သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ketanji Brown Jackson ကို တရားရုံးချုပ် တရားသူကြီး ခန့်အပ်ရေး ကန်အထက်လွှတ်တော် အတည်ပြု


တရားသူကြီး Ketanji Brown Jackson
တရားသူကြီး Ketanji Brown Jackson

[[ ZAWGYI / UNICODE ]]

Ketanji Brown Jackson ကို တရားရုံးချုပ် တရားသူကြီးခန့်အပ်ရေး ကန်အထက်လွှတ်တော် အတည်ပြု

အမေရိကန်တရားရုံးချုပ် တရားသူကြီးအဖြစ်ခန့်အပ်ဖို့ သမ္မတဂျိုးဘိုင်ဒန်အဆိုပြုထားတဲ့ တရားသူကြီး Ketanji Brown Jackson ကို ကြာသပတေးနေ့မှာ အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။

မဲခွဲရာမှာ ထောက်ခံမဲက ၅၃ မဲ၊ ကန့်ကွက်မဲက ၄၇ မဲရခဲ့ ပြီး အဆိုပြုချက်ကို အတည်ပြုလိုက်တယ် လို့ ဒုသမ္မတ Kamala Harris က ပြောသွားတာပါ။

အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ လူမည်းအမျိုးသမီးတဦးအနေနဲ့ ပထမဆုံး အမေရိကန်တရားရုံးချုပ်မှာ တာဝန်ထမ်းဆောင်ဖို့ အထက်လွှတ်တော်က အတည်ပြုပေးလိုက်တာ ဖြစ်ပြီး သူမဟာ တရားရုံးချုပ်မှာ တတိယမြောက် လူမည်းတရားသူကြီးဖြစ်ပြီး ပထမဆုံးလူမည်း အမျိုးသမီးအဖြစ် တာဝန်ထမ်းဆောင်ရသူ ဖြစ်လာတော့မှာပါ။

လွှတ်တော်အမတ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီဝင် ၅၀ နဲ့ အတူ ရီပတ်ဘလစ်ကင်ပါတီက Susan Collins ၊ Lisa Murkowski နဲ့ Mitt Romney တို့ ၃ ဦးက ထောက်ခံမဲ ပေးမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

တရားရုံးချုပ်မှာ လက်ရှိအမျိုးသမီး တရားသူကြီး ၃ ဦးဖြစ်တဲ့ Sonia Sotomayor ၊ Elena Kagan နဲ့ Amy Coney Barrett တို့နဲ့အတူ ၄ ယောက်မြောက် အမျိုးသမီးအဖြစ် Jackson ကတာဝန်ထမ်းဆောင်မှာလည်း ဖြစ်ပါတယ်။

တရားသူကြီး Jackson ကို အခုနွေရာသီမှာ အနားယူတော့မယ် တရားသူကြီး Stephen Breyer နေရာမှာ အစားထိုးဖို့ သမ္မတ ဂျိုးဘိုင်ဒန်က အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = =

{{ UNICODE }}



မဲခှဲရာမှာ ထောကျခံမဲက ၅၃ မဲ၊ ကန့ျကှကျမဲက ၄၇ မဲရခဲ့ ပွီး အဆိုပွုခကြျကို အတညျပွုလိုကျတယျ လို့ ဒုသမ်မတ Kamala Harris က ပွောသှားတာပါ။





XS
SM
MD
LG