သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဟောင်း သူရဦးအောင်ကို အပေါ် ထောင်ဒဏ် ၁၂ နှစ်ချမှတ်


သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး(ဟောင်း) သူရ ဦးအောင်ကို ၈၈၈၈ အထိမ်းအမှတ်အခမ်းအနားတခု တက်ရောက်ခဲ့စဉ် ( ဂျူလိုင် ၂၀၁၆ ) Photo: Ant Bwe Kyaw (88)
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး(ဟောင်း) သူရ ဦးအောင်ကို ၈၈၈၈ အထိမ်းအမှတ်အခမ်းအနားတခု တက်ရောက်ခဲ့စဉ် ( ဂျူလိုင် ၂၀၁၆ ) Photo: Ant Bwe Kyaw (88)

NLD အစိုးရလက်ထက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ သူရ ဦးအောင်ကို ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် စုစုပေါင်း(၁၂)နှစ် ကျခံစေရန် ရန်ကုန်တိုင်း တရားလွှတ်တော်က မတ်လ(၁၄)ရက်နေ့မှာ အမိန့်ချမှတ် လိုက်ပါတယ်။

သူရ ဦးအောင်ကို - ဝန်ကြီးအဖြစ် ဆောင်ရွက်စဉ် သာသနာ့နုဂ္ဂဟ ဘွဲ့တံဆိပ် ချီးမြှင့်ပေးအပ်ခြင်းကိစ္စနဲ့ လုပ်ငန်းရှင်တဦး အလုပ်ကိုင် အဆင်ပြေစေရေး ငွေကြေးနဲ့ပစ္စည်း လက်ခံခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်တွေအရ အခုလို တရားစွဲဆိုခဲ့တာပါ။

သူရဦးအောင်ကိုအပေါ် တိုင်ကြားချက်တွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေး တွေ့ရှိခဲ့တာကြောင့် အခုလို ထောင်ဒဏ်ချမှတ်တာဖြစ်ကြောင်း စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းထွေးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

သက်ဆိုင်သူတွေထံကနေ ငွေသား ကျပ်သိန်း(၁၀၀)အပြင် ၊ ကျပ်သိန်း(၃၀၀)တန် Blank Cheque တစ်စောင်ကို သူရ ဦးအောင်ကိုက လက်ခံ ရယူခဲ့ကြောင်း ၊ ဒါ့အပြင် ရေရှည် အဆင်ပြေစေရေးအတွက် လုပ်ငန်းရှင် တဦးထံကနေ ကျပ်သိန်း(၁၀၅၀)တန် Ford Everest Titanium မော်တော်ယာဉ်တစီး ၊ (၂၀)ကျပ်သား အလေးချိန်ရှိတဲ့ ရွှေပန်းကန် တချပ်ကိုလည်း ရယူခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားတာပါ။ ဒီ ငွေကြေး ပစ္စည်းတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်း သွားမှာ ဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

သူရ ဦးအောင်ကိုအပေါ် စွပ်စွဲထားတဲ့ အဂတိလိုက်စားမှု ပုဒ်မ (၄)ခုအတွက် တမှုကို ထောင်ဒဏ်(၃)နှစ်စီနဲ့ စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် (၁၂)နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ချမှတ်မှုအပေါ် သူရ ဦးအောင်ကိုရဲ့ ရှေ့နေတွေဖက်က တစုံတရာ တုံ့ပြန်ပြောဆိုတာ မကြားရ သေးပါဘူး။

=================








XS
SM
MD
LG