သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္မ်ိဳးကြဲစိတ္သစ္ ျပင္းထန္ႏိုင္မူ


Virus Outbreak-Pfizer-Omicron Vaccine

ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 မ်ိဳးကြဲ Omicron ရဲ႕ ေနာက္မ်ိဳးကြဲစိတ္ BA.2 ေတြ႔လာခ်ိန္မွာ၊ ကာကြယ္ေဆး အရည္အေသြးနဲ႔ လႊမ္းၿခဳံမူေကာင္းတဲ့ ႏိုင္ငံေတြမွာလို မျပင္းထန္ႏိုင္ဘူးလို႔ ေျပာဖို႔ေစာေနေသးေၾကာင္း က်န္းမာေရးပညာရွင္ေတြက ေထာက္ျပေျပာဆိုပါတယ္။

ကိုဗစ္ကူးစက္မူေတြ အေနာက္ႏိုင္ငံေတြဘက္မွာ ျပန္ၿငိမ္လာၿပီး ကာကြယ္ထိန္းခ်ဳပ္မူေတြ စေလွ်ာ့ေပးလာခ်ိန္မွာ နဂိုထဲက ကူးစက္ျမန္တဲ့ မူလ Omicron မ်ိဳးကြဲ BA.1 ထက္ ပိုကူးစက္ျမန္တဲ့ ဒီေနာက္မ်ိဳးကြဲသစ္ ကူးစက္မူျပန္မ်ားလာမွာကို စိုးရိမ္မူေတာ့ ရွိထားပါတယ္။ ကူးစက္ျမန္လြန္းတာကို လိုက္ဖို႔ခက္တာေၾကာင့္ Stealth Omicron လို႔ တင္စားေျပာလာခ်ိန္မွာ ကာကြယ္ေဆး အရည္အေသြးနဲ႔ လႊမ္းၿခဳံမူ အားေကာင္းထားတဲ့ အေနာက္ႏိုင္ငံေတြမွာေတာ့ မ်ိဳးစိတ္သစ္ ျပင္းထန္လာမွာကိုေတာ့ သိပ္မစိုးရိမ္ၾကေသးပါဘူး။ အရည္အေသြးေကာင္းတာ ေတြ႔ရွိထားတဲ့ Pfizer ၊ Moderna နဲ႔ AstraZeneca ကာကြယ္ေဆး အျပည့္ (၃ ႀကိမ္) ထိုးထားသူေတြမွာ ေဆး႐ုံတက္ရႏႈန္း၊ အထူးၾကပ္မတ္ ေဆာင္ေရာက္ႏႈန္း မမ်ားေသးဘဲ၊ ကာကြယ္ေဆး မထိုးထားသူေတြမွာသာ ေဆး႐ုံတက္ရတာ အဓိက ေတြ႔ေနရပါေသးတယ္။

ဒါေပမဲ့ အရည္အေသြးအားေကာင္းတာ အေထာက္အထား မသိရေသးတဲ့ တ႐ုတ္ကာကြယ္ေဆးကိုသာ ထိုးရိွထားတဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ ဒီ မ်ိဳးကြဲစိတ္သစ္ေတြ႔လာအၿပီး ကူးစက္မူျပန္မ်ားလာကာ အေနာက္ႏိုင္ငံေတြထက္ ပိုစိုးရိမ္မူမ်ားလာၿပီး စီးပြားအခ်က္အခ်ာၿမိဳ ႔ႀကီး ရွန္ဟိုင္းမွာေတာင္ အတင္းအက်ပ္ Lockdown ခ် ပိတ္စို႔မူေတြ လုပ္လာပါတယ္။ အေရွ ႔ေတာင္အာရွဘက္မွာလည္း ဒီမ်ိဳးကြဲစိတ္သစ္ ေတြ႔တာစမ်ားလာခ်ိန္မွာ ကာကြယ္ေဆး အရည္အေသြးနဲ႔ လႊမ္းၿခဳံမူ အားေကာင္းတာအျပင္ အရင္ Omicron မ်ိဳးကြဲ BA.1 အျဖစ္မ်ားတာ ေတြ႔ရိွလာထားတဲ့ စကၤာပူမွာ စိုးရိမ္စရာ သိပ္မေတြ႔ရေသးပါဘူး။ ဒါေပမဲ့ တ႐ုတ္ကာကြယ္ေဆး အမ်ားစုထိုးထားၿပီး၊ လူဦးေရအမ်ားစု ကာကြယ္ေဆးလႊမ္းၿခဳံမူ မရေသးတဲ့ ျမန္မာအတြက္ေတာ့ ေလာေလာဆယ္မွာ ျပင္းထန္မွာမစိုးရိမ္ရဘူးလို႔ ေျပာဖို႔ အနည္းငယ္ ေစာေနပါေသးတယ္။ အဓိကကေတာ့ ကာကြယ္ေဆး အျပည့္မရသူေတြနဲ႔ သက္ႀကီးေတြ၊ ေရာဂါအခံရွိသူေတြအတြက္ ပိုစိုးရိမ္ရႏိုင္ပါေသးတယ္။
ဒါေၾကာင့္ ျမန္မာႏိုင္ငံထဲ အခုလိုအခ်ိန္မွာ ကိုဗစ္လကၡဏာျဖစ္တဲ့ ႏွာေစး၊ လည္ေခ်ာင္းနာ၊ ေခ်ာင္းဆိုး၊ ဖ်ားနာတာေတြ ျဖစ္လာလွ်င္ေတာ့ သီးသန႔္ခြဲ ေနထိုင္စားေသာက္ၿပီး၊ ျဖစ္ႏိုင္လွ်င္ အျမန္စစ္ကရိယာ (Antigen Test Kit) နဲ႔ ခ်က္ခ်င္းစစ္ကာ ကြၽမ္းက်င္သူေတြနဲ႔ တိုင္ပင္သင့္ပါတယ္။ အထူးသျဖင့္ အႏၲရာယ္ရွိႏိုင္တဲ့ သက္ႀကီးေတြနဲ႔ ေရာဂါအခံရွိသူေတြမွာ ဆရာဝန္နဲ႔တိုင္ပင္ၿပီး လိုအပ္လွ်င္ ျမန္မာႏိုင္ငံထဲ ထုတ္လာႏိုင္တဲ့ ကိုဗစ္ကုသေဆး Molnupiravir (MOLNUPAC) ကို ျဖစ္တာသိသိခ်င္း ပထမရက္မွာကို စေသာက္သင့္ပါတယ္။ ဒီအေၾကာင္းက ဒီကိုဗစ္ျဖစ္ၿပီး (၅) ရက္ေလာက္ၾကာမွ စေသာက္လွ်င္ေတာ့ ေဆးအာနိသင္ နည္းလြန္းသြားႏိုင္ကာ မထိေရာက္ႏိုင္ေတာ့လို႔ပါ။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံမွ ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာျပည္က ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

== Unicode ==

မြန်မာနိုင်ငံမှာ ကိုဗစ်-19 မျိုးကွဲ Omicron ရဲ့ နောက်မျိုးကွဲစိတ် BA.2 တွေ့လာချိန်မှာ၊ ကာကွယ်ဆေး အရည်အသွေးနဲ့ လွှမ်းခြုံမူကောင်းတဲ့ နိုင်ငံတွေမှာလို မပြင်းထန်နိုင်ဘူးလို့ ပြောဖို့စောနေသေးကြောင်း ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုပါတယ်။

ကိုဗစ်ကူးစက်မူတွေ အနောက်နိုင်ငံတွေဘက်မှာ ပြန်ငြိမ်လာပြီး ကာကွယ်ထိန်းချုပ်မူတွေ စလျှော့ပေးလာချိန်မှာ နဂိုထဲက ကူးစက်မြန်တဲ့ မူလ Omicron မျိုးကွဲ BA.1 ထက် ပိုကူးစက်မြန်တဲ့ ဒီနောက်မျိုးကွဲသစ် ကူးစက်မူပြန်များလာမှာကို စိုးရိမ်မူတော့ ရှိထားပါတယ်။ ကူးစက်မြန်လွန်းတာကို လိုက်ဖို့ခက်တာကြောင့် Stealth Omicron လို့ တင်စားပြောလာချိန်မှာ ကာကွယ်ဆေး အရည်အသွေးနဲ့ လွှမ်းခြုံမူ အားကောင်းထားတဲ့ အနောက်နိုင်ငံတွေမှာတော့ မျိုးစိတ်သစ် ပြင်းထန်လာမှာကိုတော့ သိပ်မစိုးရိမ်ကြသေးပါဘူး။ အရည်အသွေးကောင်းတာ တွေ့ရှိထားတဲ့ Pfizer ၊ Moderna နဲ့ AstraZeneca ကာကွယ်ဆေး အပြည့် (၃ ကြိမ်) ထိုးထားသူတွေမှာ ဆေးရုံတက်ရနှုန်း၊ အထူးကြပ်မတ် ဆောင်ရောက်နှုန်း မများသေးဘဲ၊ ကာကွယ်ဆေး မထိုးထားသူတွေမှာသာ ဆေးရုံတက်ရတာ အဓိက တွေ့နေရပါသေးတယ်။

ဒါပေမဲ့ အရည်အသွေးအားကောင်းတာ အထောက်အထား မသိရသေးတဲ့ တရုတ်ကာကွယ်ဆေးကိုသာ ထိုးရှိထားတဲ့ တရုတ်နိုင်ငံမှာတော့ ဒီ မျိုးကွဲစိတ်သစ်တွေ့လာအပြီး ကူးစက်မူပြန်များလာကာ အနောက်နိုင်ငံတွေထက် ပိုစိုးရိမ်မူများလာပြီး စီးပွားအချက်အချာမြို့ကြီး ရှန်ဟိုင်းမှာတောင် အတင်းအကျပ် Lockdown ချ ပိတ်စို့မူတွေ လုပ်လာပါတယ်။ အရှေ့တောင်အာရှဘက်မှာလည်း ဒီမျိုးကွဲစိတ်သစ် တွေ့တာစများလာချိန်မှာ ကာကွယ်ဆေး အရည်အသွေးနဲ့ လွှမ်းခြုံမူ အားကောင်းတာအပြင် အရင် Omicron မျိုးကွဲ BA.1 အဖြစ်များတာ တွေ့ရှိလာထားတဲ့ စင်္ကာပူမှာ စိုးရိမ်စရာ သိပ်မတွေ့ရသေးပါဘူး။ ဒါပေမဲ့ တရုတ်ကာကွယ်ဆေး အများစုထိုးထားပြီး၊ လူဦးရေအများစု ကာကွယ်ဆေးလွှမ်းခြုံမူ မရသေးတဲ့ မြန်မာအတွက်တော့ လောလောဆယ်မှာ ပြင်းထန်မှာမစိုးရိမ်ရဘူးလို့ ပြောဖို့ အနည်းငယ် စောနေပါသေးတယ်။ အဓိကကတော့ ကာကွယ်ဆေး အပြည့်မရသူတွေနဲ့ သက်ကြီးတွေ၊ ရောဂါအခံရှိသူတွေအတွက် ပိုစိုးရိမ်ရနိုင်ပါသေးတယ်။
ဒါကြောင့် မြန်မာနိုင်ငံထဲ အခုလိုအချိန်မှာ ကိုဗစ်လက္ခဏာဖြစ်တဲ့ နှာစေး၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ ဖျားနာတာတွေ ဖြစ်လာလျှင်တော့ သီးသန့်ခွဲ နေထိုင်စားသောက်ပြီး၊ ဖြစ်နိုင်လျှင် အမြန်စစ်ကရိယာ (Antigen Test Kit) နဲ့ ချက်ချင်းစစ်ကာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ အထူးသဖြင့် အန္တရာယ်ရှိနိုင်တဲ့ သက်ကြီးတွေနဲ့ ရောဂါအခံရှိသူတွေမှာ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်လျှင် မြန်မာနိုင်ငံထဲ ထုတ်လာနိုင်တဲ့ ကိုဗစ်ကုသဆေး Molnupiravir (MOLNUPAC) ကို ဖြစ်တာသိသိချင်း ပထမရက်မှာကို စသောက်သင့်ပါတယ်။ ဒီအကြောင်းက ဒီကိုဗစ်ဖြစ်ပြီး (၅) ရက်လောက်ကြာမှ စသောက်လျှင်တော့ ဆေးအာနိသင် နည်းလွန်းသွားနိုင်ကာ မထိရောက်နိုင်တော့လို့ပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံမှ ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG