[[ ZAWGYI / UNICODE ]]
ေလထုညစ္ႏြမ္းမႈ လူသားအားလံုး ၾကံဳေနရ (WHO)
ကမၻာလူသားအားလုံးရဲ႕ ၉၉% ဟာ သန္႔ရွင္းလပ္ဆတ္တဲ့ ေလကို မရရွိၾကဘူးလို႔ ကမၻာက်န္းမာေရးအဖြဲ႔ WHOက ေျပာၾကားလိုက္ပါတယ္။
ဒါေၾကာင့္ ေလထုညစ္ညမ္းမႈ ျဖစ္ေစတဲ့ ေက်ာက္မီးေသြးေလာင္စာ သုံးစဲြမႈကို လက္ေတြ႕ ေလွ်ာ့ခ်ၾကဖို႔နဲ႔ ေလထုညစ္ညမ္းမႈေၾကာင့္ အသက္ရႈလမ္းေၾကာင္း ေရာဂါနဲ႔ ကိုယ္တြင္းေသြးလည္ပတ္မႈ ျပသနာေတြ ၾကဳံေနရၿပီး ၊ ႏွစ္စဥ္ သန္းေပါင္းမ်ားစြာေသာလူေတြ ေသဆုံးေနရတဲ့ အျဖစ္ကေန ကာကြယ္ဖို႔ လိုတယ္လို႔ WHOက တိုက္တြန္းလိုက္ပါတယ္။
ေလထုသန္႔ရွင္းမႈဆိုင္ရာ စည္းမ်ည္းေတြ ခ်မွတ္အၿပီး ၆ လအၾကာ တနလၤာေန႔မွာ - WHO ရဲ႕ေနာက္ဆုံး အစီရင္ခံစာသစ္တခု ထုတ္ျပန္လိုက္တာပါ။ အဲဒီထဲမွာ ေလထုသန္႔ရွင္း လပ္ဆတ္မႈကို ႏိုင္ငံျမဳိ႕ရြာအလိုက္ စစ္တမ္းေကာက္ျပဳစုထားတဲ့ အည ြန္းကိန္းေတြကို စာရင္းဇယားနဲ႔ ေဖၚျပထားပါတယ္။ တကမၻာလုံးမွာ အရင္ထက္ပိုၿပီး ေလထုညစ္ညမ္းလာတဲ့ ျမဳိ႕ေတြ ရြာေတြ တိုးလာလိုက္တာ (၆)ေက်ာ္ထိ ရွိေနၿပီလို႔လည္း ဆိုပါတယ္။
ေလထုညစ္ညမ္းမႈေၾကာင့္ ကမၻာ့ျပည္သူ သန္းနဲ႔ခ်ီ က်န္းမာေရးခ်ဳိ႔တဲ့ၿပီး ေသဆုံးေနရတဲ့အျဖစ္ကို ႏွစ္ေပါင္းမ်ားစြာ မကာကြယ္ႏိုင္ခဲ့ၾကသလို၊ ခုလည္းပဲ ေလထုညစ္ညမ္းမႈ၊ သဘာဝ ဝန္းက်င္ညစ္ညမ္းမႈေတြေၾကာင့္ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈ အေျမာက္အမ်ား ဆုံးရႈံး ေနရေၾကာင္း WHO ရဲ႕သဘာဝ-ဝန္းက်င္နဲ႔ ရာသီဥတုေျပာင္းလဲေရးဆိုင္ရာ က်န္းမာေရး အႀကီးအကဲ Dr. Maria Neira ကလည္း ေထာက္ျပခဲ့ပါတယ္။
= = = = = = =
{{ UNICODE }}
လေထုညစ်နွမ်းမှု လူသားအားလုံး ကြုံနေရ (WHO)
ကမ္ဘာလူသားအားလုံးရဲ့ ၉၉% ဟာ သန့်ရှင်းလပ်ဆတ်တဲ့ လေကို မရရှိကြဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHOက ပြောကြားလိုက်ပါတယ်။
ဒါကြောင့် လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ ကျောက်မီးသွေးလောင်စာ သုံးစွဲမှုကို လက်တွေ့ လျှော့ချကြဖို့နဲ့ လေထုညစ်ညမ်းမှုကြောင့် အသက်ရှုလမ်းကြောင်း ရောဂါနဲ့ ကိုယ်တွင်းသွေးလည်ပတ်မှု ပြသနာတွေ ကြုံနေရပြီး ၊ နှစ်စဉ် သန်းပေါင်းများစွာသောလူတွေ သေဆုံးနေရတဲ့ အဖြစ်ကနေ ကာကွယ်ဖို့ လိုတယ်လို့ WHOက တိုက်တွန်းလိုက်ပါတယ်။
လေထုသန့်ရှင်းမှုဆိုင်ရာ စည်းမျည်းတွေ ချမှတ်အပြီး ၆ လအကြာ တနင်္လာနေ့မှာ - WHO ရဲ့နောက်ဆုံး အစီရင်ခံစာသစ်တခု ထုတ်ပြန်လိုက်တာပါ။ အဲဒီထဲမှာ လေထုသန့်ရှင်း လပ်ဆတ်မှုကို နိုင်ငံမြို့ရွာအလိုက် စစ်တမ်းကောက်ပြုစုထားတဲ့ အည ွန်းကိန်းတွေကို စာရင်းဇယားနဲ့ ဖေါ်ပြထားပါတယ်။ တကမ္ဘာလုံးမှာ အရင်ထက်ပိုပြီး လေထုညစ်ညမ်းလာတဲ့ မြို့တွေ ရွာတွေ တိုးလာလိုက်တာ (၆)ကျော်ထိ ရှိနေပြီလို့လည်း ဆိုပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့ပြည်သူ သန်းနဲ့ချီ ကျန်းမာရေးချို့တဲ့ပြီး သေဆုံးနေရတဲ့အဖြစ်ကို နှစ်ပေါင်းများစွာ မကာကွယ်နိုင်ခဲ့ကြသလို၊ ခုလည်းပဲ လေထုညစ်ညမ်းမှု၊ သဘာဝ ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အမြောက်အများ ဆုံးရှုံး နေရကြောင်း WHO ရဲ့သဘာဝ-ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ကျန်းမာရေး အကြီးအကဲ Dr. Maria Neira ကလည်း ထောက်ပြခဲ့ပါတယ်။