သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရဲရင့္ေသာ အမ်ိဳးသမီးဆုေပးပြဲက်င္းပ


ရဲရင့္ေသာ အမ်ိဳးသမီးဆုရရွိသူ Ei Thinzar Maung

ျမန္မာႏိုင္ငံကမအိသၪၨာေမာင္အပါအဝင္ အာရွတိုက္က ဗီယက္နာမ္၊ နီေပါ၊ ဘဂၤလားေဒ့ရ္ွႏိုင္ငံက အမ်ိဳးသမီးေတြနဲ႔အတူ ကမာၻတဝွမ္းက အမ်ိဳးသမီး၁၂ ဦးကို၂၀၂၂ ခုႏွစ္ ရဲရင့္ေသာအမ်ိဳးသမီးဆု International Women of Courage Award ဆုရွင္ေတြအျဖစ္ အေမရိကန္ႏိုင္ငံျခားေရးဌာနကေန ဒီကေန အြန္လိုင္းဆုေပးပြဲျပဳလုပ္ခ်ီးျမႇင့္လိုက္ပါတယ္

ျမန္မာႏိုင္ငံက မအိသၪၨာေမာင္အပါအဝင္ အာရွတိုက္က ဗီယက္နာမ္၊ နီေပါ၊ ဘဂၤလားေဒ့ရ္ွႏိုင္ငံက အမ်ိဳးသမီးေတြနဲ႔အတူ ကမာၻတဝွမ္းက အမ်ိဳးသမီး ၁၂ ဦးကို ၂၀၂၂ ခုႏွစ္ ရဲရင့္ေသာအမ်ိဳးသမီးဆု International Women of Courage Award ဆုရွင္ေတြအျဖစ္ အေမရိကန္ႏိုင္ငံျခားေရးဌာနကေန ဒီကေန အြန္လိုင္းဆုေပးပြဲျပဳလုပ္ခ်ီးျမႇင့္လိုက္ပါတယ္။ ဒီအမ်ိဳးသမီးေတြဟာ တဦးနဲ႔တဦး မိုင္ေထာင္ခ်ီကြာေဝးေနၾကေပမယ့္ သူတို႔ရဲ႕ဆိုင္ရာလူ႔အဖြဲ႕အစည္းေဆာင္႐ြက္ခ်က္ေတြနဲ႔အတူ ညီၫြတ္ေနၾကတယ္၊ သူတို႔နဲ႔အတူ အေမရိကန္ျပည္ေထာင္စုက ရပ္တည္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္ေထာ္နီ ဘလင္ကန္က ဆုေပးပြဲအခမ္းအနားမွာ ေျပာၾကားသြားပါတယ္။

ဆုရွင္ အမ်ိဳးသမီးတဦးခ်င္းအေၾကာင္းေတြကို ေျပာသြားရာမွာလည္း ေက်ာင္းသားသမဂၢလႈပ္ရွားမႈကစလို႔ ႏိုင္ငံေရး ၿငိမ္းခ်မ္းေရး လူ႔အခြင့္အေရးလႈပ္ရွားေတြမွာပါဝင္ခဲ့တဲ့ မအိသၪၨာေမာင္ကို ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ မအိသၪၨာေမာင္ဟာ လက္ရွိမွာ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ အမ်ိဳးသမီး၊ လူငယ္နဲ႔ ကေလးသူငယ္ ေရးရာဝန္ႀကီးဌာနရဲ႕ ဒုတိယဝန္ႀကီးျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ မအိသၪၨာေမာင္ဟာ ၂၀၁၅ ခုႏွစ္က အမ်ိဳးသားပညာေရးဥပေဒကို ကန႔္ကြက္ဆႏၵျပသူေတြထဲမွာ ပါဝင္ခဲ့ၿပီး ဖမ္းဆီး ေထာင္ခ်ခံခဲ့ရသူျဖစ္သလို စစ္အာဏာသိမ္းမႈကို ကန႔္ကြက္ ဆႏၵျပသူေတြထဲမွာ ထင္ရွားသူတဦးလည္းျဖစ္ပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ လူသားခ်င္းစာနာမႈအက်ပ္အတည္းေတြ ႀကဳံေတြ႕ေနရၿပီး၊ ျမန္မာစစ္ေကာင္စီဟာ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ေနတယ္လို႔ မအိသၪၨာေမာင္က ဆုေပးပြဲကို ေပးပို႔တဲ့ ဗီဒီယိုမိန႔္ခြန္းမွာေျပာထားပါတယ္။ ဒီပြဲကို သမတကေတာ္ Jill Biden ကလည္း တတ္ေရာက္ ခ်ီးက်ဴးစကားေျပာခဲ့ပါတယ္။ ကမာၻတဝွမ္း အမ်ိဳးသမီးေတြအေပၚ ခြဲျခားဆက္ဆံမႈ၊ အၾကမ္းဖက္မႈေတြနဲ႔ စစ္ေၾကာင့္ ဒဏ္ခံရတဲ့အေျခအေနေတြကိုေတာ့ သမၼတကေတာ္ Jill Biden က အေလးေပးေျပာသြားပါတယ္။ အမ်ိဳးသမီးအသံနားမေထာင္ပဲ ဒီမိုကေရစီမရွိႏိုင္ဘူး ၿငိမ္းခ်မ္းေရးမျဖစ္ႏိုင္ဘူးလို႔လည္း သမၼတကေတာ္က ေျပာသြားပါတယ္။
အခုအခါမွာ ၁၆ ႀကိမ္ေျမာက္ရွိၿပီျဖစ္တဲ့ ဒီဆုဟာ ၿငိမ္းခ်မ္းေရး၊ တရားမွ်တမႈ၊ လူ႔အခြင့္အေရး၊ က်ား မ သာတူူညီမွ်ေရးနဲ႔ တန္းတူညီမွ်ေရး၊ မတူကြဲျပားတဲ့ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြအားလုံး စြမ္းေဆာင္ရည္ျမႇင့္တင္ေပးေရး၊ စတဲ့ကိစၥရပ္ေတြမွာ ကိုယ့္ရဲ႕ အသက္အႏၲရာယ္နဲ႔ ႀကဳံေတြ႕ရေပမယ့္ သူရသတၱိ၊ စိတ္ဓာတ္ႀကံ့ခိုင္မႈနဲ႔ ေခါင္းေဆာင္မႈပိုင္းမွာ သူမတူေအာင္ ထူးခြၽန္ ေျပာင္ေျမာက္တဲ့ ကမာၻတဝန္းက အမ်ိဳးသမီးေတြကို အသိအမွတ္ျပဳ ေပးအပ္တာျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ မတ္လ ၈ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

(Unicode)

မြန်မာနိုင်ငံက မအိသဉ္ဇာမောင်အပါအဝင် အာရှတိုက်က ဗီယက်နာမ်၊ နီပေါ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက အမျိုးသမီးတွေနဲ့အတူ ကမ္ဘာတဝှမ်းက အမျိုးသမီး ၁၂ ဦးကို ၂၀၂၂ ခုနှစ် ရဲရင့်သောအမျိုးသမီးဆု International Women of Courage Award ဆုရှင်တွေအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနကနေ ဒီကနေ အွန်လိုင်းဆုပေးပွဲပြုလုပ်ချီးမြှင့်လိုက်ပါတယ်။ ဒီအမျိုးသမီးတွေဟာ တဦးနဲ့တဦး မိုင်ထောင်ချီကွာဝေးနေကြပေမယ့် သူတို့ရဲ့ဆိုင်ရာလူ့အဖွဲ့အစည်းဆောင်ရွက်ချက်တွေနဲ့အတူ ညီညွတ်နေကြတယ်၊ သူတို့နဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ဆုပေးပွဲအခမ်းအနားမှာ ပြောကြားသွားပါတယ်။

ဆုရှင် အမျိုးသမီးတဦးချင်းအကြောင်းတွေကို ပြောသွားရာမှာလည်း ကျောင်းသားသမဂ္ဂလှုပ်ရှားမှုကစလို့ နိုင်ငံရေး ငြိမ်းချမ်းရေး လူ့အခွင့်အရေးလှုပ်ရှားတွေမှာပါဝင်ခဲ့တဲ့ မအိသဉ္ဇာမောင်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ မအိသဉ္ဇာမောင်ဟာ လက်ရှိမှာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် မအိသဉ္ဇာမောင်ဟာ ၂၀၁၅ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသူတွေထဲမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီး ထောင်ချခံခဲ့ရသူဖြစ်သလို စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေထဲမှာ ထင်ရှားသူတဦးလည်းဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေ ကြုံတွေ့နေရပြီး၊ မြန်မာစစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ မအိသဉ္ဇာမောင်က ဆုပေးပွဲကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာပြောထားပါတယ်။

ဒီပွဲကို သမတကတော် Jill Biden ကလည်း တတ်ရောက် ချီးကျူးစကားပြောခဲ့ပါတယ်။ ကမ္ဘာတဝှမ်း အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေနဲ့ စစ်ကြောင့် ဒဏ်ခံရတဲ့အခြေအနေတွေကိုတော့ သမ္မတကတော် Jill Biden က အလေးပေးပြောသွားပါတယ်။ အမျိုးသမီးအသံနားမထောင်ပဲ ဒီမိုကရေစီမရှိနိုင်ဘူး ငြိမ်းချမ်းရေးမဖြစ်နိုင်ဘူးလို့လည်း သမ္မတကတော်က ပြောသွားပါတယ်။


အခုအခါမှာ ၁၆ ကြိမ်မြောက်ရှိပြီဖြစ်တဲ့ ဒီဆုဟာ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ကျား မ သာတူူညီမျှရေးနဲ့ တန်းတူညီမျှရေး၊ မတူကွဲပြားတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေအားလုံး စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ စတဲ့ကိစ္စရပ်တွေမှာ ကိုယ့်ရဲ့ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရပေမယ့် သူရသတ္တိ၊ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ခေါင်းဆောင်မှုပိုင်းမှာ သူမတူအောင် ထူးချွန် ပြောင်မြောက်တဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို အသိအမှတ်ပြု ပေးအပ်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG