တာျဖစ္ႏိုင္ပါလဲလို႔ ျပည္ထဲေရးနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး ဦးလြင္ကိုလတ္ က ။

ဦးလြင္ကိုလတ္ (NUG ျပည္ထဲေရးနဲ႔ လူဝန္မႈႀကီးၾကပ္ေရးဝန္ႀကီး ) ။. ။ လႊတ္ေတာ္ကေန ေရြးေကာက္တင္ေျမွာက္ထားတဲ့ က်ေနာ္တို႔ အစိုးရအဖြဲ႔ဟာ အနာဂတ္ဖက္ဒရယ္ႏိုင္ငံကို တည္ေဆာက္ဖို႔ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ႏိုင္ငံတကာေရာက္ေနၾကတဲ့ ႏိုင္ငံသားေတြရဲ႕ အင္အားေတြနဲ႔ ပူးေပါင္းပါဝင္ေနၾကတယ္။ ဒါေၾကာင့္က်ေနာ္တို႔အစိုးရအဖြဲ႔မွာ ပါဝင္ေနၾကတဲ့ သူေတြထဲမွာဆိုရင္ ေလာေလာဆယ္မွာ ျပည္ပေရာက္ေနၾကတဲ့သူေတြႏိုင္ငံေရးလုိအပ္ခ်က္အရလုပ္ေနၾကတာရွိတယ္။ ဒါက အစိုးရအဖြဲ႔ဝင္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဥပေဒေၾကာင္းအရ ရွာႀကံၿပီးေတာ့ တိုက္ခိုက္လိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ေဆာင္ရြက္ေနတယ္လို႔ပဲျမင္ပါတယ္။

ကိုဝင္းမင္း ။. ။ ဒါအျပင္ ဦးေအာင္မ်ဳိးမင္း ကလည္း စစ္ေကာင္စီအေနနဲ႔ အခုလို လုပ္ပိုင္ခြင့္မရွိဘူးလို႔ ကန္႔ကြက္လိုက္ပါတယ္။

ဦေအာင္မ်ဳိးမင္း ( NUG လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ) ။. ။ ႏိုင္ငံသားအျဖစ္ ပယ္ဖ်က္တာ၊ မပယ္ဖ်က္ဘူးဆိုတာက ႏိုင္ငံမွာရွိတဲ့ သမၼတ က ဆုံးျဖတ္ရမယ့္အရာျဖစ္ပါတယ္။ အခုခ်ိန္မွာက သမၼတ ဆုံးျဖတ္ခ်က္လည္း မပါဘူး။ စစ္အာဏာသိမ္းထားတဲ့ အႀကမ္းဖက္တပ္ဖြဲ႔ျဖစ္တဲ့အတြက္ တရားဝင္မႈလည္းမရွိဘူး။ အသိအမွတ္လည္းမျပဳပါဘူး။ က်ေနာ္တို႔ရဲ႕ နိုင္ငံသားျဖစ္မႈနဲ႔ ႏိုင္ငံခ်စ္တဲ့စိတ္ကို ဘယ္လိုနည္းနဲ႔မွ သူတို႔တားဆီးႏိုင္မွာ မဟုတ္ဘူး။ ျမန္မာႏိုင္ငံသားေတြရဲ႕ တာဝန္အတိုင္း ျမန္မာႏိုင္ငံေကာင္းဖို႔လုပ္ေဆာင္တဲ့စိတ္ကိုေတာ့ ဘယ္လိုမွ ေသြယုိင္သြားမွာမဟုတ္ပါဘူး။

ကိုဝင္းမင္း ။. ။ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ေဒါက္တာ ဆာဆာ ကလည္း ..

ေဒါက္တာ ဆာဆာ (NUG အျပည္ျပည္ဆုိင္ရာ ပူးေပါင္း ေဆာင္ရြက္ေရးဝန္ႀကီး) ။. ။ တျခားႏိုင္ငံသားျဖစ္ႏိုင္တဲ့ အခြင့္အေရး က်ေနာ္တို႔မွာ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္လည္း က်ေနာ္တို႔က ဒီအခြင့္အေရးကို မယူပဲနဲ႔ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားျဖစ္ရတာ ထာဝရဂုဏ္ယူၿပီးေတာ့ ႏိုင္ငံသားအျဖစ္က ရပ္စဲပိုင္ခြင့္မရွိသလို ထိခိုက္နစ္နာတာ တခုမွလည္းမရွိပါဘူး။

ကိုဝင္းမင္း ။. ။ ဒါအျပင္ ၁၉ ၈၂ ျမန္မာႏိုင္ငံသား ဥပေဒအရလုပ္တာပါလို႔ စစ္ေကာင္စီဖက္က ေျပာေသာ္လည္း ဒါနဲ႔ ပတ္သက္ၿပီး ဦးလြင္ကိုလတ္ က ..

ဦးလြင္ကိုလတ္ (NUG ျပည္ထဲေရးနဲ႔ လူဝန္မႈႀကီးၾကပ္ေရးဝန္ႀကီး ) ။. ။ ဒီ ၁၉ ၈၂ ႏိုင္ငံသား ဥပေဒနဲ႔ ပတ္သက္ၿပီး ကိုးကားခဲ့တာေတြရွိတယ္။ တကယ္တန္း အဲဒီ ဥပေဒကိုယ္တိုင္ကိုယ္က အမ်ားႀကီး ျပင္ဆင္ရအုန္းမယ္ ဥပေဒတခုျဖစ္တယ္။ ဒီဥပေဒစြဲတယ္ဆိုတာကိုတုိင္က က်ေနာ္တို႔က ႏိုင္ငံသစ္တည္ေဆာက္ဖို႔ ေတာ္လွန္ေရးလုပ္တာျဖစ္တဲ့အတြက္ ဒီလိုမသက္ဆုိင္တဲ့ ဥပေဒေတြကို ကိုးကားေနတာကေတာ့ အဓိပၸါယ္မရွိဘူးေပါ့ေနာ္။ ဒါေၾကာင့္ ပုံသ႑ာန္မ်ဳိးစုံနဲ႔ျပည္သူကတင္ေျမွာက္ထားတဲ့ အစိုးရရဲ႕ပုံရိပ္ကို က်ေအာင္ႀကိဳးစားမႈတခုပဲျဖစ္ပါတယ္။ ဒီ စစ္ေကာင္စီ ကို ျပည္သူတရပ္လုံးလက္မခံတဲ့အတြက္ေၾကာင့္ အရာထင္စရာအေၾကာင္းမရွိပါဘူး။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ ႏိုင္ငံျခားခရီးသြားလက္မွတ္သိမ္းဆည္းခဲ့တာတို႔၊ ေနအိမ္ခ်ိတ္ပိတ္တာတို႔ အခုႏိုင္ငံသားအျဖစ္က ရပ္စဲတာလုပ္ခဲ့တာေတြဟာ ေနာက္ထပ္လည္း ဆက္လက္ေဖာ္ထုတ္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

............................................

စစ်ကောင်စီရဲ့ နိုင်ငံသားအဖြစ်ကရပ်စဲမှု NUG ဝန်ကြီးတွေလက်မခံ
{{Zawgyi/Unicode}}

NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒေါက်တာဇော်ဝေစိုး အပါအဝင် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ လူ့အခွင့်အရေး၊ ပြည်ထဲရေးဝန်ကြီးတွေနဲ့ ဝန်ကြီး ၇ ဦးနဲ့ ဒုဝန်ကြီးတွေ တက်ကြွလှုပ်ရှားသူတချို့ကို မြန်မာစစ်ကောင်စီက နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ပါတယ်။ စစ်ကောင်စီက နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာလိုက်တာဟာ တရားမဝင်ဘူးလို့ NUG အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးက ထောက်ပြဝေဖန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်း က အကြောင်းစုံကို ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ မြန်မာစစ်ကောင်စီအနေနဲ့ NUG ရဲ့ အဓိကဝန်ကြီးတွေဖြစ်ကြတဲ့ ပညာ၊ကျန်းမာဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရီမွန် နဲ့ ပြည်ထဲရေး လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် ၊ သတင်းနည်းပညာဝန်ကြီး ဦးထင်လင်းအောင် ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာ တို့ကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာလိုက်တာပါ။ ဒါအပြင် ရဲ့ NUG အမျိုးသမီး နဲ့ လူငယ်၊ ကလေးရေးရာ ဒုဝန်ကြီးအိသဉ္ဇာ မောင် ၊ ၈၈ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်၊တက်ကြွလှုပ်ရှာသူ ဦးမျိုးရန်နောင်သိမ်း နဲ့ အိပန်ဆယ်လို တို့ကိုလည်း နိုင်ငံသားအဖြစ်ရပ်စဲခံရတဲ့အထဲမှာ ပါပါတယ်။ ပြည်ပကို တရားမဝင်ထွက်သွားပြီး မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက်အောင်လုပ်တာကြောင့် အခုလို နိုင်ငံသားအဖြစ်ရပ်စဲ ခဲ့ရတာလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာအပေါ် ထူးခြားမှုကို မေးရာမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း က.

ဦအောင်မျိုးမင်း ( NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ) ။. ။ အခု နိုင်ငံသားအဖြစ်ရပ်စဲတာကတော့ အရင်တုံးက နာမည်တပ်တာမရှိဘူး။ ဒါပေမယ့် အဲဒီတုံးက နိုင်ငံသားမှတ်ပုံတင်အဖြစ်ကို ပြန်ပြောင်းလိုက်တယ်။ အလိုလို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်တာပေါ့နော်။ အခုလို လူသိရှင်ကြားနာမည်တပ်လုပ်ဆောင်တာကတော့ နည်းနည်းထူးခြားတယ်။ တဖက်ကလည်း အဲဒီလူတွေလုပ်ဆောင်မှုကို သူတို့အနေနဲ့ စိုးရိမ်တာရှိတယ်။ တုံလှုပ်တာရှိတယ်။ နိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်မှုတွေကို ကြောက်ရွံပြီးတော့ လုပ်တာဖြစ်ပါတယ်ခင်ဗျ။

ကိုဝင်းမင်း ။. ။ အဲဒီတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်နိုင်ပါလဲလို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် က ။

ဦးလွင်ကိုလတ် (NUG ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ) ။. ။ လွှတ်တော်ကနေ ရွေးကောက်တင်မြှောက်ထားတဲ့ ကျနော်တို့ အစိုးရအဖွဲ့ဟာ အနာဂတ်ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံတကာရောက်နေကြတဲ့ နိုင်ငံသားတွေရဲ့ အင်အားတွေနဲ့ ပူးပေါင်းပါဝင်နေကြတယ်။ ဒါကြောင့်ကျနော်တို့အစိုးရအဖွဲ့မှာ ပါဝင်နေကြတဲ့ သူတွေထဲမှာဆိုရင် လောလောဆယ်မှာ ပြည်ပရောက်နေကြတဲ့သူတွေနိုင်ငံရေးလိုအပ်ချက်အရလုပ်နေကြတာရှိတယ်။ ဒါက အစိုးရအဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ရှာကြံပြီးတော့ တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတယ်လို့ပဲမြင်ပါတယ်။

ကိုဝင်းမင်း ။. ။ ဒါအပြင် ဦးအောင်မျိုးမင်း ကလည်း စစ်ကောင်စီအနေနဲ့ အခုလို လုပ်ပိုင်ခွင့်မရှိဘူးလို့ ကန့်ကွက်လိုက်ပါတယ်။

ဦအောင်မျိုးမင်း ( NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ) ။. ။ နိုင်ငံသားအဖြစ် ပယ်ဖျက်တာ၊ မပယ်ဖျက်ဘူးဆိုတာက နိုင်ငံမှာရှိတဲ့ သမ္မတ က ဆုံးဖြတ်ရမယ့်အရာဖြစ်ပါတယ်။ အခုချိန်မှာက သမ္မတ ဆုံးဖြတ်ချက်လည်း မပါဘူး။ စစ်အာဏာသိမ်းထားတဲ့ အကြမ်းဖက်တပ်ဖွဲ့ဖြစ်တဲ့အတွက် တရားဝင်မှုလည်းမရှိဘူး။ အသိအမှတ်လည်းမပြုပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံချစ်တဲ့စိတ်ကို ဘယ်လိုနည်းနဲ့မှ သူတို့တားဆီးနိုင်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံသားတွေရဲ့ တာဝန်အတိုင်း မြန်မာနိုင်ငံကောင်းဖို့လုပ်ဆောင်တဲ့စိတ်ကိုတော့ ဘယ်လိုမှ သွေယိုင်သွားမှာမဟုတ်ပါဘူး။

ကိုဝင်းမင်း ။. ။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာ ကလည်း ..

ဒေါက်တာ ဆာဆာ (NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး) ။. ။ တခြားနိုင်ငံသားဖြစ်နိုင်တဲ့ အခွင့်အရေး ကျနော်တို့မှာ အများကြီးရှိတယ်။ ဒါပေမယ့်လည်း ကျနော်တို့က ဒီအခွင့်အရေးကို မယူပဲနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားဖြစ်ရတာ ထာဝရဂုဏ်ယူပြီးတော့ နိုင်ငံသားအဖြစ်က ရပ်စဲပိုင်ခွင့်မရှိသလို ထိခိုက်နစ်နာတာ တခုမှလည်းမရှိပါဘူး။

ကိုဝင်းမင်း ။. ။ ဒါအပြင် ၁၉ ၈၂ မြန်မာနိုင်ငံသား ဥပဒေအရလုပ်တာပါလို့ စစ်ကောင်စီဖက်က ပြောသော်လည်း ဒါနဲ့ ပတ်သက်ပြီး ဦးလွင်ကိုလတ် က ..

ဦးလွင်ကိုလတ် (NUG ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ) ။. ။ ဒီ ၁၉ ၈၂ နိုင်ငံသား ဥပဒေနဲ့ ပတ်သက်ပြီး ကိုးကားခဲ့တာတွေရှိတယ်။ တကယ်တန်း အဲဒီ ဥပဒေကိုယ်တိုင်ကိုယ်က အများကြီး ပြင်ဆင်ရအုန်းမယ် ဥပဒေတခုဖြစ်တယ်။ ဒီဥပဒေစွဲတယ်ဆိုတာကိုတိုင်က ကျနော်တို့က နိုင်ငံသစ်တည်ဆောက်ဖို့ တော်လှန်ရေးလုပ်တာဖြစ်တဲ့အတွက် ဒီလိုမသက်ဆိုင်တဲ့ ဥပဒေတွေကို ကိုးကားနေတာကတော့ အဓိပ္ပါယ်မရှိဘူးပေါ့နော်။ ဒါကြောင့် ပုံသဏ္ဍာန်မျိုးစုံနဲ့ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရရဲ့ပုံရိပ်ကို ကျအောင်ကြိုးစားမှုတခုပဲဖြစ်ပါတယ်။ ဒီ စစ်ကောင်စီ ကို ပြည်သူတရပ်လုံးလက်မခံတဲ့အတွက်ကြောင့် အရာထင်စရာအကြောင်းမရှိပါဘူး။

ကိုဝင်းမင်း ။. ။ တကယ်တော့ နိုင်ငံခြားခရီးသွားလက်မှတ်သိမ်းဆည်းခဲ့တာတို့၊ နေအိမ်ချိတ်ပိတ်တာတို့ အခုနိုင်ငံသားအဖြစ်က ရပ်စဲတာလုပ်ခဲ့တာတွေဟာ နောက်ထပ်လည်း ဆက်လက်ဖော်ထုတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်ခင်ဗျာ။

XS
SM
MD
LG