ျမန္မာ စစ္တပ္က ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ အၾကမ္းဖက္မႈေတြကို သမၼတ Joe Biden ရဲ႕ အေမရိကန္အစိုးရက Genocide ေခၚ လူမ်ဳိးတုံး သတ္ျဖတ္မႈနဲ႔ လူသားမ်ဳးိႏြယ္ အေပၚ က်ဴးလြန္တဲ့ ျဖစ္ရပ္အျဖစ္ တရားဝင္ သတ္မွတ္ ေၾကညာလိုက္တဲ့ကိစၥကို PHR လူ႔အခြင့္အေရး သမားေတာ္မ်ားအဖြဲ႔က ၾကဳိဆို လိုက္ပါတယ္။ ဒါဟာ ႐ိုဟင္ဂ်ာတို႔အတြက္ တရားမွ်တမႈ ရရွိေရးနဲ႔ ျမန္မာႏိုင္ငံမွာ က်ဴးလြန္တဲ့ ျပစ္မႈေတြအတြက္ အဓိပၸါယ္ျပည့္ဝတဲ့ တာဝန္ယူမႈ ၊တာဝန္ခံမႈ ရွိေစေရးမွာ အေရးႀကီးတဲ့ ေျခလွမ္းေတြ ျဖစ္တယ္လို႔လည္း သူတို႔ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
PHR အဖြဲ႔ဟာ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖါက္ခံရမႈေတြကို သိပၸံနဲ႔ ေဆးပညာအသုံးျပဳ မွတ္တမ္းတင္ၿပီး ၊ ႏိုင္ငံတကာက အာ႐ုံစိုက္လာေအာင္ (၁၅)ႏွစ္ၾကာ ေဆာင္ရြက္ခဲ့တဲ့ အဖြဲ႔လည္း ျဖစ္ပါတယ္။ လြတ္ေျမာက္လာသူ ႐ိုဟင္ဂ်ာေတြရဲ႕ ေဆးဖက္ဆိုင္ရာ အေထာက္အထားနဲ႔ ကိုယ္ေတြ႕ ျဖစ္ရပ္ေတြကတဆင့္ ၂၀၁၇ ၾသဂုတ္လကစၿပီး ၊ ရခိုင္ ေျမာက္ပိုင္းမွာ ႐ိုဟင္ဂ်ာေတြကို ပစ္မွတ္ထားတဲ့ လိင္ပိုင္းဆိုင္ရာ က်ဳးလြန္မႈ အပါအဝင္ စနစ္တက် အၾကမ္းဖက္တာ ၊ ေက်းရြာေတြ မီး႐ႈိ႕တာ ၊ ပစ္ခတ္ သတ္ျဖတ္တာေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ရွိခဲ့ေၾကာင္း သိရွိခဲ့ရတယ္လို႔ ဆိုပါတယ္။
အခု ျဖစ္ေနတဲ့ စစ္အာဏာသိမ္းမႈကို ရပ္ဆိုင္းဖို႔ ၊ ႐ိုဟင္ဂ်ာေတြ အပါအဝင္ ျမန္မာျပည္သူ အားလုံးအေပၚ အၾကမ္းဖက္ ေနတာေတြကို ရပ္တန္႔ဖို႔ ၊ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ဝင္ေရာက္လုပ္ေဆာင္ ေပးၾကဖို႔ကိုလည္း သူတို႔ ေၾကညာခ်က္မွာ ေတာင္းဆိုထားပါတယ္။
---------------------------
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် Genocide ကျူးလွန်ကြောင်း ကန်ကြေညာချက် PHR ကြိုဆို
မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို သမ္မတ Joe Biden ရဲ့ အမေရိကန်အစိုးရက Genocide ခေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျုးိနွယ် အပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်အဖြစ် တရားဝင် သတ်မှတ် ကြေညာလိုက်တဲ့ကိစ္စကို PHR လူ့အခွင့်အရေး သမားတော်များအဖွဲ့က ကြိုဆို လိုက်ပါတယ်။ဒါဟာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှု ရရှိရေးနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ တာဝန်ယူမှု ၊တာဝန်ခံမှု ရှိစေရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့လည်း သူတို့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
PHR အဖွဲ့ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို သိပ္ပံနဲ့ ဆေးပညာအသုံးပြု မှတ်တမ်းတင်ပြီး ၊ နိုင်ငံတကာက အာရုံစိုက်လာအောင် (၁၅)နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ လွတ်မြောက်လာသူ ရိုဟင်ဂျာတွေရဲ့ ဆေးဖက်ဆိုင်ရာ အထောက်အထားနဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေကတဆင့် ၂၀၁၇ သြဂုတ်လကစပြီး ၊ ရခိုင် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှု အပါအဝင် စနစ်တကျ အကြမ်းဖက်တာ ၊ ကျေးရွာတွေ မီးရှို့တာ ၊ ပစ်ခတ် သတ်ဖြတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အခု ဖြစ်နေတဲ့ စစ်အာဏာသိမ်းမှုကို ရပ်ဆိုင်းဖို့ ၊ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူ အားလုံးအပေါ် အကြမ်းဖက် နေတာတွေကို ရပ်တန့်ဖို့ ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်လုပ်ဆောင် ပေးကြဖို့ကိုလည်း သူတို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။