သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၂၂ ျမန္မာသႀကၤန္ပဲြေတာ္ အလားအလာ


A trishaw rider cycles on Mahabandoola road, with the Sule pagoda, yangon

၂၀၂၂ ခုႏွစ္သၾကၤန္ကို စည္စည္ကားကား က်င္းပႏိုင္ေအာင္ စစ္ေကာင္စီက ျပင္ဆင္ပါတယ္။ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕ေတြမွာ သၾကၤန္မ႑ဳပ္ေတြေဆာက္လုပ္ပါတယ္။ ဒါေပမဲ့ ျပည္သူအမ်ားစုကေတာ့ စစ္အာဏာသိမ္းထားၿပီး လုံၿခဳံေရးအရလည္း စိတ္မခ်ရတဲ့အတြက္ ဒီႏွစ္လည္း သၾကၤန္ကို ဆင္ႏြဲမွာ မဟုတ္ဘူးလို႔ ေျပာၾကပါတယ္။

[[ ZAWGYI / UNICODE ]]

၂၀၂၂ ျမန္မာသႀကၤန္ပဲြေတာ္ အလားအလာ

၂၀၂၂ ခုႏွစ္ သၾကၤန္ပြဲေတာ္အတြက္ တခ်ဳိ႕ေနရာေတြမွာ သႀကၤန္ပြဲေတြ စလုပ္ေနၾကပါၿပီ။ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီကုိ ဆန္႔က်င္တဲ့အေနနဲ႔ေရာ အိုးအိမ္ျပစ္ ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ေတြကို စာနာတဲ့အေနနဲ႔ပါ သႀကၤန္ပဲြေတြမွာ ပါဝင္ဆင္ႏဲြျခင္း မလုပ္ၾကနဲ႔လို႔ စည္း႐ံုးလႈပ္႐ွားမႈေတြလည္း ႐ွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေဇာ္မိုးေက်ာ္ကတင္ျပပါမယ္။

၂၀၂၂ ခုႏွစ္သႀကၤန္ကို ျပန္ၿပီး စည္စည္ကားကား က်င္းပႏိုင္ေအာင္ စစ္ေကာင္စီက ျပင္ဆင္ထားပါတယ္။ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕ေတြမွာ သႀကၤန္မ႑ဳပ္ေတြေဆာက္လုပ္ထားပါတယ္။ ရန္ကုန္ၿမိဳ႕က တခ်ဳိ႕ေနရာေတြမွာလည္း သႀကၤန္မ႑ဳပ္ေတြထိုးၿပီး ေရကစားၾကဖုိ႔ စိုင္းျပင္းေနၾကပါတယ္။ ဒါေပမဲ့ ျပည္သူအမ်ားစုကေတာ့ စစ္အာဏာသိမ္းထားခ်ိန္ျဖစ္သလို၊ လံုၿခံဳေရးအရလည္း စိတ္မခ်ရတဲ့အတြက္ ဒီႏွစ္လည္း သႀကၤန္ကို ဆင္ႏဲြမွာ မဟုတ္ဘူးလို႔ ေျပာၾကပါတယ္။ ေျမာက္ဒဂံုၿမိဳ႕နယ္မွာ ေနသူတေယာက္က သူ႔ရဲ႕ သေဘာထားကုိ ခုလိုေျပာပါတယ္။

"တခ်ိဳ႕က အလုပ္ေတြပိတ္တယ္။ တခ်ိဳ႕က အလုပ္မဆင္းရဘူး။ အဲဒီအတြက္ စားေရးေသာက္ေရးေတြနဲ႔ ဆိုေတာ့ ဒီေပ်ာ္ပြဲ႐ႊင္ပြဲ ဆိုတာ ဘယ္လိုသြားလွည့္ၾကည့္မလဲကြယ္။ ဒါ တဦးတည္းအျမင္ မဟုတ္ဘူးေနာ္။ လက္ရွိအားလုံးက ေတြ႕ႀကဳံေနရတဲ့ အေတြ႕အႀကဳံပဲ။"

သႀကၤန္ကာလျဖစ္ေပမဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား တုိက္ပြဲေတြ႐ွိေနပါတယ္။ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းထဲက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာလည္း စစ္တပ္က နယ္ေျမ႐ွင္းလင္းမႈေတြလုပ္ေနတာမွာ၊ ေဒသခံေတြ ဖမ္းဆီး၊ သတ္ျဖတ္ခံရတာေတြ႐ွိသလို ေနအိမ္ေတြလည္း ရာနဲ႔ခ်ီ မီး႐ႈိ႕ခံေနရပါတယ္။ အစဥ္အလာအားျဖင့္ သႀကၤန္တြင္း အလွဴအတန္း၊ ကုသိုလ္ေကာင္းမႈလုပ္ၾကေလ့႐ွိေပမဲ့ ဒီႏွစ္မွာေတာ့ ဒုကၡအစံုနဲ႔ ျဖတ္သန္းေနရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာၾကပါတယ္။ စစ္တပ္နယ္ေျမ႐ွင္းလင္းစဥ္ ေနအိမ္ မီး႐ႈိ႕ခံရတဲ့ မေကြးတိုင္း ေဒသခံတေယာက္က ဒီႏွစ္သူျဖတ္သန္းေနရတဲ့ အေျခအေနကို ခုလိုေျပာျပပါတယ္။

"႐ြာမွာလည္း အခု ဒီႏွစ္ကေတာ့ က်ေနာ္တို႔လည္း ကုသိုလ္ေကာင္းမႈေတာ့ လုပ္ခ်င္တာေပါ့။ လုပ္ခ်င္ေပမယ့္ အစက ႏိုင္ငံေရးက မေကာင္းေတာ့ လုပ္ဖို႔အင္အားမရွိပါဘူးဆိုမွ အခု ႐ြာမီးရႈိ႕ေတာ့ အိမ္ေတြဘာေတြကလည္း မရွိေတာ့ဘူး။ ဆိုေတာ့ ပိုလို႔မလုပ္ႏိုင္ေတာ့ဘူးေပါ့ဗ်ာ။ စိတ္သာရွိေတာ့တာ၊ အလႉအတန္းလုပ္ခ်င္လည္း မလုပ္ႏိုင္ေတာ့ဘူးေပါ့။"

စစ္အာဏာသိမ္းထားခ်ိန္ျဖစ္လို႔ သၾကၤန္ရက္ေတြအတြင္း၊ ကိုယ္တတ္ႏိုင္တဲ့ ပံုစံအမ်ဳိးမ်ဳိးနဲ႔ သပိတ္ေမွာက္ ဆန္႔က်င္ၾကဖုိ႔ စစ္အာဏာ႐ွင္ ဆန္႔က်င္သူေတြက ေဆာ္ၾသတိုက္တြန္းေနၾကပါတယ္။ အႀကိဳနဲ႔ အက်ေန႔ေတြမွာ ေတာ္လွန္ေရးကာလအတြင္း က်ဆုံးခဲ့သူေတြနဲ႔ မတရားဖမ္းဆီးခံထားရသူေတြကို ကူညီပံ့ပိုးတဲ့ အြန္လိုင္းလႈပ္ရွားမႈ၊ အၾကတ္နဲ႔ အတက္ေန႔ေတြမွာ CDM ဝန္ထမ္းေတြနဲ႔ စစ္ေဘးေရွာင္သူေတြကို ေထာက္ပံ့ကူညီ အားေပးမယ့္အစီအစဥ္၊ ႏွစ္ဆန္း ၁ ရက္ေန႔မွာေတာ့ သံပုန္းတီး၊ ပန္းသပိတ္လုပ္ဖို႔ကို လူမႈကြန္ယက္ကေနတဆင့္ တိုက္တြန္းေနၾကပါတယ္။ မုံ႐ြာတကၠသိုလ္ ေက်ာင္းသားသမဂၢ ဥကၠ႒ ကိုသန္းေက်ာ္ဦးက အေထြေထြသပိတ္ ေပါင္းစပ္ညႇိႏႈိင္းေရး အင္အားစု GSCB ရဲ႕ ေတာ္လွန္သၾကၤန္ အစီအစဥ္ေတြအတိုင္းလုပ္သြားမယ္လို႔ ေျပာပါတယ္။

"မုံ႐ြာမွာကေတာ့ က်ေနာ္တို႔ ဒီႏွစ္ေတာ္လွန္သၾကၤန္ကို သၾကၤန္ကာလအတြင္းမွာ က်ေနာ္တို႔ေခၚထားတဲ့ သပိတ္ Call ေတြ ရွိတယ္ေပါ့ေလ။ ျပည္သူလူထုအေနနဲ႔ ဒီေတာ္လွန္သၾကၤန္မွာ ပူးေပါင္းပါဝင္ႏိုင္တဲ့ အစီအစဥ္ေတြ အားလုံးရွိပါတယ္။ အဲဒီအစီအစဥ္က GSCB ကေန သပိတ္ေခါင္းေဆာင္ေတြ အားလုံးေပါင္းစုၿပီးေတာ့ ဆုံးျဖတ္ထားတဲ့ ဆုံးျဖတ္ခ်က္တခုပါ။ အဲဒီဆုံးျဖတ္ခ်က္အတိုင္းပဲ က်ေနာ္တို႔ေတြ ပုံေဖာ္သြားမွာျဖစ္ပါတယ္။ ဒီ အႀကိဳ၊ အက်၊ အၾကတ္၊ အတက္၊ ႏွစ္ဆန္းတရက္ေန႔ေပါ့။ ဒီ ၅ ရက္လုံးကို ျပည္သူေတြ ေတာ္လွန္တဲ့ပုံစံအမ်ိဳးမ်ိဳးနဲ႔ ပူးေပါင္းပါဝင္လို႔ရေအာင္ က်ေနာ္တို႔ စီစဥ္ထားပါတယ္ဗ်။"

အခုလို စစ္အာဏာ႐ွင္ေတြ ျဖစ္ေစခ်င္သလို ေပ်ာ္ပါး စည္ကားေနတယ္ဆိုတာမ်ဳိး မျဖစ္ေအာင္ ေ႐ွာင္ဖုိ႔ တုိက္တြန္းမႈေတြ ႐ွိေနတဲ့ တခ်ိန္ထဲမွာပဲ သႀကၤန္ကာလမွာ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အပန္းေျဖခရီးသြားေနၾကသူေတြလည္း႐ွိပါတယ္။ ခရီးသြားေတြ အသြားမ်ားတ့ဲေနရာေတြ ပင္လယ္ကမ္းေျခေတြမွာ ဧည့္သည္ေတြျပည့္ေနတယ္လို႔ ဟိုတယ္ဝန္ထမ္းတခ်ဳိ႕က ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕က နာမည္ႀကီးဟိုတယ္တခ်ိဳ႕နဲ႔ ဘားနဲ႔ ကလပ္ေတြမွာလည္း သၾကၤန္ပြဲေတာ္ကို သီးသန္႔အစီအစဥ္ေတြ လုပ္ဖို႔ ေၾကာ္ျငာထားၾကပါတယ္။

စစ္အာဏာ႐ွင္ဆန္႔က်င္ေနၾကသူေတြကေတာ့ ႏိုင္ငံအေရးအတြက္ အားလံုးပူးေပါင္းသင့္တယ္လို႔ ခုလုိေျပာပါတယ္။

"ဒီေတာ္လွန္ေရးက ငါတို႔နဲ႔မဆိုင္ဘူး။ ဘယ္သူပဲအုပ္ခ်ဳပ္ အုပ္ခ်ဳပ္ တက္လာတဲ့အစိုးရက ငါတို႔အစိုးရ၊ တက္လာတဲ့အာဏာရွင္ ငါတို႔အာဏာရွင္၊ တက္လာတဲ့အုပ္ခ်ဳပ္သူ ငါတို႔အုပ္ခ်ဳပ္သူ ဆိုၿပီးေတာ့ က်ေနာ္တို႔ ပုံေသသတ္မွတ္ထားလို႔ မရပါဘူး။ က်ေနာ္တို႔က ျမန္မာႏိုင္ငံမွာေနတယ္။ ဒီႏိုင္ငံမွာ က်ေနာ္တို႔ ကိုယ္က်ိဳးအတြက္လည္း ၾကည့္လို႔မရဘူး။ ကိုယ့္ရဲ႕လူ႔အဖြဲ႕အစည္းတခု ေကာင္းစားေရး၊ ကိုယ့္ရဲ႕ႏိုင္ငံ ေကာင္းစားေရး၊ ႏိုင္ငံတႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးေတြကို ၾကည့္ၿပီးေတာ့မွ က်ေနာ္တို႔က မွန္တဲ့ထင္တဲ့စနစ္တခုကို မွန္မွန္ကန္ကန္ ေလွ်ာက္လွမ္းရဲရမွာ ျဖစ္ပါတယ္။ အခု က်ေနာ္တို႔ အာဏာရွင္စနစ္ဆိုးႀကီးထဲမွာ က်ေရာက္ေနတဲ့ အခါမွာ အာဏာရွင္စနစ္ကို သာယာၿပီးေတာ့ ေပ်ာ္႐ႊင္ေနတဲ့ မိဘျပည္သူေတြအေနနဲ႔လည္း အမွားကို အမွန္ျပင္ႏိုင္ၿပီးတဲ့ အခါမွာ ဓမၼဘက္မွာ ရပ္တည္ေနတဲ့ျပည္သူလူထုနဲ႔ အတူ ရဲရဲဝံ့ဝံ့ပူးေပါင္း ေဆာင္႐ြက္ၿပီးေတာ့ ဒီေတာ္လွန္ေရးကို အရွိန္အဟုန္ျမႇင့္ ပူးေပါင္းပါဝင္ေပးပါလို႔ တိုက္တြန္းႏႈိးေဆာ္ခ်င္ပါတယ္။"

Digital စင္ျမင့္ေပၚက ေတာ္လွန္သံခ်ပ္ေတြကိုလည္း ေတာ္လွန္သၾကၤန္သံခ်ပ္အဖဲြ႔ေတြက သံခ်ပ္ထိုးထားၾကပါတယ္။ စစ္အာဏာသိမ္းခဲ့တဲ ပထမႏွစ္ မႏွစ္တုန္းကလည္း အတာအိုးသပိတ္၊ ေသြးမတိတ္သပိတ္၊ မုန႔္လုံးေရေပၚသပိတ္၊ ဝမ္းနည္းျခင္းသပိတ္၊ ဆုေတာင္းသပိတ္ ဒီလိုပုံစံမ်ိဳးစုံနဲ႔ သၾကၤန္အႀကိဳေန႔ကေန ႏွစ္ဆန္း ၁ ရက္ေန႔အထိ ကိုယ့္နည္း ကိုယ့္ဟန္နဲ႔ ဆန္႔က်င္ခဲ့သူေတြ ေတာ္ေတာ္မ်ားမ်ား႐ွိခဲ့ပါတယ္။

၂၀၂၂ ျမန္မာသႀကၤန္ပဲြေတာ္ အလားအလာ
please wait

No media source currently available

0:00 0:04:01 0:00
တိုက္႐ိုက္ လင့္ခ္

= = = = = = = =

{{ UNICODE }}

၂၀၂၂ မြန်မာသင်္ကြန်ပွဲတော် အလားအလာ

၂၀၂၂ ခုနှစ် သင်္ကြန်ပွဲတော်အတွက် တချို့နေရာတွေမှာ သင်္ကြန်ပွဲတွေ စလုပ်နေကြပါပြီ။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ရော အိုးအိမ်ပြစ် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို စာနာတဲ့အနေနဲ့ပါ သင်္ကြန်ပွဲတွေမှာ ပါဝင်ဆင်နွဲခြင်း မလုပ်ကြနဲ့လို့ စည်းရုံးလှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်မိုးကျော်ကတင်ပြပါမယ်။

၂၀၂၂ ခုနှစ်သင်္ကြန်ကို ပြန်ပြီး စည်စည်ကားကား ကျင်းပနိုင်အောင် စစ်ကောင်စီက ပြင်ဆင်ထားပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့တွေမှာ သင်္ကြန်မဏ္ဍုပ်တွေဆောက်လုပ်ထားပါတယ်။ ရန်ကုန်မြို့က တချို့နေရာတွေမှာလည်း သင်္ကြန်မဏ္ဍုပ်တွေထိုးပြီး ရေကစားကြဖို့ စိုင်းပြင်းနေကြပါတယ်။ ဒါပေမဲ့ ပြည်သူအများစုကတော့ စစ်အာဏာသိမ်းထားချိန်ဖြစ်သလို၊ လုံခြုံရေးအရလည်း စိတ်မချရတဲ့အတွက် ဒီနှစ်လည်း သင်္ကြန်ကို ဆင်နွဲမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ မြောက်ဒဂုံမြို့နယ်မှာ နေသူတယောက်က သူ့ရဲ့ သဘောထားကို ခုလိုပြောပါတယ်။

"တချို့က အလုပ်တွေပိတ်တယ်။ တချို့က အလုပ်မဆင်းရဘူး။ အဲဒီအတွက် စားရေးသောက်ရေးတွေနဲ့ ဆိုတော့ ဒီပျော်ပွဲရွှင်ပွဲ ဆိုတာ ဘယ်လိုသွားလှည့်ကြည့်မလဲကွယ်။ ဒါ တဦးတည်းအမြင် မဟုတ်ဘူးနော်။ လက်ရှိအားလုံးက တွေ့ကြုံနေရတဲ့ အတွေ့အကြုံပဲ။"

သင်္ကြန်ကာလဖြစ်ပေမဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေရှိနေပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲက မြို့နယ်တော်တော်များများမှာလည်း စစ်တပ်က နယ်မြေရှင်းလင်းမှုတွေလုပ်နေတာမှာ၊ ဒေသခံတွေ ဖမ်းဆီး၊ သတ်ဖြတ်ခံရတာတွေရှိသလို နေအိမ်တွေလည်း ရာနဲ့ချီ မီးရှို့ခံနေရပါတယ်။ အစဉ်အလာအားဖြင့် သင်္ကြန်တွင်း အလှူအတန်း၊ ကုသိုလ်ကောင်းမှုလုပ်ကြလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ဒုက္ခအစုံနဲ့ ဖြတ်သန်းနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။ စစ်တပ်နယ်မြေရှင်းလင်းစဉ် နေအိမ် မီးရှို့ခံရတဲ့ မကွေးတိုင်း ဒေသခံတယောက်က ဒီနှစ်သူဖြတ်သန်းနေရတဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။

"ရွာမှာလည်း အခု ဒီနှစ်ကတော့ ကျနော်တို့လည်း ကုသိုလ်ကောင်းမှုတော့ လုပ်ချင်တာပေါ့။ လုပ်ချင်ပေမယ့် အစက နိုင်ငံရေးက မကောင်းတော့ လုပ်ဖို့အင်အားမရှိပါဘူးဆိုမှ အခု ရွာမီးရှို့တော့ အိမ်တွေဘာတွေကလည်း မရှိတော့ဘူး။ ဆိုတော့ ပိုလို့မလုပ်နိုင်တော့ဘူးပေါ့ဗျာ။ စိတ်သာရှိတော့တာ၊ အလှူအတန်းလုပ်ချင်လည်း မလုပ်နိုင်တော့ဘူးပေါ့။"

စစ်အာဏာသိမ်းထားချိန်ဖြစ်လို့ သင်္ကြန်ရက်တွေအတွင်း၊ ကိုယ်တတ်နိုင်တဲ့ ပုံစံအမျိုးမျိုးနဲ့ သပိတ်မှောက် ဆန့်ကျင်ကြဖို့ စစ်အာဏာရှင် ဆန့်ကျင်သူတွေက ဆော်သြတိုက်တွန်းနေကြပါတယ်။ အကြိုနဲ့ အကျနေ့တွေမှာ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူတွေနဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ကူညီပံ့ပိုးတဲ့ အွန်လိုင်းလှုပ်ရှားမှု၊ အကြတ်နဲ့ အတက်နေ့တွေမှာ CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်သူတွေကို ထောက်ပံ့ကူညီ အားပေးမယ့်အစီအစဉ်၊ နှစ်ဆန်း ၁ ရက်နေ့မှာတော့ သံပုန်းတီး၊ ပန်းသပိတ်လုပ်ဖို့ကို လူမှုကွန်ယက်ကနေတဆင့် တိုက်တွန်းနေကြပါတယ်။ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသန်းကျော်ဦးက အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ရဲ့ တော်လှန်သင်္ကြန် အစီအစဉ်တွေအတိုင်းလုပ်သွားမယ်လို့ ပြောပါတယ်။

"မုံရွာမှာကတော့ ကျနော်တို့ ဒီနှစ်တော်လှန်သင်္ကြန်ကို သင်္ကြန်ကာလအတွင်းမှာ ကျနော်တို့ခေါ်ထားတဲ့ သပိတ် Call တွေ ရှိတယ်ပေါ့လေ။ ပြည်သူလူထုအနေနဲ့ ဒီတော်လှန်သင်္ကြန်မှာ ပူးပေါင်းပါဝင်နိုင်တဲ့ အစီအစဉ်တွေ အားလုံးရှိပါတယ်။ အဲဒီအစီအစဉ်က GSCB ကနေ သပိတ်ခေါင်းဆောင်တွေ အားလုံးပေါင်းစုပြီးတော့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တခုပါ။ အဲဒီဆုံးဖြတ်ချက်အတိုင်းပဲ ကျနော်တို့တွေ ပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီ အကြို၊ အကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်းတရက်နေ့ပေါ့။ ဒီ ၅ ရက်လုံးကို ပြည်သူတွေ တော်လှန်တဲ့ပုံစံအမျိုးမျိုးနဲ့ ပူးပေါင်းပါဝင်လို့ရအောင် ကျနော်တို့ စီစဉ်ထားပါတယ်ဗျ။"

အခုလို စစ်အာဏာရှင်တွေ ဖြစ်စေချင်သလို ပျော်ပါး စည်ကားနေတယ်ဆိုတာမျိုး မဖြစ်အောင် ရှောင်ဖို့ တိုက်တွန်းမှုတွေ ရှိနေတဲ့ တချိန်ထဲမှာပဲ သင်္ကြန်ကာလမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အပန်းဖြေခရီးသွားနေကြသူတွေလည်းရှိပါတယ်။ ခရီးသွားတွေ အသွားများတဲ့နေရာတွေ ပင်လယ်ကမ်းခြေတွေမှာ ဧည့်သည်တွေပြည့်နေတယ်လို့ ဟိုတယ်ဝန်ထမ်းတချို့က ပြောပါတယ်။ ရန်ကုန်မြို့က နာမည်ကြီးဟိုတယ်တချို့နဲ့ ဘားနဲ့ ကလပ်တွေမှာလည်း သင်္ကြန်ပွဲတော်ကို သီးသန့်အစီအစဉ်တွေ လုပ်ဖို့ ကြော်ငြာထားကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်နေကြသူတွေကတော့ နိုင်ငံအရေးအတွက် အားလုံးပူးပေါင်းသင့်တယ်လို့ ခုလိုပြောပါတယ်။

"ဒီတော်လှန်ရေးက ငါတို့နဲ့မဆိုင်ဘူး။ ဘယ်သူပဲအုပ်ချုပ် အုပ်ချုပ် တက်လာတဲ့အစိုးရက ငါတို့အစိုးရ၊ တက်လာတဲ့အာဏာရှင် ငါတို့အာဏာရှင်၊ တက်လာတဲ့အုပ်ချုပ်သူ ငါတို့အုပ်ချုပ်သူ ဆိုပြီးတော့ ကျနော်တို့ ပုံသေသတ်မှတ်ထားလို့ မရပါဘူး။ ကျနော်တို့က မြန်မာနိုင်ငံမှာနေတယ်။ ဒီနိုင်ငံမှာ ကျနော်တို့ ကိုယ်ကျိုးအတွက်လည်း ကြည့်လို့မရဘူး။ ကိုယ့်ရဲ့လူ့အဖွဲ့အစည်းတခု ကောင်းစားရေး၊ ကိုယ့်ရဲ့နိုင်ငံ ကောင်းစားရေး၊ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ကြည့်ပြီးတော့မှ ကျနော်တို့က မှန်တဲ့ထင်တဲ့စနစ်တခုကို မှန်မှန်ကန်ကန် လျှောက်လှမ်းရဲရမှာ ဖြစ်ပါတယ်။ အခု ကျနော်တို့ အာဏာရှင်စနစ်ဆိုးကြီးထဲမှာ ကျရောက်နေတဲ့ အခါမှာ အာဏာရှင်စနစ်ကို သာယာပြီးတော့ ပျော်ရွှင်နေတဲ့ မိဘပြည်သူတွေအနေနဲ့လည်း အမှားကို အမှန်ပြင်နိုင်ပြီးတဲ့ အခါမှာ ဓမ္မဘက်မှာ ရပ်တည်နေတဲ့ပြည်သူလူထုနဲ့ အတူ ရဲရဲဝံ့ဝံ့ပူးပေါင်း ဆောင်ရွက်ပြီးတော့ ဒီတော်လှန်ရေးကို အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ပေးပါလို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။"

Digital စင်မြင့်ပေါ်က တော်လှန်သံချပ်တွေကိုလည်း တော်လှန်သင်္ကြန်သံချပ်အဖွဲ့တွေက သံချပ်ထိုးထားကြပါတယ်။ စစ်အာဏာသိမ်းခဲ့တဲ ပထမနှစ် မနှစ်တုန်းကလည်း အတာအိုးသပိတ်၊ သွေးမတိတ်သပိတ်၊ မုန့်လုံးရေပေါ်သပိတ်၊ ဝမ်းနည်းခြင်းသပိတ်၊ ဆုတောင်းသပိတ် ဒီလိုပုံစံမျိုးစုံနဲ့ သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်း ၁ ရက်နေ့အထိ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆန့်ကျင်ခဲ့သူတွေ တော်တော်များများရှိခဲ့ပါတယ်။

XS
SM
MD
LG